အခန်း (736)

760 133 0
                                    

အခန်း  (၇၃၆)  :  ဟွမ်ရှားက စွပ်စွဲခြင်း

ဒေါသူပုန် ထွက်နေသည့် ချွီကန်က ကွေ့ဖုန်းယွင်ကို မြင်သောအခါ နှလုံးခုန်ပင် မြန်မိသွားကာ ရှေ့ထွက်၍ လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်ရသည်
“ ကောင်းကင်ဧကရာဇ် ဖုန်းယွင်ရဲ့ စကားအတွက် ကျေးဇူးအရမ်းတင်ပါတယ် …. ပြီးတော့ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ ”
“ ဒီကမ္ဘာကြီးက မမျှတဘူးဆိုတာကို မယုံပါဘူး။ ကျုပ် ကွေ့ဖုန်းယွင်က ကျင့်ကြံဆင့် နိမ့်ရင်သာ နိမ့်မယ် ဒီလိုမျိုး မကျူးလွန်ဘူး ”
ထိုသို့ပြောပြီးနောက် ကွေ့ဖုန်းယွင်က လူအုပ်ကြီးဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ အင်မော်တယ်ရောင်းရင်းတို့ … တရားမျှတမှုအတွက် ဝင်ပြောပေးချင်တဲ့သူ ရှိရင် ရှေ့ထွက်ခဲ့ပါ။ သူ မိုဝူကျိက ဆေးလုံးတာအိုမှာသာ အားကောင်းရင် ကောင်းလိမ့်မယ် ဒါပေမဲ့ သူ ကြိုက်တာ လုပ်နေလို့ မရဘူးလေ …..”
ကွေ့ဖုန်းယွင်၏ ရည်ရွယ်ချက်အရ သူ ဝင်ပါလိုက်ခြင်းမှာ သူ့ဘက်တွင် အင်မော်တယ် ဧကရာဇ်တစ်ယောက်ကို ခေါ်လိုက်နိုင်ပြီး ရှေ့ထွက်လာမည့်သူများလည်း ရှိပေဦးမည်။ မိုဝူကျိက မည်မျှ အားကောင်းနေစေကာမူ ဤနေ့ရက် ကျော်လွန်နိုင်မည် မဟုတ်ချေ။ ဤစုဝေးပွဲမှာ အထက်ဘုံမှ တမန်တော် စီစဉ်ထားသောကြောင့် သတ်ဖြတ်ခြင်းကို တားမြစ်ထားလေ၏။ သို့သော်လည်း ဥပဒေက ဤကိစ္စရပ်အား အပြစ်မဖို့နိုင်ပေ။ အကယ်၍ အားလုံးသာ မိုဝူကျိနှင့် ရင်ဆိုင်ကြလျှင် အထက်ဘုံလည်း ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
မည်သူကမှ ရှေ့မထွက်လာလျှင်ပင် လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်ဂိုဏ်း၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းနှင့် အနှောင်အဖွဲ့ကင်းနန်းတော်တို့မှ လူများက ထွက်လာကြလိမ့်မည်။
ကွေ့ဖုန်းယွင်ကို စိတ်ရှုပ်သွားစေသည်က သူ ပြောဆိုပြီးနောက်တွင်ပင် မည်သူကမှ ရှေ့မထွက်လာကြပေ။ သူက နတ်ဘုရား အင်မော်တယ်ဂိုဏ်းမှ ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူအား လှည့်ကြည့်လိုက်လေ၏။ ထိုသူက မိုဝူကျိနှင့် စကားအချေအတင် ပြောဆိုထားကြောင်းကို သူကိုယ်တိုင် တွေ့ထားပြီးသား ဖြစ်သည်။ သို့သော် ယခု၌ ထိုသူက ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ပြုမူနေသည်။
အကယ်၍ ထိုဂိုဏ်းများက ဝူမိန် တစ်ယောက်  သူမ၏ စီနီယာအစ်ကိုကို ပြန်သတ်လိုက်သည့်  အပြုအမူကြောင့် ဒေါသထွက်နေကြောင်း ပြောလျှင်ပင် သူ ကွေ့ဖုန်းယွင်က မယုံပေ။
ကွေ့ဖုန်းယွင်ကို ပို၍ စိတ်ရှုပ်ထွေးသွားစေသည်က ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်၊ လျှပ်စီးဂိုဏ်းနှင့် မဟာဓားလမ်းစဉ်ဂိုဏ်းသားများပင် ဘာမှ ဝင်မပြောကြခြင်း ဖြစ်၏။
ဤရက်ပိုင်းလေးအတွင်း  သူ ကွေ့ဖုန်းယွင် မသိလိုက်သည့် အဖြစ်အပျက်များ ဖြစ်ပျက်သွားလေသလား ….
