အခန်း (787)

761 142 4
                                    

အခန်း  (၇၈၇)  :   စကြဝဠာအစွန်း တခွင် နာမည်ဆိုးဖြင့် ကျော်ကြားခြင်း

“ ဘယ်နေရာမှာလဲ ” မိုဝူကျိက မေးလိုက်သည်။

“ ဟဲရှီးအဖွဲ့မှာ ” ယန်ယွဲ့ရုန်က မေးခွန်းကို ဖြေလိုက်ပြီးနောက် အမှားကျူးလွန်မိသလို ခံစားလာရသည်။

အစ်ကိုကြီးတာ့ဟွမ်က ဟဲရှီးအဖွဲ့ကို သွားရန်စမိရင် ဘယ်လိုလုပ်မလဲ …..

အစ်မရှောင်ယုဆီမှ ဟဲရှီးအဖွဲ့သည် အလွန်တရာ  အားကောင်းကြောင်း ကြားခဲ့ဖူး၏။ သူမက ထိုအတွေးဖြင့် မြန်မြန် ပြောလိုက်သည်  “ အစ်ကိုကြီးတာ့ဟွမ် … ညီမတို့တွေ ဒီနေရာကနေ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်။ ပြီးတော့ ညီမလည်း အဆင်ပြေနေပြီပဲလေ ”

“ စိုးရိမ်နေဖို့ မလိုဘူး ” မိုဝူကျိက ယန်ယွဲ့ရုန်အား  စိတ်ချလက်ချနေရန် အကြည့်ဖြင့် အရိပ်အကဲ ပြလိုက်သည်။ ထို့နောက် သူက ဖုန်းဟွမ်တို့ဘက် လှည့်၍ လက်နှစ်ဖက် ယှက်ကာ “ တာအိုသခင်ဖုန်းရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ အခု ကိုယ့်ကိစ္စလေးကို အရင်ဆုံး ဖြေရှင်းစရာ ရှိနေလို့ပါ  ”

ယခု သူက နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများသည် အချိန်တစ်ခုအတွင်း ပြန်မရောက်လာသေးကြောင်း သိထားလေရာ မိုဝူကျိက စကြဝဠာအစွန်းမှ ထွက်သွားဖို့ရာ အလျှင်မလိုတော့ပေ။ သူက ဖုန်းဟွမ်သည် သူ့အား လိမ်ညာရမည့် အကြောင်းအရင်း မရှိကြောင်း ယုံကြည်မိ၏။ ထို့အပြင် သူတို့နှစ်ယောက်လုံးကြား၌ ရန်ကြွေး မရှိလေရာ ဖုန်းဟွမ်အနေနှင့် သူ့ကို ပျက်စီးအောင် လုပ်ရမည့် အကြောင်းပြချက် မရှိချေ။

“ အင်မော်တယ်ရောင်းရင်းမို စိတ်ကြိုက်လုပ်ပါ ” ဖုန်းဟွမ်က မျက်နှာထက်၌ ညင်သာသည့် အပြုံးလေး ချိတ်ဆွဲထားဆဲ ဖြစ်သည်။ သူ့ဟန်ပန်က အတော်လေး သေသပ်လှပြီး ကြော့ရှင်းနေပေသည်။

သူလည်း  ယန်ယွဲ့ရုန်၏ စကားကို ကြားလိုက်လေရာ မိုဝူကျိက ဟဲရှီးအဖွဲ့တွင် ရုတ်ရုတ်သည်းသည် ဖြစ်စေမည်ဆိုလျှင်ပင် သူ့အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ဟဲရှီးအဖွဲ့မှာ အမြဲတမ်း ရန်လိုသည့်နေရာမျိုး ဖြစ်ခဲ့ပြီး ခေါင်းဆောင် အန်းရွှယ်ချန်းမှာလည်း သူ့နီးပါး ကျော်ကြားပြီး  စကြဝဠာအစွန်း၏ ကျော်ကြားသော မဟာဧကရာဇ် ငါးယောက်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ လက်ရှိ၌ အန်းရွှယ်ချန်းက ရှိမနေသော်လည်း လန်ရန် ရှိပေ၏။ အန်းရွယ်ချန်းနှင့် ယှဉ်လျှင် လန်ရန်က အားနည်းနေခြင်း မရှိပေ။ ဖုန်းဟွမ်က မိုဝူကျိနှင့် လန်ရန်ကြား မည်သူက ပို၍ အားကောင်းနေမလဲဟု အလွန်အမင်း စိတ်ဝင်စားမိသည်။

လူသားသစ္စာ (701-900)Where stories live. Discover now