အခန်း (726)

777 130 2
                                    

လူသားသစ္စာ 53

အခန်း (၇၂၆) : အကူအညီတောင်းခံခြင်း

" ဟုတ်ပါတယ် ... ကောင်းကင်ဧကရာဇ်က သူ့တာအိုကို အကျိုးအကြောင်း သဘောပေါက်သွားတာနဲ့ ကျုပ်တို့က ဒီကို လာပြီး ဖိတ်ကြားလွှာ လာပို့တာပါ " ဝေရှင်းက လေးလေးစားစား ပြောလိုက်သည်။

မိုဝူကျိက မထူးမခြားနား‌ ပြောလိုက်သည် " အဲဆို သူက အင်မော်တယ်ဧကရာဇ် အဆင့် ရောက်သွားပြီပေါ့ ... "

စကားတစ်ဝက်မျှသာ ပြောလိုက်ပြီးနောက် မိုဝူကျိ၏ ပုဆိန်လှံရှည်မှာ လခြမ်းကွေး ပုဆိန်လှံရှည် အလင်းတန်းအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုပုဆိန်လှံရှည် အလင်းတန်းမှ ထွက်ပေါ်လာသော သတ်ဖြတ်ငွေ့များက ထိုအင်မော်တယ်ဘုရင် သုံးယောက်အား ဝန်းရံထားလေ၏။

မိုဝူကျိ၏ သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်နှင့် အင်မော်တယ်ဘုရင် သုံးယောက်လုံး ခံစားမိလိုက်ကြသည်။ သူတို့က ချက်ချင်း ထွက်ပြေးဖို့ရာ ကြိုးစားလိုက်ကြသည်။

အကယ်၍ မိုဝူကျိက မဟာလော့ရှန်းအဆင့်မျှသာ ဖြစ်နေသေးပါက သူက တစ်ယောက်ကိုသာ ချုပ်ထိန်းထားနိုင်မည် ဖြစ်၏။ သို့သော် ယခုကား အင်မော်တယ်ဘုရင်အဆင့်ထိ တက်လှမ်းပြီးသွားလေရာ သူ့အင်အားမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာသည်။ ပုဆိန်လှံရှည်အလင်း ထွက်ပေါ်လာသည်နှင့် မိုဝူကျိက သူတို့ဘေးပတ်လည်ကို အာကာပြင် ချုပ်နှောင်မှု ထုတ်သုံးထားလိုက်သည်။

ထိုစဉ် အင်မော်တယ်ဘုရင် သုံးယောက်လုံးမှာ မိုဝူကျိ၏ ချုပ်နှောင်မှုကို ခံနေရသည်။ အသက်တစ်ရှိုက်စာမျှ ဖြစ်သော်လည်း ထိုအချိန်တိုလေးမှာ မိုဝူကျိက သူတို့သုံးယောက်ကို အကြိမ်ကြိမ် အခါခါ သတ်ပစ်ဖို့ရာ လုံလောက်ပေသည်။

" ဖူး ဖူး " သွေးမြူနှစ်ခု ထွက်ပေါ်လာကာ မိုဝူကျိလက်ထဲ သိုလှောင်လက်စွပ် နှစ်ကွင်း ပြုတ်ကျလာသည်။

အသက်ရှင်ကျန်ရစ်သော အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူက အသက်မဲ့နေသော အလောင်းနှစ်လောင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။ ထိုအလောင်းများတွင် ကမ္ဘာဦး စိတ်ဝိညာဉ်များပင် မကျန်ရစ်ပေ။ အချိန်ကြာပြီးမှ သူက အသိပြန်ဝင်ကာ တုန်တုန်ယင်ယင်ဖြင့် " စီနီယာ .... "

လူသားသစ္စာ (701-900)Where stories live. Discover now