အခန်း (740)

780 126 4
                                    

လူသားသစ္စာ  54 စာမြည်း
အခန်း (၇၄၀)  : ငြင်းဆန်ခြင်း

မိုဝူကျိက ပြန်ဖြေလိုက်သည် 

“ စီနီယာအစ်မ ဝမ်လန် …. ကျုပ် လိန်ဟုန်ကျီနဲ့ သိပါတယ်။ အဲလူရဲ့ ပါရမီအရည်အချင်းကို ကျုပ် လေးစားမိတဲ့အထိပဲ ။ အနည်းဆုံးတော့ သူက ကျုပ်ထက်တော့ ပိုသာတာပေါ့ … ”

“ ဝူကျိ .. လိန်ဟုန်ကျီရဲ့ ပါရမီက မင်းထက် သာတယ်ဆိုတာ ဘယ်လိုလုပ် ပြောတာလဲ။ အရှင်းဆုံးပြောရရင် ငါက မင်းရဲ့ ပါရမီနဲ့ အမွေအနှစ်ကို မမြင်နိုင်ပေမဲ့ အင်မော်တယ်လောကမှာ မင်းနဲ့ ယှဉ်နိုင်မဲ့သူ နည်းနည်းလေးပဲ ရှိတယ်ဆိုတာတော့ သိတယ်။

မဟုတ်ရင် မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အင်မော်တယ်ဘုရင်အဆင့် ရောက်နေမှာ မဟုတ်ဘူးလေ။ လိန်ဟုန်ကျီက အများဆုံး မင်းလောက်ပဲ တော်တာပဲ ဖြစ်နိုင်တယ်။ သူက အင်မော်တယ်ဘုရင်အဆင့်တောင် မတက်လှမ်းရသေးဘူးလေ ” အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိ စကားမဆုံးခင် ဝင်ဖြတ်ပြောလိုက်၏။

မိုဝူကျိက ပြောစရာ ရှာမတွေ့ဖြစ်မိသွားသည်။ လိန်ဟုန်ကျီ၏ ပါရမီနှင့် သူ့ကို နှိုင်းယှဉ်ခြင်းမှာ သူ့အား အထင်ကြီးလွန်းနေသည် ဖြစ်၏။ လိန်ဟုန်ကျီကို ထည့်ပြောမနေလျှင်ပင် ကြုံရာကျပန်း ကျင့်ကြံသူ တစ်ယောက်ပင် သူ့ထက် ပါရမီသာဦးမည် ဖြစ်သည်။ သူ့တွင် မွေးရာပါ အရည်အချင်း မပါလာသလို ဝိညာဉ်‌ကြော မရှိသည့် လူတစ်ယောက်သာ ဖြစ်နေ၏။

ဘေးတွင်ရှိသော ရှန်းမူချင်၏ စိတ်ထဲ၌ တုန်လှုပ်သွားလေ၏။ ယခင်ကတည်းမှ သူမက  မိုဝူကျိသည် မရိုးရှင်းကြောင်း သိထားသော်လည်း သူမခန့်မှန်းချက်မှာ အမှန်ဖြစ်နေလေ၏။ ကြယ်ကိုးလုံး ပါရမီရှင်များပင် မိုဝူကျိရှေ့၌ ဘာဆိုဘာမှ မဟုတ်တော့ချေ။ ထိုနိုက်ဟော်မှာ သူမ ဇာစ်မြစ်က ကြီးကျယ်သော်လည်း မိုဝူကျီကြောင့် ကျိုးပျက်ကမ္ဘာ ကူးသန်းရေးမျှော်စင်၌ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသည်။

မိုဝူကျိက ဆေးလုံးဧကရာဇ် တစ်ယောက်ဖြစ်သောကြောင့် မဟာလော့ရှန်းအဆင့် ရောက်နေလျှင်ပင် သူမစိတ်ထဲ အုတ်အော်သောင်းနင်း ဖြစ်စေဖို့ရာ လုံလောက်နေလေပြီ။ သို့သော် ယခုတွင် မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် ရောက်နေပြီ ဖြစ်၏။ သူမ ရှန်းမူချင်က ကြယ်ခုနှစ်လုံး ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း သူမ ကျင့်ကြံဆင့်အား မိုဝူကျိနှင့် နှိုင်းယှဉ်လိုက်သည့်အခါ အတော်လေး ဆိုးရွားနေလေ၏။

လူသားသစ္စာ (701-900)Where stories live. Discover now