အခန်း (822)

749 149 5
                                    

အခန်း (၈၂၂)   :  ရွိုက်ကော အဆင့်တက်ခြင်း

ကောင်းကင်ဘုံအလွန် စကြဝဠာနှင့်  နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားချောက်ကမ်းပါး နယ်မြေကို အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ယုံရင်အစွန်းအဖျားကဲ့သို့ ချောက်ကြီးတစ်ခုနှင့် ခြားနားထားလေ၏။ ကောင်းကင်ဘုံအလွန် စကြဝဠာမှ အဆင့်မြင့် ကျင့်ကြံသူများ၏ စွမ်းရည်ဖြင့် ထိုချောက်ကြီးမှာ ဘာမှမဟုတ်ပေ။

ပျံသန်းရေး ရတနာပေါင်း တစ်သောင်းကျော်က ချောက်နက်ကြီးအား အတားအဆီးမရှိ ကျော်ဖြတ်လာကာ နတ်ဘုရား ချောက်ကမ်းပါး နယ်မြေဆီ ရောက်ရှိလာကြသည်။

“ ငါတို့ နောက်ကျသွားပြီ။ နတ်ဘုရားမျိုးနွယ်က ရွေ့သွားကြပြီ ” မိစ္ဆာမျိုးနွယ် တာအိုဧကရာဇ် စီဟုန်က နတ်ဘုရားချောက်ကမ်းပါး နယ်မြေဆီ ရောက်လာသည်နှင့် ပြောလိုက်သည်။

မိုဝူကျိလည်း နတ်ဘုရားမျိုးနွယ်စုမှာ ဘေးကင်းရာသို့ စွန့်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ထိုအရာမှာ သူ့ခန့်မှန်းချက်အတွင်း ရှိနေသေးသည်။ ကောင်းကင်ဘုံအလွန် စကြဝဠာမှ နတ်ဘုရားမျိုးနွယ်အားလုံးကို ရှင်းထုတ်ပြီးပြီ ဖြစ်၏။ အကယ်၍ နတ်ဘုရား ချောက်ကမ်းပါးနယ်မြေတွင် ရှိနေသည့် နတ်ဘုရားမျိုးနွယ်က ထိုသတင်းကို မသိနိုင်လျှင် နတ်ဘုရားမျိုးနွယ်က ယခင်  သူတို့အဆင့်အတန်းကို ရလာမည် မဟုတ်ချေ။

သူ့အတွက် နတ်ဘုရားချောက်ကမ်းပါး နယ်မြေကို ထိန်းချုပ်နိင်ဖို့ရာ လုံလောက်ပေသည်။ ဤနေရာမှ ထွက်ပြေးသွားသော နတ်ဘုရားမျိုးနွယ်များအား လိုက်ဖမ်းခြင်းမှာ သူတို့ကို ဖိနှိပ်ထားသလို ဖြစ်နေပေလိမ့်မည်။ နတ်ဘုရားချောက်ကမ်းပါးနယ်မြေမှာ အထက်ဘုံနှင့် ဆင်တူပေ၏။ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများက နတ်ဘုရားချောက်ကမ်းပါး နယ်မြေ၌သာ တာအိုဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခြင်း ဖြစ်၏။ နတ်ဘုရားချောက်ကမ်းပါး နယ်မြေ မရှိလျှင် နတ်ဘုရားမျိုးနွယ်မှာ ဖြည်းဖြည်းချင်း အားနည်းသွားပေမည်။

“ တာအိုသခင်မို အခု ဘယ်လိုလုပ်ကြမလဲ ” သွေးစုပ်မျိုးနွယ်၏ တာအိုဧကရာဇ်နီကိုင်က မေးလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now