အခန်း (898)

710 152 1
                                    

အခန်း (၈၉၈) : မနှစ်မြို့ဖွယ် ဧည့်သည်များ

အမှန်အတိုင်းဆိုရလျှင် ကောင်းကင်အင်မော်တယ်ဂိုဏ်းက အမြဲ တည်ရှိနေခဲ့သော်လည်း မည်သူကမှ ဂိုဏ်းကို ဂရုမစိုက်ခဲ့ချေ။ အခြားသူများ၏ မျက်လုံးထဲ၌ ဤဂိုဏ်း တည်ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အရေးမပါပေ။

ဤအကြောင်းအရင်းကြောင့် ဖန်းကျဲသည် ဂိုဏ်းပြန်လည် ဖွင့်လှစ်ခြင်းကို လုပ်ချင်ခဲ့သည်။ တစ်လပင် မရှိသေးခင် ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်း သတင်းသည် နတ်ဘုရားနယ်မြေ တစ်ဝက်ထိ ပျံ့နှံ့သွားပေသည်။

သတင်းများ လျင်လျင်မြန်မြန် ပျံ့နှံ့သွားရသည့် အဓိကအကြောင်းအရင်းမှာ နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင်တစ်ဦး ထွက်ပေါ်လာမှုကြောင့် ဖြစ်သည်။ ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားအား တစ်ရက်တည်း၌ ကျင်းပသွားမည် ဖြစ်သည်။

ဂိုဏ်းများစွာအပြင် နယ်လှည့်ကျင့်ကြံသူများသည် သတင်းများကြားသည့်အခါ ကောင်းကင်လူသားဂိုဏ်းသို့ အလျင်အမြန် ရောက်လာကြသည်။ နယ်လှည့်ကျင့်ကြံသူများက ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လာကြစဉ် ဂိုဏ်းအများစုသည် ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုရန် ရောက်လာကြသည်။

ယခု ကောင်းကင်လူသားဂိုဏ်းမှ နတ်ဘုရားဘုရင်တစ်ဦး ထွက်ပေါ်လာပြီ ဖြစ်ရာ အနာဂတ်တွင် ဂိုဏ်းသည် မည်မျှ ကြီးမြတ်သွားမည်ကို စိတ်ကူးဖြင့် တွေးကြည့်နိုင်လေ၏။ ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း မဖြစ်လာနိုင်လျှင်တောင် အနည်းဆုံး ပထမတန်းအဆင့် ဂိုဏ်း ဖြစ်လာပေလိမ့်မည်။

လက်ရှိအခြေအနေတွင် ကောင်းကင်လူသားဂိုဏ်း၌ တပည့်အနည်းငယ်သာ ရှိနေသောကြောင့် ယခုအချိန်၌ ဂိုဏ်းထဲသို့ ဝင်ခြင်းသည် ဂိုဏ်းထဲတွင် မြင့်မားသော အဆင့်တစ်နေရာ ရနိုင်ပေလိမ့်မည်။

…………..

မိုဝူကျိသည် ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ် ခန့်အပ်ခံထားရသောကြောင့် ဤဧည့်ကြိုတာဝန်မှာ သူ့တာဝန်လုံးလုံး ဖြစ်သွားသည်။ မိုဝူကျိပင် ကောင်းကင်လူသားဂိုဏ်းသို့ လူများစွာက ယနေ့ ရောက်လာကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။

လူသားသစ္စာ (701-900)Where stories live. Discover now