အခန်း (733)

756 132 1
                                    

အခန်း (၇၃၃)  :  များများပြော နည်းနည်းလုပ်

ရှန်းမူချင်က လျှောက်လှမ်းလာသည့် လူအုပ်ကြီးကို သတိပြုမိလိုက်ကြသည်။ သူမက သက်ပြင်းတစ်ခါ ပြန်ချလိုက်ပြီး တစ်ခုခု ပြောဖို့ရာ နောက်ကျသွားကြောင်း သိလိုက်မိသည်။

“ ဘာဖြစ်တာလဲ ” ရှေ့ဆုံးမှ အင်မော်တယ်ဘုရင်က ရောက်လာသည်နှင့် အော်ကာ မေးလိုက်သည်။ ဤဆိုင်မှာ အနှောင်အဖွဲ့ကင်း နန်းတော်က ပိုင်ဆိုင်ခြင်း ဖြစ်ရာ မည်သို့ပင် ဖြစ်လာစေကာမူ သူ့အနေနှင့် အနှောင်အဖွဲ့ကင်း နန်းတော်ဆီ  သင့်တော်သော အဖြေကို ပေးရမည် ဖြစ်၏။

“ ပင်မကိစ္စ ရေးရာ ခန်းမသခင် … သူတို့က ကျုပ်ဆိုင်းဘုတ်ကို ဖျက်စီးပစ်ပြီးတော့ သူတို့ကျင့်ကြံဆင့်နဲ့ လာအနိုင်ကျင့်နေတာပါ ” မဟာကျီရှန်းအဆင့် ကျင့်ကြံသူက စူးခရာအင်မော်တယ်မြိုဟောင်း၏ စည်းကမ်း ထိန်းသိမ်းမှူးတို့ကို မြင်သည့်အခါ မြန်မြန် သွားကာ အခြေအနေကို ရှင်းပြလိုက်၏။

ထိုအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိကို မြင်လိုက်သည့်အခါ မှတ်မိသွား၍ ချက်ချင်းဆိုသလို တအံ့တဩ တုန်လှုပ်သွားတော့သည်။

ယခင် အင်မော်တယ် ဧကရာဇ် လွန်ချိုက်က မိုဝူကျိ၏ အလိုရှိ ဖမ်းဝရမ်းကို ထုတ်ခဲ့ဖူးလေရာ သူက မည်သို့များ မိုဝူကျိ၏ မျက်နှာကို မမှတ်မိဘဲ နေရမည်နည်း။

ထိုမိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် တစ်ယောက်ဖြစ်ပြီး လုံးဝကို မရိုးရှင်းပေ။ မဟာဧကရာဇ်များ အဝိုင်းခံထားရလျက်နှင့်ပင် ထွက်ပြေးလွှတ်မြောက်သွားသူလည်း ဖြစ်၏။ ယခု သူက စူးခရာအင်မော်တယ်မြို့ဟောင်းသို့ ပြန်လာပြီ ဖြစ်ရာ ထိုလူက မိုဝူကျိသည် ကိုယ့်သေတွင်းကို လာတူးခြင်း ဖြစ်သည်ဟု ပြောလျှင်ပင် မယုံနိုင်ပေ။

အကယ်၍ မိုဝူကျိက ဤမျှ ဉာဏ်ရည်နိမ့်ကျနေလျှင် အကြိမ်များစွာ အသတ်ခံပြီးလောက်လေပြီ။

တစ်ချိန်တည်းဆိုသလို ဤအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိသည် ဤဈေးဆိုင် ဆိုင်းဘုတ်အား အဘယ်ကြောင့် တစစီ လုပ်ပစ်မှန်း ကောင်းကောင်း သိပေ၏။ ဤဆိုင်မှာ မိုဝူကျိ အပိုင်ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

လူသားသစ္စာ (701-900)Where stories live. Discover now