ကွေ့ဖုန်းယွင်ကိုလည်း အပြစ်မတင်နိုင်ပေ။ သူက စူးခရာအင်မော်တယ်မြို့ဟောင်းသို့ စောစီးစွာ ရောက်နေပြီး တံခါးပိတ် ကျင့်ကြံနေခြင်း ဖြစ်လေသည်။ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည့်အခါ ဤစူးခရာအင်မော်တယ် ဥယျာဉ်ဆီ ဦးဆုံး လာလိုက်ခြင်း ဖြစ်၏။ သူ မသိလိုက်သည့် ကိစ္စများစွာ ရှိပေသည်။ အကယ်၍ မိုဝူကျိက မဟာဓားလမ်းစဉ်ကို အပြတ်မရှင်းခဲ့လျှင် သူစကားကို တုံ့ပြန်ကြမည့် တချို့လူများ ရှိပေလိမ့်မည်။ သို့သော် ဂိုဏ်းများစွာက အဖြစ်အပျက်ကို သိနေကြသောကြောင့် မည်သူကမှ မိုဝူကျိအား ရန်စဖို့ရာ မလိုလားကြပေ။
မဟုတ်သေးပါဘူး …
သူက မဟာဓားလမ်းစဉ်ဂိုဏ်းသားများကို မမြင်မိပေ။ လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှ လူများကို တွေ့မိသော်လည်း သူက လိန်ကူယွင်နှင့် ကျင်းယွီရှန်းတို့ကို မမြင်မိသေးပေ။
သူက နောက်ဆုံးတွင် သူနှင့် ဆက်ဆံရေးကောင်းသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရလေ၏။ ထိုသူမှာ  ဝိညာဉ်လှည့်ပတ် တာအို၏ ဂိုဏ်းချုပ် လုကျီတင်း ဖြစ်ပေသည်။ လျို့ဝှက်နယ်မြေတစ်ခုအတွင်း လုကျီတင်းက သူနှင့် ပူးပေါင်းဖူးလေရာ လုကျီတင်း၏ ပါရမီက သူ့ထက် သာလွန်နေပြီး အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ သူကား  အင်မော်တယ် ဧကရာဇ် တာအိုကို အတည်ပြုနိုင်ခါစ ဖြစ်၏။
“ ကျီတင်း ….” ကွေ့ဖုန်းယွင်က လုကျီတင်းကို သွားနှုတ်ဆက်လိုက်၏။ ချက်ချင်းဆိုသလို လုကျီတင်းနောက်မှ ပိန်ပါးပါး အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူက လုကျီတင်းထက် အားနည်းခြင်း မရှိချေ။
လုကျီတင်းက ဖြူဆွတ်နေသည့် ဝတ်ရုံကို ဝတ်ဆင်ထားလေရာ ညင်သာသည့် သွင်ပြင်ကို ပေးစွမ်းလေ၏။ သူက လက်နှစ်ဖက် ယှက်ကာ ပြန်ကာ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် သက်ပြင်းချကာ  “ ဖုန်းယွင် … ငါတို့နှစ်ယောက် မတွေ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ ”
“ ဂိုဏ်းချုပ်မို …” ကွေ့ဖုန်းယွင်ကို မျက်မှောင်ကျုတ်သွားစေသည်က သူက လုကျီတင်းကို မဖြေနိုင်လိုက်ခင် ထိုပိန်ပါးပါး အမျိုးသားက မိုဝူကျိကို သွားရောက်နှုတ်ဆက်ခြင်း ဖြစ်သည်။
ကွေ့ဖုန်းယွင်က မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး  “ ကျီတင်း … သူက ဘယ်သူလဲ .. ”
