အခန်း (760)

831 151 2
                                    

အခန်း (၇၆၀)  :  အဆင့် ၉ ဆေးလုံးဧကရာဇ်

မိုဝူကျိက အရင် စပြောလိုက်သောကြောင့် ကွမ်ကျင်းအနေနှင့် အတင်းကျပ် အားသုံးလိုက်ရမလား ဒါမှမဟုတ် စကား ပြောဆိုရမည်လား မသိတော့ပေ။ ယခု သူက မိုဝူကျိ၏ ထူးထူးဆန်းဆန်း စကားကြောင့် ကြောင်အမ်းမိသွားသည်။

“ဘာအဓိပ္ပါယ်လဲ …” ကွမ်ကျင်းက မိုဝူကျိအား အနည်းငယ် အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး အတင်းကျပ်အားသုံးခေါ်သွားမည့် အကြံကိုပါ မေ့လျော့သွားလေ၏။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ အင်မော်တယ်ရောင်းရင်းကွမ်ကို မီဖေးကုန်သည်အိမ်တော်က ကျုပ်ကို ဆွဲခေါ်ခိုင်းလိုက်တာမလား ”

“ ….” ကွမ်ကျင်းက မိုဝူကျိအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း မိုဝူကျိသည် သူ သိထားသည်နှင့် အဘယ်ကြောင့် ကွာခြားနေရဲတာလဲဟု တွေးနေမိသည်။ အခြားလူများက ကောင်းကင်ဘုံအလွန်မြို့လေးအတွင်း အကြမ်းဖက်မှု လုပ်ရဲကြမည် မဟုတ်သော်လည်း ထိုစည်းမျည်းများမှာ သူတို့မီဖေးကုန်သညအိမ်တော်အား ချုပ်နှောင်မထားနိုင်ပေ။

မိုဝူကျိက ကွမ်ကျင်းသည် ပြန်မဖြေကြောင်း သိကာ ပျာယာခတ်မသွားဘဲ ဆက်ပြောလိုက်သည် “ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတုန်းက နတ်ဆိုးမျိုးနွယ်ရဲ့ နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက် ကျုပ်ကို လာရှာတယ်လေ ….. ”

“ အဲဒီလူကို ခင်ဗျား သတ်လိုက်တယ်ဆိုတာကို သိတယ် ” ကွမ်ကျင်းက မိုဝူကျိအား ဆက်ပြောခွင့် မပေးဘဲ ဝင်ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်  “ အဲဒီလူသာ ကျုပ်နဲ့ တွေ့သွားရင် အမွေးတိုင်တစ်ဝက်စာလောက်တောင် အချိန်ယူလိုက်ရမှာ မဟုတ်ဘူး ”

မိုဝူကျိက အသာပြုံးကာ တည်တည်ငြိမ်ငြိမ်ဖြင့်  “ အဲတုန်းက ကျုပ်က သူ့ကို တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့တာ ”

ကွမ်ကျင်း မျက်နှာ အမူအယာမှာ ပြောင်းလဲသွားလေ၏။ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလျှင်ပင် သူ့အနေနှင့် ထိုနှစ်ဖက်ချွန်လူအား တစ်ကွက်တည်းဖြင့် သတ်နိုင်မည် မဟုတ်ပေ။ ကွမ်ကျင်းက ထိုလူသည် အကြိုက်ထူးဆန်းသော်လည်း အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် ကွမ်ကျင်းက ကျီချီတွင် တစ်ဖက်လူအား ပိတ်လှောင်ကာ သတ်ပစ်နိုင်သည့် ထူးထူးဆန်းဆန်း ကမ္ဘာငယ်လေး ရှိသည့် အကြောင်း ကြားထားသေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now