အခန်း (785)

752 135 2
                                    

အခန်း  (၇၈၅)  :   တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပစ်ခြင်း

ဝုန်း ….

မပြီးပြည့်စုံသည့် နေလုံးကြီးက ပေါက်ကွဲထွက်သွားသည်။ ထိုအင်မော်တယ် ဧကရာဇ်သုံးယောက်က သူတို့ စွမ်းအားစက်ကွင်းများ ကြေမွပျက်စီးသွားသည်ကို ချက်ချင်း ခံစားမိလိုက်ကြပြီး သူတို့၏ တာအိုစွမ်းအားများမှာလည်း အပြင်သို့ ထွက်လာသည်။

ဒီလူက အရမ်းအားကောင်းလွန်းတယ် …. ငါတို့တွေ ထွက်ပြေးရမယ် …

ထိုအတွေးက သူတို့စိတ်ထဲ ပေါ်လာကြသည်။

“ ဝုန်း ” လှိုင်းလုံးနှင့်တူသည့် သဲများက ရုတ်ချည်း ပေါက်ကွဲသွားသည်။ သူတို့၏ စွမ်းအားစက်ကွင်း အကာအကွယ်မရှိဘဲ သူတို့သုံးယောက်လုံးမှာ သဲများ၏ ဖျက်စီးခြင်းကို တိုက်ရိုက် ခံရပေလိမ့်မည်။

အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ခန္ဓာကိုယ်မှာ တန်း၍ ပျက်စီးသွားသည်။ သူတို့၏ ကြေမွသွားသော ခန္ဓာကိုယ်များမှ ကမ္ဘာဦး စိတ်ဝိညာဉ်များ ထွက်လာသည်နှင့် မဟာသဲကန္တာရအတွင်းမှ ပုဆိန်လှံရှည်အလင်းချက်ဖြင့် တစစီ ဖြစ်သွားရသည်။

အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက အနည်းငယ် ပိုအားကောင်းပေသည်။ သဲလှိုင်းလုံးများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာသော်လည်း သူက နောက်ဆုတ်နိုင်မည့် အခွင့်အရေး ရလိုက်သေး၏။ သို့သော်လည်း မိုဝူကျိက ထိုအခွင့်အရေးအား မပေးချေ။ အဆုံးမဲ့ သဲကန္တာရကြီး ပျောက်ကွယ်သွားသည်နှင့် ပုဆိန်လှံရှည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ဤပုဆိန်လှံရှည် အလင်းတန်းက သူတို့နှစ်ယောက်ကြားမှ အာကာပြင်ကို စုတ်ဖြဲပစ်သည့်အလား  ချောက်နက်ကြီး ပေါ်လာသည်။ ထိုသည်မှာ ရိုးရိုးရှင်းရှင်းနှင့် မငြင်းပယ်နိင်သည့် ဖိနှိပ်မှုတစ်မျိုးသာ ဖြစ်၏။

ထိုပုဆိန်လှံရှည် အလင်းတန်းကြီးက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပစ်လိုက်ရာ သူ့အနေနှင့် ခုခံဖို့ အခွင့်အရေးပင် မရလိုက်ချေ။ သူ မသေခင် မိုဝူကျိ၏ နောက်ဆုံး လျို့ဝှက်တိုက်ကွက် မဟူရာချောက်နက်အကြောင်း တွေးချိန်ပင် မရလိုက်ပေ။ လက်တွေ့၌ သူက မိုဝူကျိသည် မဟူရာချောက်နက် တိုက်ကွက်ကို အဘယ်ကြောင့် ထုတ်သုံးချင်မှန်း နားမလည်နိုင် ဖြစ်ခဲ့ရသည်။ ထိုမပြီးပြည့်စုံသည့် နေဝင်ချိန်လေး၌ ထိုအင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူလည်း ဆက်လက်၍ ခုခံနိုင်စွမ်း မရှိတော့ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now