အခန်း (879)

714 156 10
                                    

အခန်း (၈၇၉)  :   ဒဏ္ဍာရီလာ နတ်ဘုရားလောက

“ ဘုန်း ” နံရံ အများကြီးက ပြိုကျလာသည်။ ထို့နောက် သူတို့က ပညာရှင် နှလုံးသား၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။

“ တာအိုရောင်းရင်း …. ခင်ဗျားက ကျုပ်အသိစိတ်ပင်လယ်ကို ဖျက်စီးပစ်ရင်တောင် ကျုပ်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင် လုပ်နိုင်တယ်။ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ဒီလောက် စိတ်အားထက်သန်နေရလား …. ကျုပ် ခင်ဗျားကို မပိတ်ထားနိုင်ဘူးဆိုတာကို ဝန်ခံပါတယ်။ ခင်ဗျားကို ထွက်လမ်း ညွှန်ပေးလိုက်မယ်။ အခုကစပြီးတော့  ကျုပ်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမပတ်သတ်တော့ဘူး ”

ခွန်းယွင်က သူ့တည်ငြိမ်မှုကို ပြန်ထိန်းသွားနိုင်သည်။ နောက်ဆုံးတွင် သူက မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားလေ၏။ မိုဝူကျိက သူ့အသိစိတ်ပင်လယ် နံရံကို ဖြတ်၍ တူးဖို့ ကြိုးစားနေခြင်း ဖြစ်ပေသည်။

အကယ်၍ သူသာ အသိစိတ်ပင်လယ်အား အပြည့်အဝ ထိန်းချုပ်နိုင်လျှင် သူ့ရှေ့ရှိ ပါးမွှားက အဆရာပေါင်းများစွာ အားကောင်းနေလျှင်ပင် သူ့ကို တစ်ခုခု လုပ်နိုင်ဖို့ရာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ သို့သော် ယခုတွင် သူက ထိုပါးမွှားလေးသည် အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်သွားကြောင်း သိလိုက်၏။

သူက ဧရာမ အသိစိတ်ပင်လယ်ကြီးအား အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ တစ်ဖက်လူက သူ့အသိစိတ်ပင်လယ်အတွင်း ကျရောက်လာသော်လည်း မည်သူကမှ အနိုင်မရပေ။ သူ့အသိစိတ်ပင်လယ် ပြန်ကောင်းမွန်လာဖို့ရာ အချိန်ပိုကြာမြင့်မည် ဖြစ်ပြီး တစ်ဖက်လူကလည်း ထာဝရ ပိတ်မိသွားနိုင်သည်။

ခွန်းယွင်အတွက် မိုဝူကျိအပေါ် လက်လျော့လိုက်သည့် အကြောင်းအရင်းမှာ မိုဝူကျိတွင် ကံကြမ္မာ ရမလာကြောင်း သေချာသိလိုက်၍ ဖြစ်သည်။ မိုဝူကျိလို ဉာဏ်နီဉာဏ်နက် များတတ်သည့် ကောင်လေးက ကံကြမ္မာကို ရမလာလျှင် သူ ခွန်းယွင်အနေနှင့် အချိန်ဆက်ဖြုန်းဖို့ရာ မလိုလားပေ။

မိုဝူကျိက ခွန်းယွင်သည် ဒေါသမထွက်ကြောင်း ကြားလိုက်ရသည့်အခါ ရပ်တန့်လိုက်၏။ သူ့အပြုအမူမှာ တစ်ဖက်လူအတွက် ပြန်ကောင်းမွန်လာသည့် အချိန်အား ဆွဲထားခြင်းမျှသာ ဖြစ်ပြီး ခွန်းယွင်ကို သေချာပေါက် မသတ်နိုင်ကြောင်း သိထားသည်။ ဉာဏ်များခြင်းနှင့် ပတ်သတ်လာလျှင် သူက ခွန်းယွင်ထက် နောက်ကောက်ကျနေသေး၏။ အကယ်၍ သူသာ ခွန်းယွင်၏ အသိစိတ်ပင်လယ်အတွင်း ကြာကြာနေပါ ခွန်းယွင်၏ လှည့်ကွက် တစ်ခုခုအတွင်း ကျဆင်းကာ အဆုံးသတ်သွားပေလိမ့်မည်။

လူသားသစ္စာ (701-900)Where stories live. Discover now