အခန်း (753)

798 146 0
                                    

အခန်း (၇၅၃)  :  နောက်တစ်ကြိမ် ထပ်ကူညီခြင်း

လော့စီက အနည်းငယ် ပွရှုပ်နေသော ဆံပင်များနှင့် ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးသို့ ဒုန်စိုင်း ပြန်ရောက်လာသည်။ သူမ ဝင်လာသည်နှင့် စိတ်သက်သာရာ သက်ပြင်းအကြီးကြီး ချလိုက်တော့သည်။ အနည်းဆုံးတော့ သူမအနေနှင့် သုံးရက် နေလို့ ရပြီ မဟုတ်ပါလော။

လက်ရှိ လော့စီက သူမ မျက်နှာကို အုပ်ထားသော ပဝါမည်း ပါရှိသလို သူမ ဝိညာဉ်စွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်နေလေ၏။ သူမ ဒဏ်ရာများမှ ပြန်မကောင်းသေးကြောင်း သိသာလှသည်။

သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူမရှေ့သို့ အရပ်ရှည်ရှည် ဖြူဖျော့ဖျော့ မိန်းကလေး လျှောက်လှမ်းလာသည့်အခါ အမူအယာမှာ ပြောင်းလဲသွားတော့သည်။ အရပ်ရှည်ရှည် မိန်းကလေးကို မိန်းကလေးဟု ယူဆနိုင်သည့်အချက်မှာ သူမ၏ မို့မောက်နေသော ရင်ဘတ်ကြောင့် ဖြစ်သော်လည်း သူမ လည်ပင်းမှ ဇလုတ်ကြောင့် ယောက်ျားတစ်ယောက်အဖြစ်လည်း  ယူဆ၍ ရနေပေ၏။

“‌လော့စီ ….  မင်းက ဒီနေရာမှာ တိုက်ချင်တာလား ဒါမှမဟုတ် ငါနဲ့အတူတူ ထွက်သွားမလား ” လော့စီဆီ လျှောက်လှမ်းလာသူက မထီမဲ့မြင့် ပြောလိုက်သည်။ သူ့အသံကား ထူထူးခြားခြား ကြောက်စရာကောင်းနေသည်။

လော့စီက သူမ ခြေထောက်များပင် တုန်ယင်လာပြီး တစ်ကိုယ်လုံးလည်း ကြက်သီးတဖြန်းဖြန်း ထလာသည်ကို ခံစားမိလိုက်သည်။ ထိုစဉ် သူမက အလွန်ကို ရွံ့စရာကောင်းသည့် ခူကောင်ရှေ့ ရပ်နေရသည့်အလား ခံစားနေရသည်။

လော့စီက ထိုလူ၏ ဇာစ်မြစ်ကို ကောင်းကောင်း သိပေသည်။ ထိုသူမှာ ကောင်းကင်ဘုံအလွန် မိစ္ဆာပိုင်နက်မှ  နှစ်ဖက်ချွန် ( လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ) ကျီချီ ဖြစ်ပေ၏။ အတိအကျပြောရလျှင် သူက အမျိုးသား ကျင့်ကြံသူများနှင့် အမျိုးသမီး ကျင့်ကြံသူများကိုပါ နှိပ်စက်သည့် နှစ်ဖက်ချွန် လူစားမျိုး ဖြစ်၏။

လွန်ခဲ့သည့် လဝက်ခန့်  ထိုသူက လော့စီ၏ သွင်ပြင်များကို မြင်တွေ့လိုက်စဉ်ကတည်းက လော့စီက ဆက်တိုက် ပြေးလွှားနေရခြင်း ဖြစ်၏။ သူမ ထွက်ပြေးနေစဉ်အတွင်း အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့သောကြောင့် သူမတွင် ထွက်ပြေးဖို့ရာ နေရာ မရှိတော့ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now