အခန်း (878)

716 143 3
                                    

အခန်း  (၈၇၈)  : ကြောက်မက်ဖွယ် အသိစိတ်ပင်လယ်

“ ခင်ဗျားက ကျုပ် ရလာတဲ့ ကံကြမ္မာကို ခိုးယူပြီးတော့ ကျုပ်ကို ဝင်ပူးချင်နေတာလား ” မိုဝူကျိက  ရုတ်ချည်း ထမေးလိုက်သည်။

“ မင်းက လောကရဲ့ကံကြမ္မာကို တကယ် ရလာတာလား ” ထိုအသံပိုင်ရှင်က တက်ကြွလာလေ၏။

မိုဝူကျိက သက်ပြင်းချလိုက်တော့သည်။ ဤလူက သူ့အတွေးများကို ထိုးဖောက်မြင်နေသည်ဟု တွေးမိခဲ့သည်။ အမြင်နှင့်တင် ထိုလူက ထိုသို့မလုပ်နိုင်ပေ။

“ မင်းက ဉာဏ်ကောင်းသားပဲ …. တကယ်လို့ ငါသာ မမှားရင် မင်းလည်း အဲဒီကံကြမ္မာ ရမလာဘူးမလား။ မင်းက ငါ့တျန်းဂျီ ကံကြမ္မာအလွှာကို ရှန်းထျန်းရတနာနဲ့  ပိုင်းခုတ်လိုက်လို့ ခန်းမပျက်စီးပြီးတော့ မင်း ဒီနေရာ ရောက်လာတာ ဟုတ်တယ်မလား။ ဒီနေရာကို ဘေးကင်းကင်း ရောက်လာတယ်ဆိုတော့ မင်းက အနည်းဆုံး နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့်ပဲ ဖြစ်ရမယ် ”

မိုဝူကျိက ပို၍ စိတ်အေးမိသွားသည်။ တစ်ဖက်လူက သူ ကံကြမ္မာ ရမလာကြောင်း  ၉၉ ရာခိုင်နှုန်း သေချာနေသော်လည်း သူက ကျန် ၁ ရာခိုင်နှုန်းအား ဖက်တွယ်ထားသေး၏။ အမြင်နှင့်တင် ထိုသို့ကံကြမ္မာမှာ လွဲပြောင်းပေးလို့ ရနေသည်။ ဤလူက အကြောင်းပြချက်အချို့ကြောင့် မလှုပ်ရှားနိုင်သောကြောင့် သူ ကံကြမ္မာ ရလာဖို့ရာ မျှော်လင့်ထားပြီး အတင်းကျပ် လုယူမည် ဖြစ်၏။

မိုဝူကျိက ဤလူသည် အတွေးလွန်နေကြောင်း ပြောနိုင်ပေသည်။ သူက အသတ်ခံရလျှင်ပင် ကံကြမ္မာကို လိုလားစွာ လွဲပြောင်းပေးမည် မဟုတ်ပေ။

“ ခင်ဗျားက ဘယ်သူလဲ …. ခင်ဗျား မပြောရင် ကျုပ် တခြားနေရာဆီ သွားတော့မယ် ” မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်။

“ မင်းကို ပြောပြလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဒီပညာရှင်ကြီးက ခွန်းယွင်ပဲ … မင်းကို တစ်ခု ပြောပြမယ်။ ငါက ပိတ်မိနေတယ်လို့ မင်း ထင်ရင်ထင်နေမှာပေါ့။ ဒါပေမဲ့  မင်း တည်နေရာပြောင်းပြီး သွားလိုက်ရင်တောင် မင်း ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး ” ခွန်းယွင်လေသံ၌ အေးစက်မှု အရိပ်အယောင် ပါဝင်နေလေ၏။

လူသားသစ္စာ (701-900)Where stories live. Discover now