အခန်း (830)

733 137 1
                                    

အခန်း (၈၃၀)  :  နယ်မြေအစစ်

“ အဆောင်သခင် …. ကျုပ်ကို ပြောပြပေးပါ။ ကောင်းတာ၊ ဆိုးတာကို ကျုပ် မိုဝူကျိလည်း ခွဲခြားနိုင်ပါတယ် ” မိုဝူကျိက တက်တက်ကြွကြွ ပြန်ဖြေပေးလိုက်သည်။

ကမ္ဘာကူးအဆောင်က သူ့အတွက် အလွန်အရေးကြီးနေလေရာ သူ့အနေနှင့် ကမ္ဘာမြေသို့ မပြန်နိုင်လျှင်ပင် အင်မော်တယ်လောကသို့ ပြန်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်၏။ အင်မော်တယ်လောကမှ အချိန်ကြာမြင့်စွာ ထွက်လာရသောကြောင့် မိုဝူကျိပင် ကိစ္စတချို့ကို စတင်လွှမ်းဆွတ်မိလာသည်။

“ ကျုပ်အဆောင်မျိုးနွယ်က တကယ်တော့ ရှေးဟောင်းမျိုးနွယ်တစ်ခုဆိုပေမဲ့ အခုအချိန်မှာ အလယ်အလတ်အဆင့် ဂိုဏ်းလောက်တောင် မရှိတော့ပါဘူး။ လက်ရှိ ကျုပ်တို့က သာမာန်နဲ့အရမ်းကွာခြားနေပြီးတော့ ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန် စကြဝဠာထဲကိုတောင် မဝင်ရဲကြဘူး ” ဖူရှုဟန်က သက်ပြင်းချကာ ပြောလိုက်သည်။

မိုဝူကျိက မေးလိုက်၏

“ အရင်တုန်းက ကျုပ်ပစ္စည်းတွေကို ခိုးဖို့ ကြိုးစားတဲ့ ဖူဖေးယန်က တာအိုဧကရာဇ်အဆင့်မလား၊ ခင်ဗျားတို့မျိုးနွယ်မှာ သူ့လိုအဆင့်မျိုး ရှိနေတယ်ဆိုရင်  ကောင်းကင်ဘုံအလွန် စကြဝဠာထဲ ဝင်လာတာနဲ့ ခြေကုပ်ရနိုင်ပါတယ် မဟုတ်ဘူးလား။ ပြီးတော့ အဲလိုအဆင့်မြင့် ကျင့်ကြံသူမျိုးနဲ့ဆိုရင် ခင်ဗျားက ကောင်းကင်ဘုံအလွန်စကြဝဠာထဲ မရှိရင်တောင် အသက်ရှင်နိုင်မဲ့နေရာကို တွေ့နိုင်ပါသေးတယ် ”

မိုဝူကျိက အမှန်တကယ် သိချင်နေမိသည်။ ဖူဖေးယန်၏ အင်အားမှာ ကောင်းကင်ဘုံအလွန်ရှိ တာအိုဧကရာဇ် အများစုကို ကျော်လွန်နေကြောင်း သိပေသည်။ အဆောင်မျိုးနွယ်အနေနှင့် ဖူဖေးယန်သာ ရှိနေလျှင်  ကောင်းကင်ဘုံအလွန်၌ ခြေကုပ်ရဖို့ရာ ခက်ခဲမည် မဟုတ်ပေ။

ဖူရှုဟန်က ခေါင်းခါကာ 

“ တာအိုရောင်းရင်းမိုက ဇာတ်ကြောင်းအပြည့်အစုံကို မသိလို့ပါ။ အကြီးအကဲဖူဖေးယန်က တကယ် အားကောင်းတယ်ဆိုပေမဲ့ အဆောင်မျိုးနွယ်ကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှ အဆောင်တစ်တောင်တောင်ရဲ့ ပညာရှိတာအိုအဆောင်က သူ့အတွက် အရေးကြီးဆုံးပဲ …. ပညာရှိတာအိုအဆောင်ကြောင့်သာ မဟုတ်ရင် ဖူဖေးယန်က အဆောင်တစ်ထောင်တောင်ကနေ ထွက်သွားတာ ကြာလောက်ပြီ ….

လူသားသစ္စာ (701-900)Where stories live. Discover now