သူက ထိုပိန်ပါးပါး အမျိုးသားမှာ အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိနေသော်လည်း မမှတ်မိချေ။
“ ဒီ ဧကရာဇ်နာမည်က ပိုင်ယဲ့ပါ။ ကျုပ် အလေးစားဆုံးသူက ဂိုဏ်းချုပ်မိုပဲ … တကယ်လို့ ခင်ဗျားက ဂိုဏ်းချုပ်မိုကို ပြဿနာ ရှာချင်နေတာဆိုရင်တော့ ဒီဧကရာဇ်ရဲ့ အပြုအမူကို အပြစ်မတင်နဲ့ …” ပိုင်ယဲ့က ကွေ့ဖုန်းယွင်အား သရော်ဟန် ပြောလိုက်သည်။
ပိုင်ယဲ့က ကွေ့ဖုန်းယွင်ဘက်မှ မဟုတ်ဘဲ မိုဝူကျိဘက်မှ ဖြစ်ကြောင်း သိသာလှသည်။
မိုဝူကျိက ပိုင်ယဲ့၏ ရည်ရွယ်ချက်အကြောင်း ကောင်းကောင်း သိထား၏။ ဤလူက လှည့်ကွက်မျိုးစုံ ထုတ်သုံးတတ်သူ ဖြစ်လေရာ မိုဝူကျိနှင့် ကွေ့ဖုန်းယွင်တို့ ဤနေရာ၌ မတိုက်ခိုက်မှန်း သိနေ၍ ထိုစကားများ ထုတ်ပြောခြင်း ဖြစ်သည်။
ကွေ့ဖုန်းယွင် မျက်နှာ အမူအယာမှာ ပို၍ ပျက်ယွင်းသွားကာ  သူက ပိုင်ယဲ့၏ နာမည်ကို ကြားဖူးလေ၏။ သူက အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော အင်မော်တယ် ဧကရာဇ်တစ်ယောက် ဖြစ်ပေသည်။ သူ ကွေ့ဖုန်းယွင်က ပိုင်ယဲ့သည် မိုဝူကျိအပေါ် ထိုမျှ လေးစားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက လုကျီတင်းကို တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် လုကျီတင်းက တစ်ခုခု ကြားလိုက်ရ၍ မျက်နှာအမူအယာ အနည်းငယ် ပြောင်းသွားလေ၏။ သူက နေရခက်စွာ လက်နှစ်ဖက် ယှက်ကာ မိုဝူကျိအား နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့မိတ်ဆွေကို အမြန်အဆန် နှုတ်ဆက်ပြီး အလျှင်အမြန် ထွက်ခွာသွားတော့သည်။
ဘေးမှ လေ့လာနေသော မဟာဧကရာဇ် လွန်ချိုက်၏ နှုတ်ခမ်းများပင် တွန့်ချိုးသွားလေ၏။ သူက လုကျီတင်းသည် မဟာဓားလမ်းစဉ်ဂိုဏ်း ပျက်သုန်းသွားသည့် အကြောင်းကို ကြားလိုက်မှန်း သိလိုက်သည်။ ထို့ကြောင့် ကွေ့ဖုန်းယွင်ကို စွန့်ပစ်ကာ ထွက်သွားခြင်း ဖြစ်၏။
မူလက ကွေ့ဖုန်းယွင်သာ လူများ စုဆောင်းမိလျှင် သူလည်း ဝင်ပါရန်  ရည်ရွယ်ထားသော်လည်း ကွေ့ဖုန်းယွင်က လူတစ်ယောက်လေးပင် မခေါ်ဆောင်နိုင်ခဲ့ပေ။ အမြင်နှင့်တင် မိုဝူကျိတစ်ယောက် မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးလိုက်သည့် သတင်းမှာ ဂိုဏ်းတော်တော်များများ သိပြီးသည့် ကိစ္စ ဖြစ်နေလေ၏။
