အခန်း (845)

723 145 4
                                    

အခန်း  (၈၄၅)  :  ရှားမိသားစု၏ အာဏာ

မိုဝူကျိ စကားအဆုံးတွင် မိုချင်းချယ်က မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ အတော်အတန်ကြာပြီးမှ သူမက တုံ့ပြန်နိုင်လိုက်၏  “ ရှင်က အရူးလား ဒါမှမဟုတ် ကျမကို အရူးလို့ ထင်နေတာလား။ အဲအစား ရှင်က ပျံနိုင်တယ်လို့ပဲ ပြောလိုက်ပါ့လား ….”

ပြောလက်စ စကားတစ်ဝက်တပျက်ဖြင့် မိုချင်းချယ်က ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူမက မိုဝူကျိသည် မြင့်တက်သွားကြောင်း သိလိုက်ရ၍ တအံ့တဩ ရေရွတ်လိုက်သည်  “ တကယ်ကြီး ပျံနေတာပဲ ”

ထိုစဉ် မိုဝူကျိက ဆင်းသက်လာကာ လေးလေးနက်နက် ပြောလိုက်သည်  “ ဟုတ်တယ်  ငါပြောတာတွေအကုန်လုံး အမှန်တွေပဲ ”

ထို့နောက် သူက လက်ဆန့်ထုတ်ကာ လေထုထဲ တွင်းနက်အက်ကြောင်း တစ်ခုဖန်တီးလိုက်သည်။ မိုချင်းချယ်က ထိုတွင်းနက်ကြီးကို ကြည့်လိုက်သည့်အခါ မူးဝေဝေ ခံစားချက်က ကြီးစိုးလာလေ၏။ သူမက ထိုတွင်းနက်ကြီးမှာ အဆုံးမဲ့ ကမ္ဘာကြီးတစ်ခုဆီ ဦးတည်နေသည့်အလား ခံစားမိနေသည်။ ဘေးပတ်ဝန်းကျင်ရှိ တည်နေရာကား သေးငယ်သွားကာ သူမက ပင်လယ်ထဲ ရောက်နေသလို မျှောလွှင့်နေမိသည်။

မကြာခင် ထိုတွင်းနက်ကြီးက နဂိုအခြေအနေသို့ ပြန်ရောက်သွားသောကြောင့် စိတ်သက်သာရာရသွားလေသည်။ မိုဝူကျိက ရှင်းပြလိုက်လေ၏  “ ဒီဟာက ငါဖွင့်လိုက်တဲ့ အာကာသပဲ … ဒီတွင်းနက်ကြီးကိုပဲ မကြည့်နဲ့ဦး။ မင်း ဝင်သွားတာနဲ့ ကမ္ဘာမြေကနေ အလင်းနှစ် ဘယ်လောက်ဝေးတဲ့ အာကာသဆီ ရောက်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ။ အာကာပြင်ထဲမှာ လေဓားချက်တွေက မင်းကို တစစီ လုပ်ပစ်လိုက်နိုင်တယ် ”

“ တကယ်ကြီး ကျမ အဖိုးလား။ အဲဆို ဒီဟာက အင်မော်တယ်ကျင့်စဉ်လား ” မိုချင်းချယ်က စိတ်လှုပ်ရှားမိလာသည်။ နောက်ဆုံးတွင် သူမက မိုဝူကျိ စကားများကို ယုံကြည်သွားပြီး လက်မောင်းကို တင်းတင်းဆုပ်ထားလိုက်၏။

အကယ်၍ တိယွမ်ဂြိုဟ်ကြောင့်သာ မဟုတ်လျှင် သူမက သူ့ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် တိယွမ်ဂြိုဟ် ရှာတွေ့သွားကတည်းက တိယွမ်ဂြိုဟ်ပေါ်ရှိ သားရဲများမှာ အင်အားကောင်းပြီး တိုင်းတာလို့ပင် မရကြောင်း သတင်းများ ကြားရလေရာ မိုဝူကျိ စကားများက မည်သို့ မဖြစ်နိုင်ဘဲ နေမည်နည်း။

လူသားသစ္စာ (701-900)Where stories live. Discover now