အခန်း (783)

755 155 4
                                    

အခန်း (၇၈၃) 

ယန်ယွဲ့ရုန်က မိုဝူကျသည် ဝူလီနှင့် တွေ့ဆုံရန် တာအိုဆွေးနွေးခြင်း စင်မြင့်ဆီ သွားမည်ကို ကြားသောအခါ အလန့်တကြား အော်ကာ  “ အစ်ကိုကြီးတာ့ဟွမ် … တာအိုဆွေးနွေးခြင်း စင်မြင့်ကို သွားလို့ မဖြစ်ဘူး။ အဲဒီ ဝူလီက စကြဝဠာအစွန်းရဲ့ မဟာအင်မော်တယ်ဘုရင် သုံးယောက်ထဲမှာတောင် ပါတယ်။ သူက အင်မော်တယ်ဘုရင်အဆင့်နဲ့ အင်မော်တယ် အုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် သတ်နိုင်ခဲ့တာ … အခု သူက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်သွားပြီဆိုတော့ အင်မော်တယ် ဧကရာဇ်တောင် သတ်နိုင်နေလောက်ပြီ ”

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ  “ စိတ်မပူပါနဲ့ …. သွားကြစို့။  ငါ အစ်မကြီးရှောင်ယုအစား လက်စားပြန်ချေပေးမယ်။ ဒါနဲ့ သူမရဲ့ အလောင်းကရော ဘယ်မှာလဲ ”

ယန်ယွဲ့ရုန်က မျက်လုံးများ နီရဲလာကာ “ ညီမရဲ့ သိုလှောင်လက်စွပ်ကို လုယူခံလိုက်ရပြီ။ အစ်မရှောင်ယုရဲ့ အလောင်းက အဲထဲမှာ ”

“ လက်စွပ် ယူသွားတဲ့သူကို မှတ်မိလား။ ပြီးတော့ ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ ” မိုဝူကျိက မေးလိုက်သည်။ သူက စိတ်ခံစားချက် ပြင်းသော လူတစ်ယောက် ဖြစ်ပေသည်။

သူက ရှောင်ရှောင်ယုနှင့် ယန်ယွဲ့ရုန်တို့နှင့် လူသားသေမျိုးအဖြစ် ဟန်ဆောင်ရင်း သိကျွမ်းခဲ့ခြင်း ဖြစ်ပေသည်။ ထိုသည်က သူတို့၏ ဆက်ဆံရေးကို ပိုမို၍ တန်ဖိုးရှိစေ၏။ သူအနေနှင့်  ရှောင်ရှောင်ယုဆီ ဒုက္ခကျရောက်လာစဉ် ဘာမှမလုပ်နိုင်ခြင်းမှာ ဘာမှကို မသိခဲ့၍ ဖြစ်သည်။ သို့သော် ယခုတွင် သူက  အခြေအနေကို သဘောပေါက်နေပြီ ဖြစ်ရာ မိုဝူကျိအနေနှင့် မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ဖြစ်ခဲ့တာ …. အဲဒီလူက အတော်လေး ခက်ထန်တဲ့သွင်ပြင်ရှိတယ်။ သူ့တစ်ကိုယ်လုံးကလည်း ကြမ်းတမ်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတယ် ” ယန်ယွဲ့ရုန်က ထိုအမျိုးသားကို သေချာပြန်တွေးမိသည့်အခါ တုန်ယင်လာမိသည်။

အကယ်၍ သူမ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော နှိုးကြားလာခြင်းကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် ထိုလူလက်ချက်ကြောင့် သေနေလောက်လေပြီ။ သို့သော် သူမ၏ လျို့ဝှက် ဝိညာဉ်ကြောကို သတိပြုမိပြီးနောက် လေလံပွဲသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now