အခန်း (795)

811 155 1
                                    

လူသားသစ္စာ ၅၇ ပြီးပါပြီ

အခန်း (၇၉၅) :  သွေစောင်း အာကာပြင် ပင်လယ်ကျွန်း

ဟူချွန်းချွန်းက ဦးဆောင်ကာ  ကျင်းထျဲဟယ်နှင့် မိုဝူကျိတို့က နောက်မှ လိုက်ပါသွားကြပြီး ယွမ်မိုက နောက်ဆုံးမှ ဖြစ်သည်။ လေးယောက်သား ပျံသန်းရေး ရတနာများကို မထုတ်ဘဲ မြေပေါ်၌ သွားလာနေခြင်းသာ ဖြစ်၏။

ဟူချွန်းချွန်းပင် ဖြစ်စေ၊ ကျင်းထျဲဟယ်ပင် ဖြစ်စေ သူတို့၏ အမြန်နှုန်းမှာ အတော်လေး အံ့ဩဖို့ ကောင်းပြီး လျှပ်စီးအလား မြန်ဆန်ကြပေသည်။

ဟူချွန်းချွန်းက အရမ်းမြန်မြန် သွားနေသည့် အကြောင်းအရင်းမှာ မိုဝူကျိ၏ အမြန်နှုန်းမှာ အင်အားနှင့် အငွေ့အသက်များကဲ့သို့ အံ့ဩဖို့ ကောင်းလားဟု သိချင်၍ ဖြစ်သည်။ အမွေးတိုင်တစ်ဝက်စာလောက် သွားလာပြီးနောက် ဟူချွန်းချွန်း၊ ကျင်းထျဲဟယ်နှင့် ယွမ်မိုတို့ပင် အံ့အားသင့်ကုန်ကြသည်။

သူတို့က အရှိန်နှေးသည် ဖြစ်စေ၊ မြန်လိုက်သည် ဖြစ်စေ၊ ကုန်းမြင့်ကို ဖြတ်ဖြတ်၊ ရေကို ဖြတ်ဖြတ် မိုဝူကျိက ဘာမှအားစိုက်မထုတ်ရဘဲ လိုက်ပါလာနိုင်ဟန် ပေါက်နေသည်။

သူတို့အမြန်နှုန်းမှာ   ပျံသန်းရေး ရတနာကို ထုတ်မသုံးသရွေ့ မိုဝူကျိနှင့် လက်ရည်တူ ဖြစ်မည် မဟုတ်ပေ။ ထိုစဉ် ဟူချွန်းချွန်းက မိုဝူကျိသည် လူသားမျိုးနွယ် မဟုတ်ဘဲ မိစ္ဆာမျိုးနွယ်များလားဟု သံသယဝင်လာမိသည်။ မိစ္ဆာမျိုးနွယ်များမှာ အမြန်နှုန်း၌ အတော်လေး အာရုံခံနိုင်စွမ်း ရှိကြသူများ ဖြစ်ပေသည်။

“ တာအိုရောင်းရင်းယွမ် … ကျုပ် အရင်တစ်ခါ တိုက်ပွဲဖြစ်တုန်းက ကြေကွဲမြို့ဟောင်းမြေပုံ ပါတဲ့ လက်စွပ်ကို ဖျက်စီးမိသွားတယ်။ ခင်ဗျားဆီမှာ ကြေကွဲမြို့ဟောင်းမြေပုံ ရှိရင် ကျုပ်ကို ပုံတူပွားပေးလို့ ရမလား ” မိုဝူကျိက သူ့နောက်မှ ပါလာသော ယွမ်မိုကို တီးတိုးပြောလိုက်သည်။

“ ကြေကွဲမြို့ဟောင်းရဲ့ မြေပုံလား ” ယွမ်မိုက မဖြေခင် မေးခွန်းထပ်မေးလိုက်ပြီး  “ ကျုပ်က ကြေကွဲမြို့ဟောင်းကို တစ်ခါမှမရောက်ဖူးတော့ မြေပုံက မရှိဘူးဗျာ ”

လူသားသစ္စာ (701-900)Where stories live. Discover now