အခန်း (723)

777 133 0
                                    

အခန်း (၇၂၃)  :  အားကောင်းလှသော လော့ကျမ်း

“ ခင်ဗျားက ကျိုးပျက်ကမ္ဘာထဲမှာ အင်မော်တယ်ဘုရင်အဆင့် ရောက်သွားတယ်ဆိုတာတော့ ကျုပ် မှန်းထားတဲ့အတိုင်း မဟုတ်ဘူး။ လော့ကျမ်းစာရွက် ရပြီးတာတောင် အဖမ်းမခံရတာ မအံ့ဩတော့ပါဘူး။ အစကတည်းက ကျိုးပျက်ကမ္ဘာထဲက ထွက်မှ မထွက်သွားတာ ….

ဒါပေမဲ့ ကျိုးပျက်ကမ္ဘာရဲ့ လေးလွှာမြောက်ကိုတော့ တနည်းနည်းနဲ့ ရောက်လာတယ် ….” မိုဝူကျိ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ အကယ်၍ ယခင်က မုရုန်ရှန်းယွီအား မိတ်ဆွေဟောင်းအဖြစ် သတ်မှတ်ထားဆဲ ဆိုလျှင် ယခုကား လုံးဝကို သူစိမ်းတစ်ယောက်အဖြစ်သာ မြင်နေရသည်။

မုရုန်ရှန်းယွီ၏ အမူအယာမှာ ခက်ထန်လာပြီး အေးစက်စွာ ပြန်ပြောလိုက်သည်

“ ဒါက ကျမကိစ္စပါ။ ကျမရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်။ စာရွက်နှစ်ရွက်ကို မြန်မြန် ပြန်ပေးလိုက်တာ အကောင်းဆုံးပဲ  မဟုတ်ရင်တော့ မျက်နှာလွဲခဲပစ်လုပ်လို့ အပြစ်မတင်နဲ့ ”

မိုဝူကျိက ရယ်မောကာ

“ မုရုန်ရှန်းယွီ မင်းမှာ အရှက်တရားရော ရှိသေးရဲ့လား။ ငါ ဘာလို့ မမြင်မိပါ့လိမ့်။ မင်းဆီ စာရွက်နှစ်ရွက် ပြန်ပေးရမှာတဲ့လား ….

ငါ့ကြောင့်သာ မဟုတ်ရင် မင်း လော့ကျမ်းစာရွက် အဖုံးကိုတောင် မြင်လိုက်မှာတောင် မဟုတ်ဘူး။ မင်းကို ကယ်ပေးပြီးတော့ စာရွက် ခုနှစ်ရွက်လုံး မင်းရဖို့ ကူညီပေးခဲ့တယ်။ အဲဒါက ငါ့အတွက် အရမ်းကို လွန်လွန်းနေပြီ။ တကယ်လို့  ငါ့နေရာမှာ တခြားတစ်ယောက်သာ ဖြစ်နေခဲ့ရင် မင်းအရိုးတွေတောင် ပုပ်နေလောက်ပြီ။ 

အဲဒီစာရွက်နှစ်ရွက်က မင်းက ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းဘာသာ ပေးခဲ့တာ …. တခြားဘက်ကနေ ကြည့်မယ်ဆိုရင် ငါ့ကို စာရွက် ခုနှစ်ရွက်လုံး ပေးမယ်ဆိုရင်တောင် မလွန်ဘူး။ ဒီနေ့  အရင်စာရွက်နှစ်ရွက်ကိုတောင် ပြန်တောင်းနေသေးတယ်။ ပြောစမ်းပါဦး ….. မင်းမှာ အရှက်တရားရော ရှိသေးရဲ့လား ”

မိုဝူကျိက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ တခြားတစ်ယောက်သာ ဖြစ်နေပါက ထိုသူက လော့ကျမ်းစာရွက်များကို သိမ်းထားခွင့် ပေးမည် မဟုတ်ပေ။ မုရုန်ရှန်းယွီအတွက် သူမအသက်ကို ကယ်တင်ပေးရန် စာရွက်ခုနှစ်ရွက်လုံးကို ပေးရလိမ့်မည်။ သို့သော်လည်း သူ့အား စာရွက်နှစ်ရွက်သာ ပေးခဲ့သည်။ ထိုအရာကို များလွန်းလှပြီဟု သူမက တွေးထင်နေသေး၏။ ယခု သူမက မိုဝူကျိဆီမှ စာရွက်များပင် ပြန်လည် တောင်းယူနေသေး၏။ ထိုအရာမှာ အမှန်တကယ် အရှက်မဲ့လွန်းလှသည်။ မိုဝူကျိက မုရုန်ရှန်းယွီအား လော့ကျမ်းစာရွက်အတွက် ကယ်တင်ပေးခဲ့ခြင်း မဟုတ်သော်လည်း  မုရုန်ရှန်းယွီသာ ဤမျှအထိ အရှက်မမဲ့ပါက ထိုမျှ ကျေးဇူးကြွေးများအား ပြောနေစရာ အကြောင်း မရှိပေ။

လူသားသစ္စာ (701-900)Where stories live. Discover now