“ အထက်ဘုံမှ တမန်တော် ကျင်းယူ ရောက်ရှိလာပါပြီ ” ထိုကြေညာချက်မှာ ကွေ့ဖုန်းယွင်အား ထွက်သွားရန် အကြောင်းပြချက် ရစေခဲ့သည်။ သူက စကြဝဠာ ဓားသွား ကျောင်းတော်ကို ကူညီပေးမည် ဟူသော သူစကားတို့ကို ဂရုမစိုက်တော့ဘဲ မြန်မြန် ထွက်သွားလေသည်။ သူက ဤရက်များ၌ တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း ခန့်မှန်းမိနေသည်။ သို့သော်လည်း ထိုအရာကို သူ မသိသေးပေ။
“ အားလုံး ထိုင်ကြပါ ….” ကျင်းယူက နွေးနွေးထွေးထွေး ပြုံးကာ နှုတ်ဆက်လိုက်သည်။ သူက ကံကြမ္မာကြာနီအကြောင်း မေးရန် မဟုတ်ဘဲ စုဝေးပွဲအတွက် ရောက်ရှိနေဟန် ပြုမူနေသည်။
အထက်ဘုံမှ တမန်တော် ရောက်ရှိလာသောကြောင့် မည်သူကမှ လျှောက်မပြောရဲကြတော့ပေ။ ချွီကန်က ထိုအခွင့်အရေးကို အသုံးချ၍ ဒေါသထွက်နေသည့် ဝူမိန်ကို ဆွဲကာ နောက်ဆုတ်သွားလေ၏။ ကွေ့ဖုန်းယွင်ကဲ့သို့ သူလည်း မိုဝူကျိနှင့် ထိပ်တိုက် မတွေ့လိုပေ။ ပိုင်ယဲ့လို ပျောက်ဆုံးနေသော ပါရမီရှင်က မိုဝူကျိနှင့် ပတ်သတ်နေသည် ဖြစ်ရာ သူ့ကျောင်းတော်အား ဤကိစ္စရပ်ကြောင့် ပြိုလဲပျက်စီးမသွားလိုပေ။
ထို့အပြင် သူက ဝေကျီတောက်ကို မမှတ်မိသေးပေ။ သူက ဝေကျီတောက်ကို မှတ်မိသွားလျှင် ပို၍ ကြောက်ရွံ့နေမိလောက်၏။
“ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့တပည့် ဟွမ်ရှားက တမန်တော်ကို ဂါရဝပြုပါတယ်။ ကျုပ်ရဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းအတွက် တရားမျှတမှုကို ရှာပေးဖို့ တမန်တော်ဆီ တောင်းခံလိုပါတယ် ” လျှော်ဝတ်စုံ၊ လျှော်ဖိနပ် ဝတ်ဆင်ထားသော အမျိုးသားက မြေပြင်ပေါ်၌ ဒူးထောက်ကာ တောင်းဆိုလိုက်သည်။
ကျင်းယူက မျက်မှောင်အနည်းငယ် ကျုတ်လိုက်ရင်း မေးလိုက်သည်  “ မဟာဓားလမ်းစဉ်ဂိုဏ်းကို သိပါတယ်။ အဲဒီ ဖန့်ရှီကျန်းက မဆိုးပါဘူး။ မင်းမှာ ပြောစရာရှိရင် ထပြောပါ … ”
“ ဟုတ်ကဲ့ …” ဟွမ်ရှားက မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက မိုဝူကျိအား လက်ညိုးထိုးကာ 
“ တမန်တော်ခင်ဗျာ .. အဲလူက ဖင်းဖန်ဂိုဏ်းချုပ် မိုဝူကျိပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက  သူက ဖင်းဖန်ကို ခေါ်လာပြီးတော့ ကျုပ်ရဲ့ဂိုဏ်းကို ဖျက်စီးပစ်ခဲ့ပါတယ်။ ကျုပ်တို့ တပည့်တွေကိုလည်း သတ်ပစ်ခဲ့ပြီးတော့ အင်မော်တယ် တောင်တွေနဲ့ အရင်းအမြစ်တွေကိုလည်း ယူသွားခဲ့တယ်။ အင်မော်တယ်လောကမှာ ဒီလို လူရမ်းကား ရှိနေမှတော့ အင်မော်တယ်လောကကြီးက ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်မှာလဲ ….
