အခန်း (893) book 64 End

761 175 5
                                    

အခန်း (၈၉၃) : ကူချိုက်၏ တောင်းဆိုမှု

မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁ သို့ ရောက်လာပြီး အရမ်းကို ခံစားချက် ကောင်းနေသည်။ သူက သူ့အင်အား အသစ်ကို စမ်းသပ်ကြည့်ဖို့ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ချင်မိလာသည်။ ထို့အပြင် သူက လျို့ဝှက်တိုက်ကွက်အမျိုးမျိုးကိုလည်း ထုတ်စမ်းကြည့်ချင်မိ၏။ သူ့စည်းမျည်းများက အားကောင်းလာပြီးသည့်နောက်တွင် သူ့လျို့ဝှက်တိုက်ကွက်များ၏ အင်အားမှာလည်း သိသိသာသာ တိုးတက်လာလိမ့်မည်။

ထိုစဉ် အပြင်ဘက်မှ မိုးကြိုးသံများကို ကြားလိုက်ရ၏။ မိုးကြိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသံများက နားကွဲလုမတတ် ကျယ်လောင်လေရာ မိုးမြေစည်းမျည်းများပင် မငြိမ်မသက် ဖြစ်လာရသည်။ တစ်ယောက်ယောက်က မိုးကြိုးစမ်းသပ်ချက် ခံယူနေသည်မှာ သိသာလှ၏။ ထို့အပြင် ထိုလူက အရမ်းအားကောင်းပေသည်။ မိုဝူကျိက ထိုလူသည် သူပင် မခန့်မှန်းနိုင်လောက်သည့်အထိ အားကောင်းကြောင်း မှန်းဆမိလိုက်၏။

ကနဦး နတ်ဘုရားအဆင့် ရောက်ရှိပြီးနောက် မိုဝူကျိ၏ ကျင့်ကြံနှုန်းမှာ နှေးကျသွားလေ၏။ ယခု တစ်ယောက်ယောက်က ကောင်းကင်လူသားဂိုဏ်း၌ မိုးကြိုးစမ်းသပ်ချက် ခံယူနေလေရာ မိုဝူကျိအနေနှင့် ဆက်လက် ကျင့်ကြံဖို့ရာ စိတ်ဓာတ်တက်ကြွမှု မရှိတော့ပေ။ မိုဝူကျိက သူ့ပစ္စည်းများကို သိမ်းဆည်းပြီးသည်နှင့် အစီအရင်အလံများကို သိမ်းကာ ကာကွယ်ရေး အစီအရင်ကို ဖွင့်လိုက်သည်။

မိုဝူကျိက သူ့ဉယျာဉ်ငယ်လေးမှ မထွက်လာခင် ပိန်ပါးပါး ပုံရိပ်လေးက သူ့ဆီ ပြေးလာနေသည်ကို မြင်လိုက်ရ၏။

" ဂျုနီယာညီမ ကူချိုက်လား " မိုဝူကျိက ရောက်လာသည့် မိန်းကလေးကို သိချင်စွာ ကြည့်လိုက်သည်။ ကူချိုက်သည် အာဟာရ ပြတ်လပ်နေသည့်ဟန် ပေါ်ကာ သူမ ဆံပင်များမှာ ပါးလွှာနေရုံသာမက ဝါကျင့်ကျင့် ဖြစ်နေသည်။

ကောင်းကင်လူသားဂိုဏ်း၌ မိုဝူကျိက ကူချိုက်တစ်ယောက်တည်းအပေါ်သာ ဝါစဉ်ကြီး စီနီယာ တစ်ဦး ဖြစ်လေသည်။ ဝေကျဲ ခေါ်ဆောင်လာသည့် တပည့်ခြောက်ယောက်အနက် ကျန်လေးယောက်မှာ မိုဝူကျိ၏ ဝါစဉ်ကြီး အစ်ကို၊ အစ်မများ ဖြစ်ကြပြီး ကူချိုက်တစ်ဦးတည်းသာ သူ့ထက် ဝါစဉ်ငယ်ပေသည်။ သူမကို နောက်ဆုံးမှ ခေါ်ဆောင်လာသည့်အတွက် မိုဝူကျိ၏ ဂျုနီယာညီမလေးဟု သတ်မှတ်၍ ရပေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now