အခန်း (857)

696 144 5
                                    

အခန်း (၈၅၇) : ဒီနေ့ လူအများကြီး သေကိုသေရမယ်

ယန်လီ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့် ရောက်ရှိသည်မှာ ကြာမြင့်လှပြီဖြစ်ရာ သူ့အရှိန်အဝါ ထုတ်ဖော်လိုက်သည်နှင့် လေထုအတွင်း မိုးကြိုးသံများ ထွက်ပေါ်လာသည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း မိုးကြိုးချက် ကိုးချက်က ကျဆင်းလာသည်။

ယန်လီ၏ ရုပ်ခန္ဓာမှာ အားမနည်းပေ။ သူက မိုဝူကျိကဲ့သို့ မိုးကြိုးချက်များကို ရင်ဆိုင်ခြင်း မရှိသော်လည်း သူ့အနေနှင့် ကာကွယ်ရေးရတနာများ ထုတ်သုံးဖို့ရန် မလိုအပ်ပေ။ သူက မိုးကြိုးချက်များကို လက်ခံရုံသာ ဖြစ်၏။

မိုးကြိုးချက်များက ယန်လီအပေါ် ကျရောက်လာသည်။ သူတို့က ယန်လီ၏ အရေပြားကို ဆွဲဖြဲသွားကာ သွေးများ ထွက်လာစေသည်။ ယန်လီက အမှန်ပင် အကြမ်းအတမ်း ခံနိုင်လှ၏။ သူက မည်သည့်နာကျင်မှုမျိုးမျှ မငြီးငြူသလို မည်သည့် ကာကွယ်ရေးပစ္စည်းမျှလည်း မထုတ်ပေ။

မိုဝူကျိ၏ ဘေးတွင် ရပ်နေသည့် မိုချင်းချယ်က ထိုမြင်ကွင်းကို မြင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ ဖိုးဖိုး …  ဒီမိုးကြိုးချက်တွေက အရမ်းကြောက်ဖို့ ကောင်းတာပဲနော်။ နောင်ကျ သမီးလည်း ဒီလိုမျိုးနဲ့ ရင်ဆိုင်ရမှာလားဟင် ”

မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဟုတ်တယ်။ မင်း အဆင့်မြင့်တဲ့ဆီကို တက်လှမ်းချင်ရင်တော့ မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ လိုအပ်တယ်။ တကယ်လို့ ကျရှုံးသွားရင် မင်း အမှုန့်ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိက မိုချင်းချယ်အား အားပေးနှစ်သိမ့်ဖို့ ကြိုးစားမနေပေ။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤအရာကို သူမက လက်ခံနိုင်စွမ်း မရှိလျှင် မည်သည့် အားပေးမှုမျိုးမဆို အသုံးမဝင်ပေ။

သူက မိုချင်းချယ်၏ ဘေးတွင် တစ်ချိန်လုံး နေနိုင်မည် မဟုတ်ချေ။ မိုချင်းချယ်သည် သူမ လမ်းကြောင်းပေါ်၌ သူမဘာသာ လျှောက်လှမ်းရမည် ဖြစ်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now