အခန်း (839)

709 143 4
                                    

လူသားသစ္စာ 61 လိုက်ပွဲ

အခန်း (၈၃၉)  :  ကျင်းရှို့တောင်ဆီ ပြန်သွားခြင်း

“ ရွေးချယ်စရာ နှစ်ခုက ဘာတွေလဲ ” ထန်ကျန်းမန်က သိချင်စိတ်ကို ချုပ်တည်းမထားနိုင်တော့ဘဲ မေးလိုက်သည်။

“ ပထမတစ်ခုက ငါ မင်းကို  တစ်နာရီ မဟုတ်သေးဘူး.... တစ်နာရီ‌‌တောင် မကြာစေရဘူး သင်ပေးလိုက်ရုံနဲ့  အောင်ဖို့ သေချာတယ်။ မင်းကို သင်ပေးမဲ့ဟာနဲ့ဆိုရင် မင်းအတွက် အောင်ဖို့က အလွယ်လေး ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိ စကားမဆုံးခင် ထန်ကျန်းမန်က စိုးရိမ်တကြီး ပြောလိုက်သည်  “ အစ်ကိုကြီးမို ပြောတာက ကျမကို ခဏလေး သင်ပေးလိုက်ရင် ကြယ်သုံးလုံး စာမေးပွဲ သေချာပေါက် အောင်မယ်ပေါ့ …. အဲဒါတင် မကသေးဘူး။ အဖွဲ့အစည်းရဲ့ ပဏာမ ရွေးချယ်ပွဲမှာလည်း ထိပ်ဆုံးသုံးယောက်ထဲ ပါနိုင်တယ်ပေါ့ ”

“ ဟုတ်တယ် ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည် “ အဲဒါတင် မကသေးဘူး။ တကယ်လို့ မင်း စာမေးပွဲ မဖြေဘဲ စိမ်ခေါ်မှု တန်းလုပ်ရင်တောင် အောင်ပြီးတော့ တိယွမ်ဂြိုဟ်ဆီ သွားနိုင်လိမ့်မယ် ”

မိုဝူကျိက အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့နှင့် ကမ္ဘာမြေ အာကာသ ညွှန်ကြားရေး အဖွဲ့ကြားမှ ကွာခြားချက်ကို မသိပေ။ သူက မေးဖို့ရာလည်း စိတ်မပါပေ။

“ အစ်ကိုကြီးမိုရဲ့ စကားက အမှန်ပဲလား။ လူတစ်သောင်းလောက်ဖြေတာတောင် ၂၀ လောက်ပဲ အောင်တာနော် ” ထန်ကျန်းမန်၏ အသံက အနည်းငယ်ပင် တုန်ယင်နေလေ၏။ မိုဝူကျိက ခိုင်မာစွာ ပြန်ပြောလိုက်လေ၏  “ ငါ့စကားတွေက ရွှေထက်တောင် အလေးချိန်စီးသေးတယ် ... အမှန်ပဲ ”

သူ့ချီသွေးကြော ၁၀၈ ခုလုံးမှာ အပြည့်အဝ ဆက်သွယ်ပြီးသွားပြီ ဖြစ်၏။ သူ့အသိစိတ်ပင်လယ်မှာ ပြန်မကောင်းလာသေးသော်လည်း သူ့လက်ရှိစွမ်းရည်မှာ အင်မော်တယ်လောက၌ ထိပ်ဆုံး၌ ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ အကယ်၍ သူက ထန်ကျန်းမန်ကို ကူညီပေးလိုက်ပြီး သူမက သားရဲအချို့ကိုပင် အနိုင်မယူနိုင်လျှင် သူက အင်မော်တယ် ဧကရာဇ် အတုအယောင်သာ ဖြစ်ပေလိမ့်မည်။

လူသားသစ္စာ (701-900)Where stories live. Discover now