တမန်တော်က ကျုပ်တို့မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ တရားမျှတမှုနဲ့ အင်မော်တယ်လောကရဲ့ ငြိမ်းချမ်းမှုကို ရှာပေးဖို့ တောင်းခံပါတယ် … ”
စူးခရာအင်မော်တယ် ဥယျာဉ်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ မဟာဓားလမ်းစဉ်ဂိုဏ်းကို မိုဝူကျိ ဖျက်စီးပစ်လိုက်သည့်အကြောင်းမှာ အင်အားကြီး ဂိုဏ်းများသာ သိကြပြီး ဂိုဏ်းအများစုက မသိကြသေးပေ။ ယခု လူသိရှင်ကြား ထုတ်ပြောလိုက်သောအခါ လူအများစုက ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
မဟာဓားလမ်းစဉ်ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ ….
အင်မော်တယ်လောကတစ်ခုလုံး၌ ထိပ်တန်းဂိုဏ်းအနက် တစ်ခု ဖြစ်ပေသည်။ ဂိုဏ်းက ဓားတာအိုတွင် ထူးချွန်ကြပြီး အဆင့်အတူအတွင်း ပြိုင်ဖက်ကင်း ဖြစ်ခဲ့လေရာ ဤသို့ဂိုဏ်းမျိုးက တကယ် ပျက်စီးသွားပြီလား။
ကွေ့ဖုန်းယွင်ပင် တုန်ယင်လာမိ၏။ နောက်ဆုံးတွင် သူ သဘောပေါက်သွားတော့သည်။ မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းကိုပင် ရှင်းပစ်နိုင်စွမ်း ရှိ၏။ မိုဝူကျိက သူ့လိုမျိုး ကောင်းကင်ဧကရာဇ် တစ်ယောက်လောက်ကို မကြောက်နေသည်က မထူးဆန်းတော့ပေ။ ကံကောင်းစွာဖြင့် သူက သတိကြီးကြီးထားခဲ့ပြီး ဖင်းဖန်ဆီ မသွားခဲ့ပေ။ မဟုတ်လျှင် ဘယ်လို သေသွားမှန်းမသိ သေသွားပေလိမ့်မည်။
အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ်များကို အထက်ဘုံမှ ကာကွယ်ပေးထားသော်လည်း ကွေ့ဖုန်းယွင်က မိုဝူကျိနှင့် ဆက်မပတ်သတ်ရဲတော့ပေ။ သူက မစုံစမ်းခဲ့သည့်အတွက် နောင်တပင် ရမိလာသည်။ သို့သော်လည်း သူက အတတ်နိုင်ဆုံး စိတ်ကို ငြိမ်ငြိမ် ထားလိုက်သည်။ သူက ယခုရှေ့မထွက်လိုက်လျှင်ပင် မိုဝူကျိနှင့် သူ့ကြားမှ ရန်ကြွေးမှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်များမှ ကိုယ်စားပြုများက မြန်မြန် ရှေ့ထွက်လာကြသည်။ သူတို့က ဆက်တိုက် ဦးညွှတ်ကာ  “ ကျုပ်တို့လည်း တမန်တော်က တရားမျှတမှုရှာပေးဖို့ တောင်းဆိုချင်ပါတယ် ….”
