အခန်း (892)

665 150 2
                                    

အခန်း (၈၉၂)  :  မဟာတာအို တိုက်ပွဲ

ယင်လင်းက သူမ ဝိညာဉ်ကြောမှာ အရည်အသွေး မကောင်းကြောင်း အမြဲ သိထားခဲ့၏။ မဟုတ်လျှင် သူမက ကနဦး နတ်ဘုရားအဆင့်၌ နှစ်များစွာ ကြာမြင့်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ စမ်းသပ်ချက်ကို မြင်လိုက်သည့်အခါ စိတ်မပျက်မိခြင်း ဖြစ်၏။

ယင်လင်း ဆင်းလာပြီးနောက် တိပုံထုံက နေရာယူလိုက်သည်။ သူဝိညာဉ်ကြောမှာလည်း ယင်လင်းနှင့် အတူတူ ဖြစ်ကာ သူက ယင်လင်းထက် အနည်းမျှသာ ပိုကောင်းသည်ဟု ယူဆနိုင်ရုံမျှ ဖြစ်သည်။ ခြားနားချက်မှာလည်း အစွန်းအဖျားမျှသာ ဖြစ်ပေသည်။ အလယ်ရှိ တိုင်နက်လုံးမှာ အဖြူရောင် ပြောင်းသွားပြီး မီးခိုးရောင် အမှတ်အသားများနှင် ရောနှောသွားလေသည်။

ရှီစုက သက်ပြင်းချကာ ဝေကျဲက ပါရမီကောင်းသော တပည့်များကို မရွေးလာနိုင်မှန်း သိထားသော်လည်း သူတို့ဝိညာဉ်ကြောကို ကြည့်၍ အနည်းငယ်တော့ စိတ်ပျက်မိနေဆဲ ဖြစ်သည်။ သူက သူ့စိတ်ပျက်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။

တိပုံထုံ ဆင်းလာပြီးနောက် ရှီစုက ရှက်ရွံ့နေသည့် ကူချိုက်အား လှည့်ပြောလိုက်သည်  “ လာလာ … စစ်ဆေးကြည့်ရအောင်လေ ”

စုရှားက ကူချိုက်၏ အကျင့်စရိုက်ကို သိထားသူ ဖြစ်၍ ကူချိုက်က ရှေ့တစ်လှမ်းမှ မတိုးရဲ ဖြစ်နေသည်ကို သတိပြုမိ၍ ကူချိုက်လက်လေးကို ဆွဲကာ “ ဂျုနီယာညီမလေး ကူချိုက် … ဂိုဏ်းချုပ်က ငါတို့ရဲ့ မိသားစုဝင်လိုပဲလေ။ မင်းက ဒီရောက်လာမှတော့ မိသားစုရဲ့ တစိတ်တပိုင်းပဲ။  သွားပြီး စစ်ဆေးကြည့်လိုက် …. ရလဒ်ကို ဘာမှစိုးရိမ်နေဖို့ မလိုဘူး ”

ကူချိုက်က အသံတိုးတိုးလေးဖြင့် တုံ့ပြန်လိုက်ပြီး မှော်ရတနာဆီ သွားလိုက်သည်။

အနက်ရောင် တိုင်လုံးမှ တောက်ပနေသည့် အဖြူရောင်အလင်းရောင်များက အမည်းရောင်အဝတ်ကို ဖယ်ရှားလိုက်သည့်အလား  ထွက်ပေါ်လာလေ၏။ ရုတ်တရက်ဆိုသလို သန့်စင်သည့် အဖြူရောင်အလင်း ဖြစ်လာပြီး မှိန်ဖျော့ဖျော့အလင်းတန်းများလည်း ထုတ်လွှင့်နေလေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now