အခန်း (876)

736 140 7
                                    

အခန်း (၈၇၆)  :  နတ်ဘုရားဘုရင် ကျီတင်း

အားလှိုင်းကြီး တစ်ခုက မိုဝူကျိအား ဆွဲခေါ်သွားလေ၏။ ထိုစုတ်ဖြဲနေသည့် အင်အားက မိုဝူကျိအား အန္တရာယ် မဖြစ်စေနိုင်သော်လည်း မိုဝူကျိက အရမ်း စိုးရိမ်နေမိသည်။ သူက ထိုအင်အားလှိုင်းကြောင့် အင်မော်တယ်လောကမှ ထွက်သွားရမည်ကို စိုးရိမ်နေမိ၏။

တျန်းဂျီ နယ်မြေ ပြိုကျပျက်စီးသွားစဉ် ပေါက်ကွဲမှုအတွင်း အက်ကြောင်းတစ်ခုက အာကာပြင်ထဲ ဖြစ်လာမည်ဆိုလျှင်ပင် ထူးဆန်းမည် မဟုတ်ပေ။

အစပိုင်းတွင် မိုဝူကျိက ထိုအင်အားလှိုင်းများကို မခုခံပေ။ သူက လော့ကျမ်းစာရွက်နှင့်သာ ကာကွယ်ထားပြီး သူ့ဘာသာ ပြန်လည် ပျောက်ကင်းစေဖို့ရာသာ အားစိုက်ထုတ်ထား၏။ သူ့ဒဏ်ရာများအပြင် ဤသို့ သူ လုပ်လိုက်သည့် အကြောင်းအရင်းမှာ ယူကျန်းနာ သူ့နောက် လိုက်မလာစေရန် ဖြစ်၏။

ရက်များစွာ ကုန်လွန်သွားလေ၏။ မိုဝူကျိ၏ ဒဏ်ရာများမှာလည်း အပြည့်အဝ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ကာ ယူကျန်းနောက်က သူ့နောက် လိုက်လာသည့် လက္ခဏာရပ်မျိုးလည်း မရှိပေ။ ဤအချိန် မိုဝူကျိက သူ့စွမ်းအားစက်ကွင်းကို ထုတ်လွှင့်ကာ ဘေးပတ်လည်ကို တစ်ချက် ကြည့်ကြည့်လိုက်သည်။

မကြာခင် သူက စွမ်းအားစက်ကွင်းကို မထုတ်နိုင်သေးကြောင်း သတိထားမိသွားသည်။ ထို့အပြင် သူ့စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားတို့က သူ့ခန္ဓာကိုယ် ဘေးပတ်လည်၌ ရစ်ဝဲနေသည်။ အင်အားလှိုင်းက အားနည်းမသွားဘဲ ပို၍ ပြင်းထန်လာလေ၏။

မိုဝူကျိကို ပို၍ စိုးရိမ်စေသည်က သူ့နောက်ခြေတွင် အဆုံးမဲ့ မြေဆွဲအားတစ်ခု ရှိနေဟန် ပေါ်၏။ လေထုထဲရှိ အင်အားလှိုင်းကိုပါ ထည့်တွက်လိုက်လျှင် သူက နောက်သို့ ဆက်တိုက် ကျဆင်းနေသည်။

အစပိုင်းတွင် မိုဝူကျိက သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ကာကွယ်ထားပြီး သူ့ဘာသာ  လမ်းကြောင်း တည့်မတ်ပေးဖို လှုပ်ရှားကူညီပေးနိုင်သော်လည်း တစ်လအကြာတွင် မိုဝူကျိက သူ့ကိုယ်သူ ကာကွယ်ရုံမှအပ ဘာမှ မလုပ်နိုင်တော့ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now