အခန်း (887)

764 152 4
                                    

အခန်း  ( ၈၈၇)  :   ဉာဏ်ကောင်းလွန်းတဲ့ အမျိုးသမီး

“အာ ..” ထိုအမျိုးသမီးက မိုဝူကျိတစ်ယောက်  ရှီကျင်း၏ ကျင့်ကြံရေးဂူမှ ထွက်လာသည်ကို မြင်သောအခါ စကားတစ်လုံးသာ ရေရွတ်နိုင်လိုက်သည်။ သူမက သူ့ကို ဤနေရာတွင် တွေ့ရဖို့ မျှော်လင့်မထားသည့်ပုံ ပေါ်နေသည်။

မိုဝူကျိက ထိုအမျိုးသမီး၏ အံ့ဩထိတ်လန့်သွားသည့်ပုံကို မြင်ကာ ထိုအမျိုးသမီးသည် သူ့အား တမင်သပ်သပ် လာကယ်ခြင်း မဟုတ်ကြောင်း သိလိုက်သည်။ ဤအမျိုးသမီးက ရှီနန်မော့ထက် အတော်လေး လှပသော်လည်း သူမ၏ ကိုယ်ဝန်နှင့်အတူ ဒဏ်ရာများကြောင့် သူမ မျက်နှာမှာ အတော်‌လေး ဖြူဖျော့နေပြီး သူမဆီမှ ထွက်ပေါ်နေသော စွမ်းအားများက အစီအစဉ်မကျ ဖြစ်နေသည်။

“ ဘယ်လိုဖြစ်ဖြစ် ကျေးဇူးပါ …” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်လေ၏။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ  စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်တော့သည်။

ရှီကျင်းက ထိုအမျိုးသမီးကို မသတ်လိုက်လျှင်ပင် သူမက ဤနေရာသို့ ဝင်လာခွင့် ရှိမည် မဟုတ်လောက်ပေ။ ဤအမျိုးသမီးက ဤနေရာသို့ ရောက်လာပြီ ဖြစ်၍ တစ်ခုခု ဖြစ်ပျက်သွားခဲ့ခြင်းသာ ဖြစ်ရမည်။

“ ခဏ …” ထိုအမျိုးသမီးက မိုဝူကျိ ထွက်သွားတော့မည်ကို ခံစားမိကာ မြန်မြန် ခေါ်လိုက်၏။

ထိုအမျိုးသမီးဆီမှ စကားမရလျှင်ပင် မိုဝူကျိက စောင့်နေဆဲ ဖြစ်၏။ သူ့စိတ်စွမ်းအားထဲ၌ လျှပ်စီးဓားအိမ်တော်မှာ အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားကြောင်း အာရုံခံမိလိုက်သည်။ မြေပေါ်တွင် လဲကျနေသော အလောင်းများအပြင် ဤနေရာမှာ ဧရာမ ငလျှင်ကြီး တစ်ခု ကြုံတွေ့ခဲ့ရသည့်အလား ပုံပေါ်နေသည်။

လျှပ်စီးဓားအိမ်တော်အပြင်ဘက်ရှိ စိမ်းစိမ်းစိုစို မြင်ကွင်းများမှာလည်း ကျတ်တီးနယ်မြေအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အရာအားလုံးမှာ လျှပ်စီးဓားအိမ်တော်သည် ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရကြောင်း ပြသနေ၏။

“ လျှပ်စီးဓားအိမ်တောက် ဘယ်လိုဖြစ်သွားတာလဲ ” မိုဝူကျိက ထိုအမျိုးသမီးအား စိုက်ကြည့်ရင်း မေးလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now