အခန်း (858)

663 145 1
                                    

အခန်း ( ၈၅၈ ) :  လက်သီးငါးချက်

ယခင် သူ မဟာဓားလမ်းစဉ်ဂိုဏ်အား ချေမှုန်းစဉ်က အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးပေ။ ယခု သူက အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် အထက်ဘုံက သူ့ဖင်းဖန်အား ဖျက်ဆီးဖို့ ကြိုးစားလာလျှင်ပင် သူ့အနေနှင့် သူတို့အား ဖျက်ဆီးပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

“ ညီမချင်းချယ် … ကျုပ်သခင်ကြီးက စိတ်ဆိုးနေတဲ့ပုံပဲ။ ဘာတွေဖြစ်လို့လဲ ”

ရွိုက်ကောက မိုချင်းချယ်ဘေးသို့ ရောက်လာကာ မေးလိုက်သည်။ မိုချင်းချယ်က ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။ သူမက ခေါင်းကိုခါကာ

“ ကျွန်မလည်း မသိဘူး။ စောစောက ဟိုခန်းမထဲက လူတွေက အစ်ကိုကြီးယန်လီရဲ့ ပစ္စည်းတွေကို လုချင်နေကြတာ ”

“ ဘာ…ဒီပါးမွှားလေးတွေက ငါ့ညီလေးဆီက ပစ္စည်းတွေကို လုချင်သေးတယ်ပေါ့။ အဲ့ပါးမွှားတွေက ဘယ်မှာတုန်း။ သူတို့ကို အရည်ခန်းတဲ့ထိ အကုန်စုပ်ပစ်ဦးမယ် ”

ရွိုက်ကောက ဒေါသတကြီး အော်ဟစ်လိုက်သည်။ တာ့ဟွမ်က ရွိုက်ကောအား မကျေမနပ် ကြည့်လိုက်သည်။  သူက ရွိုက်ကောအား သိလာသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဤကောင်စုတ်လေး၏ စရိုက်အား ကောင်းစွာ သိလေသည်။ ဤကောင်စုတ်လေးမှာ ယခု အမှန်တကယ် ဒေါသထွက်နေဟန် ပေါ်သော်လည်း လက်တွေ့၌ ယန်လီက ထိုလူများကို မောင်းထုတ်လျှင်ပင် ရွိုက်ကောက ဘာမှဝင်လုပ်မည် မဟုတ်ပေ။

ပို၍ အတိအကျ ပြောရလျှင် ရွိုက်ကောက ဘာမှကို မလုပ်ရဲပေ။ အကြောင်းမှာ ရွိုက်ကောက ထိုလူများကို ကြောက်ရွံ့နေ၍ မဟုတ်ဘဲ သခင်ကြီး စိတ်ဆိုးဒေါသထွက်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။

တာ့ဟွမ်က သရုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် ရွိုက်ကောထက် များစွာ နောက်ကောက်ကျနေသေးကြောင်း သိလိုက်သည်။ သခင်ကြီးက ကိုယ်တိုင် အမိန့်မပေးသ၍ ရွိုက်ကောရဲ့ စကားများမှာ လေလုံးအဖြစ်သာ ပျောက်ကွယ်သွားလိမ့်မည်။

ယန်လီက ရွိုက်ကော၏ အင်အားမှာ သူ့ထက်များစွာ အားကောင်းနေကြောင်း ခံစားမိလိုက်ပြီး ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ယှက်လိုက်ရင်း ပြောလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now