အခန်း (721)

785 126 1
                                    

အခန်း  (၇၂၁)  :   ထွက်ပြေးမှာလား၊ သေမှာလား

ကူးဖေးယီ၏ စိတ်ထဲ အေးစက်သွားကာ မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ စတင်ကျင့်ကြံကတည်းက ရှိလာခဲ့သော ယုံံကြည်မှုတို့မှာလည်း တစစီ ကြေမွကုန်တော့သည်။

သူက သေခြင်းတရားကို ကြောက်ရွံ့၍ မဟုတ်ဘဲ ကူကယ်ရာမဲ့ ခံစားချက်က သူ့အား လွှမ်းခြုံထား၍ ဖြစ်သည်။

သူက မဟာလော့ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးသည် လူတစ်ယောက် လက်ထဲ၌ ကြက်လေးတစ်ကောင်ကဲ့သို့ သေဆုံးသွားရတော့မည်။ အင်အားချင်းကွာခြားမှုကား သူ့အတွက် လက်ခံရန် အလွန်ခက်ခဲနေပေ၏။

အင်မော်တယ်ဘုရင်အဆင့်များကို ကျိုးပျက်ကမ္ဘာလေးလွှာမြောက်အတွင်း ဝင်ခွင့်မပြုထားပေ။ ဆိုလိုသည်မှာ သူ့စွမ်းအားစက်ကွင်းကို အလွယ်လေး ဖျက်စီးနိုင်သော ထိုသူမှာ အများဆုံး မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်သာ ဖြစ်ပေလိမ့်မည်။ အဆင့်တူအတွင်း  များစွာ အားနည်းနေခြင်းမှာ သူ့ယုံကြည်ချက်များ  မည်သို မပျက်သုန်းဘဲ နေမည်နည်း။

“ ဘန်း ” အင်မော်တယ်စွမ်းအားများကို အားပြင်းစေလိုက်သည်နှင့် မိုဝူကျိက ကူးဖေးယီ၏ တစ်ကိုယ်လုံးကို သွေးမြူအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

ကူးဖေးယီက မျှော်လင့်တကြီး ထားမိသေး၏။ သူ သေဆုံးသည်နှင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က ဝိညာဉ် အမှတ်အသားပြားထံ နောက်ဆုံးမြင်ကွင်းကို ချက်ချင်း တဆင့် ပို့ဆောင်ပေးနိုင်လိမ့်မည်။ တစ်ဖက်လူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်နေလျှင်ပင် ထိုမြင်ကွင်းကို ပို့ပေးနိုင်ဦးမည် ဖြစ်၏။ ကံဆိုးစွာဖြင့် မိုဝူကျိက ထိုအခွင့်အရေးကို မပေးခဲ့ပေ။ မိုဝူကျိက အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်သော်လည်း သူ့နည်းလမ်းများမှာ ထိုထက် ပိုကြောက်ဖို့ ကောင်းပေသည်။

“ အစ်ကိုကြီး ကျတော်ဆီမှာ ကံကြမ္မာ ကြာနီ ရှိတယ် ” တုံ့ဟွားလုံက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ့အသံမှာ အားပျော့နေသော်လည်း စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now