အခန်း (789)

726 135 1
                                    

အခန်း (၇၈၉)  :  တာအိုဧကရာဇ်နှင့် တိုက်ပွဲ

မိုဝူကျိတို့ ထွက်သွားပြီး အမွေးတိုင်တစ်တိုင်စာမျှပင် မရှိသေးသည့် အချိန်လေးအတွင်း စကြဝဠာအစွန်းဆီ မီးခိုးရောင် သင်္ဘောပျံတစ်စင်း ရောက်ရှိလာသည်။

“ သူတို့က  နတ်ဘုရားမျိုးနွယ်ရဲ့ တာအိုဧကရာဇ် ဝူဝမ့်နဲ့ တာအိုဧကရာဇ် လွန်ဖာတို့ပဲ … ” သင်္ဘောပျံမှ  သူတို့ ထွက်ပေါ်လာသည်နှင့် သူတို့ကို စကြဝဠာအစွန်းမှ လူများက တန်း၍ မှတ်မိလိုက်ကြသည်။ လူများစွာက  သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

နတ်ဘုရားမျိုးနွယ်စုက ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အားအကောင်းဆုံး မျိုးနွယ်စုထဲမှ တစ်ခု ဖြစ်ပေသည်။ ထို့အပြင် ဝူဝမ့်နှင့် လွန်ဖာတို့အပြင် နောက်ထပ် တာအိုဧကရာဇ် နှစ်ယောက်လည်း ပါရှိနေသေး၏။ အားလုံးက သူတို့ ရောက်လာသည့် အကြောင်းအရင်းကို သိကြသည်။

နတ်ဘုရားမျိုးနွယ်စု၏ သခင်လေး ဝူလီက စကြဝဠာအစွန်း၌ အသတ်ခံလိုက်ရလေသည်။ နတ်ဘုရားမျိုးနွယ်စုက ဘာမှ မလုပ်မှသာ ထူးဆန်းနေပေလိမ့်မည်။

ဝူဝမ့်က သစ်ခေါက်နှင့်တူသော လွန်ဖာနှင့်အတူ ဆင်းလာလေ၏။ နောက်ထပ် တာအိုဧကရာဇ် နှစ်ယောက်မှာ စကြဝဠာအစွန်း အပြင်ဘက်၌ ကျန်ရှိနေပေရာ မိုဝူကျိ ထွက်ပြေးလျှင်ဆိုသည့် အတွေးဖြင့်  ကြိုတင် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

“ ဖုန်းဟွမ်က တာအိုဧကရာဇ် ဝူဝမ့်နဲ့ တာအိုဧကရာဇ် လွန်ဖာတို့ကို နှုတ်ဆက်ပါတယ် ….” ဝူဝမ့် စကြဝဠာအစွန်းထဲ ဝင်လာသည့်အခါ ဖုန်းဟွမ်က သူ့အား ပြုံးရင်း နှုတ်ဆက်လိုက်သည်။

“ တာအိုသခင်ဖုန်း ...  မိုဝူကျိ ရှိသေးလား ” ဝူဝမ့်အသံမှာ အေးစက်စက် ဖြစ်နေသည်။ သူက ဖုန်းဟွမ်အား ထုနှက်ရန် ပြင်ဆင်ထားဟန် ပေါ်နေသည်။

ဖုန်းဟွမ်က သက်ပြင်းချကာ  “ သူက ထွက်သွားဖို့ ဆုံးဖြတ်ထားတာဆိုတော့ နေခိုင်းလို့ မရလိုက်ဘူး ”

ဖုန်းဟွမ်က မိုဝူကျိ ထွက်သွားပြီးနောက်မှ နတ်ဘုရားမျိုးနွယ်စု ရောက်ရှိလာဖို့ရာ နေ့ဝက်ခန့် ကြာမြင့်မည် မဟုတ်ကြောင်း သတိထားမိလိုက်ခြင်း ဖြစ်၏။ မိုဝူကျိက ထွက်သွားဖို့ရာ အလျှင်လိုနေခြင်းမှာ မိုဝူကျိက သတင်းပို့ ဓားပျံ အကြောင်းအရာကို မှန်းဆမိ၍ ဖြစ်ပေလိမ့်မည်။ အရိုးသားဆုံးပြောရလျှင် ဖုန်းဟါမ်က မိုဝူကျိသည် ပါဝင်အကြောင်းအရာအား အတိအကျ မှန်းဆနိုင်သည့်အတွက် အတော်လေး အံ့အားသင့်မိလေ၏။ တစ်ချိန်တည်းဆိုသလို ဝူဝမ့်အပေါ်ကို မကျေမနပ်လည်း ဖြစ်မိသည်။ အကယ်၍ ဝူဝမ့်သာ သတင်းပို့ ဓားပျံ မပို့ခဲ့လျှင် သူ ဖုန်းဟွမ်က မိုဝူကျိအား ထိန်းထားပေးရန် မရည်ရွယ်ဘဲ ကူညီပေးလိုက်ဦးမည် ဖြစ်၏။

လူသားသစ္စာ (701-900)Where stories live. Discover now