အခန်း (835)

726 141 3
                                    

အခန်း  (၈၃၅)  : အချိန်နှင့် လိုက်၍ အရာအားလုံး ပြောင်းလဲသွားခြင်း

မိုဝူကျိက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အရောင်လွှင့်ပျယ်နေသည့် အဝါရောင်မျက်နှာကျက်ကို မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူက ထထိုင်လိုက်သည့်အခါ သူ့စိတ်ထဲ အပ်များနှင့် ထိုးစွခံလိုက်ရသလို ခံစားမိလိုက်သည်။

“ ဟူး ” မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ထိန်းပြီးသည်နှင့် သူ့စိတ်ထဲမှ နာကျင်မှုသည်လည်း ပျောက်ပျက်လာ၏။

ဒီနေရာက ဘာလဲ …. ငါက ဘယ်မှာလဲ …..

မိုဝူကျိက မျက်မှောင်တွန့်ချိုးလိုက်ပြီး အဆောင်တစ်ထောင်တောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်၍ စဉ်းစားမိလိုက်သည့်အခါ စိတ်ထဲ၌ တဖန်နာကျင်လာပြန်၏။ မိုဝူကျိက ဘာကိုမှ မစဉ်းစားဖို့ ဖိအားပေးလိုက်ပြီး လက်ရှိအခြေအနေကို သိဖို့ ကြိုးစားလိုက်သည်။

သူက အတော်အတန် ကျယ်ဝန်းသော အခန်းကျယ်ထဲ ရောက်ရှိနေပြီး အရောင်လွှင့်နေသည့် မျက်နှာကျက်အပြင် အိပ်ရာခင်းများမှာလည်း အရောင်လွှင့်နေပြီ ဖြစ်၏။ မိုဝူကျိက ဘေးကို လှည့်ကြည့်လိုက်သည့်အခါ သံချေးတက်နေသည့် လူနာထမ်းစင်ကို မြင်လိုက်ရသည်။ သူ့ကုတင်ညာဘက်တွင် ဆေးပုလင်းအမျိုးမျိုး ရှိနေသည့် ဆေးရောင်ကွာနေပြီ ဖြစ်သည့် ဗီရိုလေးတစ်လုံး ရှိနေသည်။

ခဏ …..

မိုဝူကျိ မျက်လုံးမှာ ပြူးကျယ်သွားလေ၏။ နောက်ဆုံးတွင် အသိပြန်ဝင်လာကာ သူက ဆေးရုံတွင် ရှိနေမှန်း သတိထားမိလိုက်သည်။

သူ့စိတ်ထဲ၌ နာကျင်မှုက တစ်ဖန်ကြီးစိုးလာပြန်သည်။ ဤတစ်ကြိမ်၌ မိုဝူကျိက နာကျင်မှုကို အတင်းကျပ် ချိုးနှိမ်လိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် အဖြစ်အပျက်ကို စတင်နားလည်သွားတော့သည်။

သူက အဆောင်တစ်ထောင်တောင်သို့ ကမ္ဘာကူးအဆောင် တောင်းဆိုရန် ရောက်သွားခဲ့သည်။ ထို့နောက် ပညာရှိတာအိုအဆောင်ထဲ ဝင်မိကာ ထိုအတွင်းရှိ အာကာပြင်မှာ မူမမှန်ဘဲ တွန့်ချိုးရစ်ပတ်လာသည်။ သူက ဖူကျို့ကျန်း၏ ဝင်ပူးခြင်းကို ခံရလုမတတ် ဖြစ်သွားသေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now