“ မင်းတို့နှစ်ယောက်က ဘာဖြစ်တာလဲ ” ကျင်းယူက မျက်မှောင်ကျုတ်လာသည်။ သူက ဤသို့အရေးကိစ္စကို ဂရုမစိုက်ချင်ပေ။ ဤကိစ္စများမှာ သူနှင့်ပတ်သတ်မှု မရှိပေ။ သူက ကံကြမ္မာကြာနီ သတင်းကိုသာ စိတ်ဝင်စားလေ၏။ သို့သော်လည်း သူက တမန်တော် ဖြစ်သောကြောင့် ဤကိစ္စများကို ဖြေရှင်းပေးရမည် ဖြစ်သည်။
လျှပ်စီးဂိုဏ်းမှ ကိုယ်စားပြုမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်၏။ သူက မိုဝူကျိနှင့် လျှပ်စီးဂိုဏ်းကြားမှ ပဋိပက္ခအကြောင်းကို မြန်မြန် ပြောကာ  လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့မှာ မိုဝူကျိ၏ နောက်ပစ်မှတ်ဖြစ်ကြောင်း ပြောလိုက်၏။
ကျင်းယူက ခေါင်းညိတ်ကာ မိုဝူကျိဘက် လှည့်လိုက်ရင်း  “ ဂိုဏ်းချုပ်မို အမှန်တွေပဲလား ”
မိုဝူကျိက သိပ်ဂရုမစိုက်ပေ။ သူက ကျင်းယူသည် သူတို့ပဋိပက္ခများကို စိတ်မဝင်စားမှန်း သိနေလေ၏
“ တမန်တော်ခင်ဗျာ … ဒီအခြေအနေကို ဖြစ်လာစေတဲ့သူက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ယီမင်ရှု၊ လျှပ်စီးဂိုဏ်းရဲ့ လိန်ကူယွင်နဲ့ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်ရဲ့ ကျင်းယွီရှန်းတို့ပါ။ သူတို့က အင်အားပူးပေါင်းပြီးတော့ ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။
ကျုပ် ကံကောင်းမှုကြောင့်သာ ထွက်ပြေးနိုင်ခဲ့တာပါ။ သူတို့တွေက ကျုပ် ထွက်ပြေးသွားတာကို မြင်တော့ ကျုပ်ရဲ့ အပြစ်ကင်းတဲ့ စီနီယာအစ်မကို ဖမ်းထားပြီးတော့ ဓားအကျဉ်းထောင်ထဲ ထည့်လိုက်ကြပါတယ် …. ကျုပ်က လက်စားမချေဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ ”
မဟာခွန်ဗုဒ္ဓဂိုဏ်းမှာ စွပ်စွဲသည့်အထဲ မပါသောကြောင့် မိုဝူကျိက ထည့်မပြောတော့ပေ။
တမန်တော်က စဉ်းစားနေသည်ကို မြင်ပြီး ဝူမိန်က ရှေ့ထွက်လာချင်၏။ သို့သော်လည်း အားပြင်းပြင်း အင်အားတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။ သူမက ဂိုဏ်းချုပ် အသံကို ကြားလိုက်ရ၏ 
“ ဝူမိန် …မင်းက အသက်ဆက်မရှင်ချင်ပေမဲ့ ငါ ကျောင်းတော်ကတော့ ဆက်ရှင်သန်ချင်သေးတယ် … ”
ဝူမိန်က မဖြေကြားခင် ချွီကန်က စိတ်ဖြင့်ဆက်သွယ်ကာ ဆက်ပြောလိုက်သည်
