အခန်း (729)

791 122 1
                                    

အခန်း (၇၂၉)  :  မဟာဓားလမ်းစဉ်ဂိုဏ်း၏ မသိတတ်မှု

မိုဝူကျိက ပိုင်ယဲ့အား ကြည့်လိုက်သည်။ သူက ရှေ့ဖြစ်ကိန်း တာအိုကို မသိသော်လည်း မိုဝူကျိက ပိုင်ယဲ့တွင် လျို့ဝှက် ရည်ရွယ်ချက် တစ်ခုခု ရှိကြောင်း သံသယဝင်နေမိသည်။

ပိုင်ယဲ့က မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ရန်ကြွေးရှိသည်မှာ အမှန်ဖြစ်သော်လည်း မိုဝူကျိက ပိုင်ယဲ့တစ်ယောက် မဟာဓားလမ်းစဉ်ဂိုဏ်းကို ပူးပေါင်း၍ မရင်ဆိုင်ခင် သူတို့ကို စောင့်နေသည်က သံသယဖြစ်ဖွယ် ကောင်းလွန်းလှပေသည်။

မိုဝူကျိအနေနှင့် ပိုင်ယဲ့က မည်မျှဉာဏ်များ၍ အကြံအစည်ကြီးကြောင်း သိထားပေသည်။ အကယ်၍ သူက ဖင်းဖန်အင်မော်တယ် ကျောင်းတော်က မဟာဓားလမ်းစဉ်နှင့် တိုက်ခိုက်မည်မှန်း သိနေလျှင် အင်အားစုနှင့် သေချာပေါက် ပူးပေါင်းမည် မဟုတ်ပေ။ သူက ဘေးမှသာ ကြည့်နေပြီး ထွက်ပြေးလာသော တချို့လူများကိုသာ  တိုက်ခိုက်လိမ့်မည်။

ထိုအပြင် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ရောက်ရှိဖို့ရာ အချိန်ခဏမျှသာ လိုအပ်တော့သည်။ သူက ဤလက်စားချေခြင်း၌ ပါဝင်လိုလျှင်ပင် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် မတက်လှမ်းသေးဘဲ လုပ်စရာ မလိုပေ။

ထို့ကြောင့် ပိုင်ယဲ့ ရုတ်တရက် ပေါ်လာမှုက အနည်းငယ် ထူးဆန်းနေခြင်း ဖြစ်၏။

“ ကောင်းပြီလေ … အင်မော်တယ်ရောင်းရင်းပိုင်က ကျုပ်တို့နဲ့ ပူးပေါင်းပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းထုတ်ချင်တယ်ဆိုတော့ ဘာမှမလုပ်ခင် အရင်ဆုံး ပြောထားရဦးမယ်။ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ မဟာဧကရာဇ် ထွက်လာတာနဲ့ အင်မော်တယ်ရောင်းရင်းပိုင်က ဝင်မရှုပ်ဖို့ တောင်းဆိုချင်ပါတယ် …” မိုဝူကျိက ပိုင်ယဲ့၏ အကြံအစည်ကို မသိသော်လည်း ပိုင်ယဲ့သည် မဟာဓားလမ်းစဉ်ဂိုဏ်းကို ကူညီမည် မဟုတ်သောကြောင့်  သူ့ပူးပေါင်းမှုကား သူတို့အင်အားကို ပို၍ တိုးလာစေခြင်းသာ ဖြစ်၏။

“ ရတာပေါ့ …. မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းနေတုန်း ကျုပ် ပိုင်ယဲ့က ဂိုဏ်းချုပ်မိုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ် ” ပိုင်ယဲ့က တုံ့ဆိုင်းခြင်းမရှိ ကတိစကားဆိုလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now