အခန်း (771)

805 138 1
                                    

အခန်း (၇၇၁)  :  ပျက်စီးသွားသော မြို့လေး

“ သေချင်နေတာပဲ …. ” လင်းရုန်က စူးစူးဝါးဝါး ပြောလိုက်သည်။ သူမက အဝတ်များ တစစီ စုတ်ပြဲသွားသည်ကိုပင် အာရုံမစိုက်နိုင်ဘဲ  သူမ၏ သန့်စင်ယင် ဖဲကြိုးကို အေးစက်ယင် အာကာပြင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူမက မိုဝူကျိကို အာကာပြင်အတွင်း ပိတ်လှောင်ပြီး သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်အား တစစီ ဖြစ်အောင် လုပ်ပစ်ဖို့ရာ စိတ်အားထက်သန်နေသည်။

“ ဘန်း ” လခြမ်းကွေး ပုဆိန်လှံရှည်၏ အလင်းတန်းက အေးစက်ယင် အာကာပြင်နှင့် ထိတွေ့သွားကာ ပုဆိန်လှံရှည်အလင်းက အာကာပြင်အား အပေါက်ဖြစ်အောင် လုပ်နိုင်လိုက်သော်လည်း  အာကာပြင်မှာ သူ့အလိုလို ပြန်လည် ဖာထေးသွားလေ၏။

လင်းရုန်က အသက် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ၏ သန့်စင်ယင် ဖဲကြိုးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး သိန်းသန်းချီနေသော  ယင်ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုကြိုးမျှင်များက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို ဥပက္ခာပြုကာ မိုဝူကျိအား ရစ်ပတ်ဖို့ ကြိုးစားနေကြသည်။

မိုဝူကျိ စိတ်ထဲ အေးစက်မိလာသည်။ သူက လက်ရှိ ဒဏ်ရာအပြင်းအထန် ရရှိထားသည့်အပြင် သူ့ကျင့်ကြံဆင့်မှာလည်း လင်းရုန်နှင့် အလှမ်းကွာနေသေးရာ အစီအရင်ပေါက်ကွဲမှုအားမှာလည်း လျော့နည်းသွားပြီ ဖြစ်၏။ သဘောတရားအရဆိုလျှင် ဤအမျိုးသမီးက သူမဘာသာ တည်ငြိမ်အောင် လုပ်နိုင်သည်နှင့် သူ့အား ပိတ်လှောင်နိုင်ပေလိမ့်မည်။ သူ့ကို ရင်ဆိုင်ဖို့ရာအတွက် သူမ၏ အသက်သွေးကိုပင် နိုးဆွလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက သတိကြီးရုံသာမက အကြင်နာတရားလည်း ကင်းမဲ့ပေသည်။

အန္တရာယ်ရှိသည့် ခံစားချက်က သူ့အား လွှမ်းခြုံသွားလေ၏။ မိုဝူကျိက တစ်ဖက်လူ၏ ယင်ကြိုးမျှင်ကို သူ့ခန္ဓာအတွင်း ထိုးဖောက်ဝင်ရောက်သွားပါက တစ်ကြိုးပင် ဖြစ်နေစေကာမူ သူ သေဆုံးသွားမည် ဖြစ်ကြောင်း ခံစားချက် ရရှိနေသည်။ ယခု သူ့ပြိုင်ဖက်က ယင်ကြိုးမျှင်ပေါင်း မြောက်များစွာကို ထုတ်လွှင့်ထားသောကြောင့် သူ့စွမ်းအားစက်ကွင်းကို ရစ်ပတ်နေလေပြီ။ အကယ်၍ သူသာ ဘာမှမလုပ်ပါက ထိုအမျိုးသမီးလက်၌ အမှန်တကယ် သေဆုံးသွားရပေလိမ့်မည်။

လူသားသစ္စာ (701-900)Where stories live. Discover now