“  မင်း ပြောချင်တာကို ငါ သိတယ်။ ဒါပေမဲ့ မင်းရတနာက ဘယ်ဟာဖြစ်ဖြစ် အခုပြောလိုက်ရင် ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူး။ မိုဝူကျိအနေနဲ့ ရတနာကို အထက်ဘုံဆီ ပေးလိုက်တာနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
တွေးကြည့်ပါဦး … မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းကိုတောင် ဖျက်စီးပစ်ခဲ့တာ ငါတို့စကြဝဠာ ဓားသွား ကျောင်းတော်ကို မဖျက်စီးရဲဘူးလို့ ထင်နေတာလား။ အခု တမန်တော်ကို ကြည့်လိုက် … မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အဖြစ်အပျက်လေးနဲ့ သူက  မိုဝူကျိကို ရှင်းပစ်ပါ့မလား …. ”
ထိုစကားများမှာ ဝူမိန် ခေါင်းပေါ် ရေခဲရေနှင့် လောင်းချခံလိုက်ရသလို ဖြစ်ကာ ချက်ချင်း အသိပြန်ဝင်လာသည်။ ချွီကန် ပြောသည့်အတိုင်း ကွက်တိ ဖြစ်၏။ သူမက မိုဝူကျိ တစ်ယောက် သူမ ရတနာ ခိုးသွားသည့် ကိစ္စကို ဖော်ထုတ်ချင်သော်လည်း ရတနာကို ထုတ်ဖော်ပြသချင်သေး၏။ သူမသာ ပြန်မရနိုင်လျှင် မိုဝူကျိလည်း မပိုင်ဆိုင်သင့်ပေ။
သို့သော် ယခုတွင် ဂိုဏ်းချုပ် စကားများကို ကြားသောအခါ သူမ စကားနောက်မှ အကျိုးဆက်နှင့် အရေးပါပုံကို နားလည်သွားတော့သည်။ အရင်ဦးစွာ ရတနာများသာ မိုဝူကျိနှင့် ရှိနေပါက ပြန်ရနိုင်ခြေ ရှိနေသေး၏။ အကယ်၍ အထက်ဘုံက သူမ ရတနာများကို ယူဆောင်သွားလျှင် မျှော်လင့်ချက်အားလုံး ရေစုန်မျှောပေလိမ့်မည်။ အကယ်၍ အထက်ဘုံက ရတနာကို ယူသွားခဲ့လျှင် မိုဝူကျိက ဒေါသများ ဖြေဖျောက်ရန် သူတို့ စကြဝဠာ ဓားသွား အင်မော်တယ်ကျောင်းကို လာရောက်ဖျက်စီးနိုင်ပေသည်။
ယခင်ကသာ ဖြစ်နေလျှင် သူမက ဤသို့အကျိးဆက်များ တွေးမိမည် မဟုတ်ပေ။ သို့သော် မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းအား ဖျက်စီးပစ်လိုက်သည့်အကြောင်း ကြားသောအခါ မိုဝူကျိအတွက် သူမတို့၏ စကြဝဠာ ဓားသွား ကျောင်းတော်ကို ဖျက်စီးပစ်ဖို့ရာ ခက်ခဲသည့်အရာ မဟုတ်ချေ။
“ ဒီကိစ္စမှာ နှစ်ဖက်လုံးက မှားတာဆိုတော့ ကျုပ်တို့ အင်မော်တယ်လောကကြီးမှာ  လိုက်လျောညီထွေ ဖြစ်ဖို့က အရေးကြီးတယ်လေ။ နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဂိုဏ်းချုပ်မို ကျန်တဲ့ကိစ္စကို ဒီအတိုင်း ထားလိုက်ကြတာပေါ့။ လျှပ်စီးဂိုဏ်းနဲ့ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့ကိုတော့ ဘာမှမလုပ်ပါနဲ့တော့ …” ကျင်းယူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now