အခန်း (747)

770 130 0
                                    

အခန်း  (၇၄၇)  :  စကြဝဠာနံရံကြီး

မိုဝူကျိက သိုလှောင်လက်စွပ် နှစ်ကွင်း မြန်မြန် ယူကာ လော့စီနောက်မှ လိုက်သွားလိုက်သည်။

လော့စီက အရမ်းမြန်ဆန်ပေ၏။ နေ့တစ်ဝက်အတွင်း သူမက မိုဝူကျိကို လူစည်ကားသော မြို့လေးဆီ ခေါ်သွားသည်။ မြို့အပြင်ဘက်၌ စာလုံးကြီးတချို့ ရေးထွင်းထားကာ “ ကောင်းကင်ဘုံအလွန် မြို့ငယ် ”

သူမက မြို့ထဲ မဝင်ခင် လော့စီက အနက်အဝတ်ကို ထုတ်ကာ သူမ မျက်နှာအား ကာထားလိုက်၏။ သူမက သူမ သွင်ပြင်မှာ ဒုက္ခတွေ့နိုင်ကြောင်း သိထားဟန် ပေါ်သည်။

မိုဝူကျိက မြို့ပြင်နှင့် မြို့ထဲ လူတန်းကြီးကို တွေ့သောအခါ အံ့အားသင့်မိသွားသည်။ ထိုလူများကား  နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ်နှင့် အမည်မသိ မျိုးနွယ်များပင် ပါဝင်နေကြောင်း တွေ့လိုက်ရ၍ ဖြစ်သည်။

သူက လော့စီအား မမေးမြန်းနိုင်ခင် မူလက စကားများနေကြဟန် ပေါ်သော ကျင့်ကြံသူနှစ်ယောက်က စတင် တိုက်ခိုက်ကြတော့သည်။ အားလုံးက လမ်းဖယ်ပေးလိုက်ကြ၏။ မကြာခင် လူသားမျိုးနွယ် ကျင့်ကြံသူက အသတ်ခံလိုက်ရသည်။ တခြားကျင့်ကြံသူမှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်ပြီး လူသားမျိုးနွယ်၏ သိုလှောင်လက်စွပ်ကို ကောက်ယူကာ ထွက်သွားလေ၏။

ဖြစ်စဉ် တစ်ခုလုံး၌ မည်သူကမှ ရှေ့ထွက်ပြီး သူတို့အား မတားဆီးကြသလို မည်သူကမှ ဂရုစိုက်ကြဟန် မပေါ်ပေ။

“ လော့စီ … ငါက ကောင်းကင်ဘုံ နယ်နမိတ်အလွန်ကို လာလို့ မရဘူးဆို …. အခုက ဘာအဓိပ္ပါယ်လဲ။ ဒီမြို့ကရော ဘာလဲ။ ပြီးတော့ မျိုးနွယ်စုတွေ အစုံရှိနေရတာလဲ ” မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်သည်။

လော့စီက စိတ်ထဲ ထားဟန်မပေါ်ဘဲ ဆက်လျှောက်လှမ်းသွားလေ၏။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်

“ ရှင့်ကို လူသားမျိုးနွယ်စု ပိုင်နက်နဲ့ မိစ္ဆာမျိုးနွယ် ပိုင်နက်တွေ သွားလို့ မရဘူးလို့ ပြောခဲ့တာလေ။ ဒါက ကောင်းကင်ဘုံအလွန်မြို့လေ။ ရှင်က ဘယ်မျိုးနွယ်ပဲ ဖြစ်ဖြစ် ဒီကို လာလို့ ရတယ်။ ဒီကို လာကြတဲ့သူတိုင်းက ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ အလဲအလှယ် လုပ်ကြဖို့ …. စောစောလေးက တိုက်နေကြတဲ့ နှစ်ယောက်ကို မြင်လား။ သူတို့က အလဲအလှယ်လုပ်တုန်း ညှိမရကြလို့ပဲ … ”

လူသားသစ္စာ (701-900)Where stories live. Discover now