အခန်း (815)

809 173 8
                                    

အခန်း  (၈၁၅)  :  နောက်ဆုံး၌ လူသားမျိုးနွယ်တွင် အားကောင်းသူ တစ်ယောက် ရှိလာခြင်း

“ ငါတို့တွေ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ဆီ သွားသင့်တယ်။ အဲဒီနေရာက တစ်ဖက်စွန်း ရွေးချယ်မှုဆိုပေမဲ့ အနည်းဆုံးတော့ ကျင့်ကြံရေး အရင်းအမြစ်တချို့ ရနိုင်တာပေါ့။ ဒီနေရာမှာ သေဖို့ ထိုင်စောင့်နေတဲ့အစားတော့ အများကြီးသာတယ်” လုကျီတင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ အဲဒါက အရမ်းခက်ခဲနေမှာကို စိုးရိမ်မိတာ … ကောင်းကင်ဘုံ နယ်နမိတ်အလွန်ဆိုတာက ဇာတ်တူသားစားကြတဲ့နေရာပဲ။ ကျင့်ကြံရေး အရင်းအမြစ်တွေ ပေါများတာ အမှန်ဆိုပေမဲ့ ကျင့်ကြံဖို့ သင့်တော်တဲ့ နေရာ မဟုတ်ဘူး။ ငါတို့တွေ ကျင့်ကြံရေး အရင်းအမြစ်တွေ ရပြီးတဲ့နောက် ကောင်းကင်ဘုံနယ်နမိတ်အလွန်ကနေ ထွက်သွားသရွေ့ပေါ့။ မဟုတ်ရင် ငါတို့တွေ ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ အသတ်ခံရရင် အသတ်ခံရ ဒါမှမဟုတ် အားနည်းလာလိမ့်မယ် ” ပုံရိပ်ယောင်ချင်တာအို တာအိုသခင် ကျဲယင်က ခေါင်းခါကာ ပြောလိုက်၏။

လုကျီတင်းက ချက်ချင်း ပြန်ပြောလိုက်သည်  “ အဲလို မဖြစ်လောက်ပါဘူး။ အဲဒီနှစ်တုန်းက ဂိုဏ်းချုပ်မိုက အင်မော်တယ် အုပ်စိုးသူအဆင့်ဆိုပေမဲ့ ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ ကောင်းကောင်း နေခဲ့ရတာ မဟုတ်ဘူးလား။ သူက ဆေးလုံးအိမ်တော်တောင် ဖွင့်လိုက်သေးတယ်လေ ”

ကျဲယင်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်  “ ဂိုဏ်းချုပ်လု … အားလုံးက ဂိုဏ်းချုပ်မို ဖြစ်နိုင်တာ မဟုတ်ဘူးလေ။ ပြီးတော့ ဂိုဏ်းချုပ်မိုက သူ့စိတ်ကြိုက် လုပ်ခဲ့ပေမဲ့ ဘယ်လိုဖြစ်သွားရပြီလဲ။ အခုဆို နတ်ဘုရားမျိုးနွယ်စုက သူ့ကို သတ်လိုက်ပြီဆိုတဲ့ သတင်းတွေတောင် ထွက်နေတာ ”

“ မဟုတ်သေးပါဘူး … ကျုပ်ကြားထားတာတော့ ဂိုဏ်းချုပ်မိုက နတ်ဘုရားမျိုးနွယ်က တာအိုဧကရာဇ်ကို သတ်လိုက်တာဆို .. ပြီးတော့ ရုပ်ဖျက်ပြီး ထွက်ပြေးသွားတာတဲ့ ” လုကျီတင်းက မနေနိုင်ဘဲ ပြန်လည် ချေပလိုက်ပြန်သည်။

မိုဝူကျိ အင်မော်တယ်ဘုရင် အဖြစ် ရှိစဉ်အခါက ဖင်းဖန်ကို တည်ထောင်ခဲ့သည်။ ထိုအရာက လုကျီတင်းဆီမှ လေးစားမှုကို ရသွားစေသည်။ သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်မှ တာအိုဧကရာဇ်ကို သတ်လိုက်သည့် သတင်းမှာ အမှားဖြစ်ကြောင်း သိထားသော်လည်း လက်တွေ့ကို လက်မခံလိုပေ။ ဤသို့မျိုး ကောင်းကင်ဘုံနယ်နမိတ်အလွန် နေရာမျိုး၌ သူက လူသားမျိုးနွယ်  အားကောင်းသူများ၏ အရေးပါမှုကို သတိပြုမိလာသည်။

လူသားသစ္စာ (701-900)Where stories live. Discover now