အခန်း (807)

741 155 3
                                    

အခန်း (၈၀၇)  :  စန်းလန်အား သတ်ဖြတ်ခြင်း

ခဏအကြာတွင် စန်းလန်က အသိပြန်ကပ်လာသည်။ ပေါင်ပုအား အဆုံးသတ်ပစ်ခဲ့သည့်  မိုဝူကျိ၏ လက်ချောင်းက အတော်လေး ကြောက်ဖို့ ကောင်းသော်လည်း အမှန်တရားမှာ မိုဝူကျိက သူတို့ထက် အားကောင်းနေသော်လည်း အားလုံးကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည့်အထိတော့ မဟုတ်ပေ။

စန်းလန်က တခြားသူများကို သတိပေးလိုသော်လည်း သူက မိုဝူကျိ၏ လက်ချောင်းကို မြင်လိုက်သည့်အခါ သူ့အခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်တော့သည်။ ယခင် ပေါင်ပုအား ချိန်ရွယ်ထားသည့် လက်ချောင်းနှင့် ကွာခြားနေသည်က ထိုလက်ချောင်းမှာ သူ့အား ချိန်ရွယ်ထားခြင်း ဖြစ်နေသည်။

မိုးမြေကြားတွင် အပြောင်းအလဲ ဖြစ်သွားဟန်ဖြင့် အဆုံးမဲ့စွမ်းအားများ ထွက်ပေါ်လာကာ  စန်းလန်အား သေးငယ်လာသည်ဟု ခံစားသွားရစေသည်။ ထိုစဉ် သူ့ဘေးပတ်လည်ရှိ စည်းမျည်းများမှာ ပြောင်းလဲကုန်ပြီး အရာအားလုံးမှာလည်း  သူ စန်းလန်နှင့် မသက်ဆိုင်တော့သည့်အလား ပြောင်းလဲသွားဟန် ပေါ်သည်။

စန်းလန်က သူ့ကိုယ်သူ ကမ္ဘာကြီးထဲမှ ပုရွှက်ဆိတ် တစ်ကောင်လေးမျှဟု ခံစားလိုက်ရ၏။ အကယ်၍ ဤနေရာက ရွှံ့တောမြေ တစ်ခု ဖြစ်နေလျှင် သူက အဆက်မပြတ် ရုန်းကန်နေမိခြင်းသာ ဖြစ်သည်။ နေရာက စတင် ပြိုကျပျက်စီးသွားပြီး အချိန်က နှေးကွေးလာလျှင် အရာအားလုံးမှာ စတင်ပြိုကျလာသည်။ မိုဝူကျိ၏ လက်ချောင်းမှ  ပျက်စီးစေသည့် စွမ်းအားများက သူ့အပေါ် မကျရောက်သေးသော်လည်း စန်းလန်က နောက်အခိုက်အတန့်လေး၌ ဘာမဆို ဖြစ်သွားနိုင်ကြောင်း သိလိုက်သည်။

“ မဟုတ်ဘူး ” စန်းလန်က ရင်ထဲ၊ အသည်းထဲမှ အော်ဟစ်လိုက်သည်။ သူက သွေးအဆီအနှစ်ကို မြန်မြန် လောင်ကျွမ်းစေလိုက်ပြီး ထိုလက်ချောင်းမှ ထွက်ပြေးဖို့ရာ ကြိုးစားလိုက်သည်။ သူက ထိုလက်ချောင်းမှ လွတ်မြောက်သွားသည်နှင့် သူက တခြားသူများကို မိုဝူကျိနှင့် ရင်ဆိုင်ဖို့ရာ သေမင်းထောင်ချောက် အစီအရင် သုံးဖို့ မလိုအပ်ကြောင်း သတိပေးနိုင်လိမ့်မည်။ သူတို့ လုပ်ဖို့ လိုအပ်သည့်အရာမှာ အားလုံးအတူတကွ ပူးပေါင်းတိုက်ခိုက်ဖို့ ဖြစ်ပြီး သူတို့က မိုဝူကျိအား မသတ်နိုင်လျှင်ပင် သူတို့အနေနှင့် မိုဝူကျိ ကြိုးဆွဲရာလည်း ခံရတော့မည် မဟုတ်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now