အခန်း (790)

819 154 1
                                    

အခန်း (၇၉၀) :  တာအိုဧကရာဇ်ကို သတ်ဖြတ်ခြင်း

“ ဒါက စိတ်စွမ်းအင် မြှား ….” လွန်ဖာက တိုက်ပွဲများစွာ ဖြတ်ကျော်လာသော အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရာ မိုဝူကျိ၏ စိတ်စွမ်းအင် မြှား သူ့ဆီ ရည်ရွယ်လိုက်သည်နှင့် တန်း၍ ခံစားမိလိုက်သည်။

ထိုစဉ် လွန်ဖာ စိတ်ထဲ အေးစက်လာမိသည်။ သူက မိုဝူကျိနှင့် ရင်ဆိုင်နေစဉ် မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းရသေးကြောင်း ချက်ချင်း ပြောနိုင်လေသည်။ လွန်ဖာက အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူလေးက စိတ်စွမ်အးင် မြှားကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။

လွန်ဖာက မိုဝူကျိထက်ပင် စိတ်စွမ်းအင်မြှား၏ ကြောက်မက်ဖွယ်ကောင်းမှုကို သေချာသိထားသည်။ တစ်ချက်တည်း ပစ်ခွင်းလိုက်ရုံဖြင့် ဤမြှားမှာ အရိပ်အယောင်မပြဘဲ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် စိတ်စွမ်းအင်မြှားသာ သေချာသည့် အဆင့်တစ်ခုအထိ ရောက်ရှိသွားလျှင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖျက်စီးနိုင်ရုံသာမက တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ကိုလည်း ချေမှုန်းပစ်နိုင်လိမ့်မည်။

စိတ်စွမ်းအင်မြှား အလွန်ကြောက်မက်ဖို့ ကောင်းသည့် အချက်မှာ မတားဆီးနိုင်၍ ဖြစ်သည်။ စိတ်စွမ်းအားနှင့် အသိစိတ်ပင်လယ်က အသုံးပြုသူထက် ပိုအားကောင်းနေလျှင်ပင် စိတ်စွမ်းအား ကာကွယ်ရေး ပညာရပ်ကို ပိုင်ဆိုင်ဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် စိတ်စွမ်းအား ရတနာ  ရှိဖို့ လိုအပ်ပေသည်။

ရှန်းထျန်း သို့မဟုတ် ထိပ်တန်း အဆင့် မှော်ရတနာများကသာ စိတ်စွမ်းအား တိုက်ခိုက်မှုကို ကာဆီးပေးနိုင်လေသည်။ သို့သော် လွန်ဖာ၌ ဤသို့ ရတနာမျိုး ရှိမနေချေ။

စိတ်စွမ်းအား ပညာရပ်ကို သုံးနိုင်သော အင်မော်တယ် ကျင့်ကြံသူ အနည်းငယ်မျှ မကသော်လည်း စိတ်စွမ်းအင်မြှားကို ဖွဲ့စည်းနိုင်သော ကျင့်ကြံသူများ သို့မဟုတ် အားကောင်းသော စိတ်စွမ်းအား  လျို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်ထားသော သူများမှာ လက်တစ်ဆုပ်စာပင် မရှိချေ။

လူသားသစ္စာ (701-900)Where stories live. Discover now