အခန်း (804)

733 150 3
                                    

အခန်း  (၈၀၄)  :   မိုဝူကျိအား အကောက်ကြံခြင်း

မျက်ဆံနီလိပ်ကြီးက အသံဩဩဖြင့်  “ ညီလေးမို ပြောတာ မှန်တယ်။ အခု နားလည်မှုလွဲနေတာတွေလည်း ရှင်းသွားပြီဆိုတော့ ထိုင်ပြီး ဆွေးနွေးကြတာပေါ့ ”

သူက မိုဝူကျိအား ညီလေးမိုဟု ခေါ်ဝေါ်နေသော်လည်း သူ့စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားနေမိသည်။ မိုဝူကျိ တစ်ယောက် သွေစောင်း အာကာပြင် ပင်လယ်ကျွန်းဆီ ပြန်လာသည့်အကြောင်းကို ကြားရစဉ်က မိုဝူကျိကို သူ့လိပ်နက်တောင် ပိုင်နက်အသေးလေးထဲ၌ ချုပ်ထိန်းထားဖို့ ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း သူက မိုဝူကျိ ပြန်ရောက်လာသည့် သတင်းမှာ အပြင်ပျံ့နှံ့သွားမည် ဖြစ်ကြောင်း တွေးမိထားသည်။ ပေါင်ပုသည် မိုဝူကျိ ပြန်ရောက်လာခြင်းကို သေချာပေါက် သတိပြုမိမည် ဖြစ်ကာ သူသာ မိုဝူကျိအား  ထိန်းချုပ်ထားမည်ဆိုလျှင် သူ့အနေနှင့် ပေါင်ပုနှင့် အခြားသော အရှင်များကို ရန်စမိသလို ဖြစ်နိုင်ခြေများ၏။

သူက ထိုအတွေးဖြင့် မိုဝူကျိအား အတင်းကျပ် ဖမ်းဆီးမထားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သူက မိုဝူကျိအား ကိုယ်တိုင် မဖမ်းခဲ့သည့်အတွက် ဝမ်းမြောက်မိနေသည်။ မိုဝူကျိ မည်မျှ ကြောက်မက်ဖို့ ကောင်းသည်ကို ကြည့်ရုံဖြင့် မျက်ဆံနီလိပ်ကြီးက သူသာ ကြိုးစားမိခဲ့လျှင် လောကမှ ပျောက်ကွယ်သွားပြီးသား ဖြစ်နေလောက်လေပြီ။

“ ဟုတ် ..ဟုတ်ကဲ့ … ” အခြားလူများက ကိုယ့်ထိုင်ခုံကို ထုတ်ကာ မည်သူကမှ  ပစ္စည်းများကို ဖျက်စီးပစ်လိုက်သည့် မိုဝူကျိဆီမှ လျော်ကြေးအကြောင်း မပြောရဲကြတော့ပေ။

ယွမ်မိုကလည်း ပျော်ရွှင်မိနေသည်။ အကြောင်းမှာ သူက မိုဝူကျိသည် ဤမျှအထိ အားကောင်းလာလိမ့်မည်ဟု မတွေးထားဖူးပေ။ သို့သော်လည်း ဤသို့မျိုး ကိစ္စရပ်၌ ဘာမှဝင်ပြောမည် မဟုတ်ပေ။ မိုဝူကျိက အရေးသာနေသောကြောင့် သူ့အနေနှင့် တခြားလူကို ရန်စမိစရာ အကြောင်း မရှိတော့ပေ။

လူအုပ်ကြီး ငြိမ်သက်သွားသည်နှင့် မိုဝူကျိက လူအုပ်ကြီးကို သေချာကြည့်လိုက်သည်။ ဝူဟယ်က မိုဝူကျိ၏ အကြည့်ကို သတိပြုမိလိုက်ပြီး အနည်းငယ် ကြက်သီးထသွားမိသည်။ သူက မိုဝူကျိဆီမှ လက်စွပ်ကို အတင်းကျပ် ယူထားသည် မဟုတ်ပါလော။ မိုဝူကျိက သူ့ကို ပြဿနာ လာရှာလျှင် မည်သို့ လုပ်ရမည်နည်း။

လူသားသစ္စာ (701-900)Where stories live. Discover now