အခန်း (869)

723 135 1
                                    

အခန်း (၈၆၉)  :  ကောင်းကင်ဧကရာဇ်ကို ပြောင်းလဲပစ်မယ်

မိုဝူကျိ မျှော်လင့်မထားသည်မှာ သူတို့က ကူးသန်းရေး အစီအရင်များကို အသုံးမပြုလိုက်ရသော်လည်း နှစ်ရက်တာအတွင်း သူတို့၏ ဦးတည်ရာနေရာသို့ ရောက်ရှိလာသည်။ ထို့အပြင် ဤနေရာမှာ အတော်လေး ရင်းနှီးကျွမ်းဝင်နေ၏။

တခြားစကားဖြင့်ဆိုရလျှင် တျန်းဂျီနေရာမှာ သူ့ဖင်းဖန်အင်မော်တယ်ကျောင်းနှင့် အင်မော်တယ်နယ်မြေ တစ်ခုတည်းတွင် တည်ရှိနေသည်။

“ ဒါက ယုံရင် အင်မော်တယ်ချောက်နက်မလား ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။

ယုံရင်အင်မော်တယ် ချောက်နက်မှာ အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ခြားနားထားသော ချောက်နက်ကြီး ဖြစ်၏။ ထိုနှစ်များတုန်းက သူလည်း ဖြတ်သန်းလာခဲ့ရသည်။

“ ဟုတ်တယ် … ယုံရင်အင်မော်တယ်နယ်မြေရဲ့ ယုံရင်အစွန်းအဖျားလေ။ အဲဒါမှ ဂိုဏ်းချုပ်မိုရဲ့ ဖင်းဖန်နဲ့ အင်မော်တယ်နယ်မြေ တစ်ခုတည်းပဲ …” ကိုင်ယင်က ပြောလိုက်၏။

မိုဝူကျိနှင့် မနီးမဝေးတွင် အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို မြင်လိုက်ရသည်။ သူက လူတချိုကိုပင် မှတ်မိနေသေး၏။ ထိုသူများမှာ ကောင်းကင်ဧကရာဇ် စစ်ကျိုက်နှင့် ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်တို့လည်း ပါဝင်နေသည်။

ဤနေရာမှာ အမှန်ပင် ရင်းနှီးလှ၏။ ယခင် သူ ယုံရင်အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ချောက်နက်ကို ဖြတ်သန်းခဲ့စဉ်အခါက ဤနေရာတွင် သတ်ဖြတ်ရေး အစီအရင်ကြီး ရှိနေခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုအစီအရင်ကား မရှိနေတော့ချေ။ ဖျက်စီးခံလိုက်ရတာ ဖြစ်နိုင်၏။

“ ဒီနေရာကို မိုးမြေစည်းမျည်းတွေနဲ့ ချုပ်ထိန်းထားတာ … ကျင်းရှန်းအဆင့်နဲ့အောက် ကျင့်ကြံသူတွေပဲ လာလို့ရတယ်။ ဒါပေမဲ့ သိပ်မကြာခင်က ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်။ အဆင့်နိမ့်ကမ္ဘာက ကျင့်ကြံသူတွေက အင်မော်တယ်လောကကို တက်လှမ်းလာပြီးတော့ ဒီနေရာက စည်းမျည်းတွေကလည်း မိုးမြေ ဖိနှိပ်မှု မရှိတော့ဘူး ” ချင်းယန်က ရှင်းပြလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now