အခန်း (868)

810 153 7
                                    

အခန်း (၈၆၈)  : တျန်းဂျီ နေရာ

“ ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိက သူ့ရှေ့မှ ဘုန်းကြီးကို ကြည့်ကာ မေးလိုက်သည်။

ဟန်ခယ်လည်း ဘုန်းကြီးတစ်ပါး ဖြစ်ကာ တခြားဘုန်းကြီးက ဟန်ခယ်၏ အကူများလားဟု သံသယဝင်လာမိသည်။ သို့သော်လည်း သူတို့လေးယောက် ပေါင်းတိုက်လျှင်ပင် သူ့အနေနှင့် စိုးရိမ်စရာ မလိုပေ။

ချင်းယန်က မြန်မြန် ရှေ့တိုးလာကာ  “ ဂိုဏ်းချုပ်မို …  နားလည်မှု မလွဲပါနဲ့နော်။ ဒါက ဗုဒ္ဓအင်မော်တယ်နယ်မြေ သတ္တဗုဒ္ဓကျောင်းတော်ရဲ့ ဗုဒ္ဓဧကရာဇ် ရှင်းစန်ပါ ”

ရှင်းစန်လား …

(ရှင်းစန် -  ကောင်းမှုကုသိုလ်)

မိုဝူကျိက ထိုနာမည်မှာ အချစ်မေတ္တာများနှင့် ဖုံးလွှမ်းနေသည်ဟု တွေးမိသွားသည်။ မဟာခွန်ဗုဒ္ဓဂိုဏ်း၏ အလိုလောဘကြီးမှုကို ကြုံတွေ့ပြီးနောက် မိုဝူကျိက ဗုဒ္ဓအင်မော်တယ်နယ်မြေထဲရှိ ဗုဒ္ဓဂိုဏ်းများထံ မျက်နှာသာပေးမှု မရှိတော့ပေ။ သို့သော်လည်း သူက သတ္တဗုဒ္ဓကျောင်းတော်ကိုတော့ အမြင်ကောင်းကောင်း ရှိထား၏။ သူ ကောင်းကင်ဘုံအလွန် စကြဝဠာသို့ မသွားခင် သူက သတ္တဗုဒ္ဓကျောင်းတော်မှ ဘုန်းကြီး တာ့နဉ်နှင့် ဆုံတွေ့ခဲ့ဖူး၏။

ဘုန်းကြီးတာ့နဉ်၏ အကျင့်စရိုက်မှာ မဆိုးလှပေ။ သူက အမြဲတမ်း ပေါ်ပေါ်ထင်ထင် ပွင့်ပွင့်လင်းလင်း လုပ်လေ့ရှိပြီး နောက်ကွယ်မှ အကောက်ကြံဖို့သာ သိသည့် မဟာခွန်ဗုဒ္ဓဂိုဏ်းလိုမျိုး မဟုတ်ပေ။

“ ဒီကိုယ်တော်က ရှင်းစန်ပါ ” ရှင်းစန်က နှစ်လိုဖွယ် ကောင်းပြီး သူ့လေသံမှာလည်း ဖော်ရွေပေသည်။

မိုဝူကျိက  လက်နှစ်ဖက်ယှက်ကာ “ ဒါက အင်မော်တယ်ရောင်းရင်း ရှင်းစန်ကိုး … အရင်တုန်းက ခင်ဗျားတို့ဂိုဏ်းက အင်မော်တယ်ရောင်းရင်း တာ့နဉ်နဲ့ တွေ့ဖူးပါတယ် ”

ရှင်းစန်က မိုဝူကျိသည် တာ့နဉ်အကြောင်း ပြောသည်ကို ကြားသောအခါ မြန်မြန် မေးလိုက်၏ “ တာ့နဉ်ရော အဆင်ပြေပါရဲ့လား ”

မိုဝူကျိက ပြန်ဖြေပေးလိုက်သည်  “ ကျုပ်က အင်မော်တယ်ရောင်းရင်း တာ့နဉ်နဲ့ ခဏပဲ တွေ့လိုက်ရတာပါ။ ကျုပ်တို့တွေ လမ်းကွဲသွားပြီးတော့ နောက်တစ်ခါ ပြန်မတွေ့ဖြစ်သေးဘူး။ အဲဒီနောက်ကျ သူ့သတင်းလည်း ဘာမှမကြားမိလို့ သူ့နေရာကို မသိတော့ဘူး ”

လူသားသစ္စာ (701-900)Where stories live. Discover now