အခန်း (786)

786 160 3
                                    

အခန်း (၇၈၆)  :  လျော်ကြေး

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်အား ဘေး၌ ထားကာ အေးစက်စွာ ပြန်မေးလိုက်သည် “ ခင်ဗျားက ဘယ်သူလဲ ”

“ ဒီဧကရာဇ်က မီဖေးကုန်သွယ်ရေး အဖွဲ့ ဒုခေါင်းဆောင် ကျူချွမ်းပဲ … ” အဝါရောင်ဝတ်ရုံနှင့် အမျိုးသားက ပြောလိုက်သည်။ သူက သူ့အရှိန်အဝါများကိုပင် ထုတ်ဖော်လိုက်သည်။ သူက မိုဝူကျိနှင့် ရင်မဆိုင်လိုသော်လည်း  မိုဝူကျိအား သူ ကျူချွမ်းက မဟာဧကရာဇ် ဖြစ်ကြောင်း သိစေလိုသည်။

မိုဝူကျိက သူ့အပေါ် စိုးရိမ်ပူပင်မှုနည်းနည်း ရှိလျှင် လုံလောက်သွားလေပြီ။ သူ့မီဖေးကုန်သွယ်ရေး အဖွဲ့က မိုဝူကျိလိုမျိုး  မိုက်မဲသောသူနှင့် ဆက်၍ အရှုပ်အထွေး မဖြစ်လိုတော့ပေ။

ဤလူက မိုက်မဲခြင်းကြောင့်သာ မဟုတ်လျှင် နတ်ဘုရားမျိုးနွယ်စု၏ သခင်လေးနှင့် အင်မော်တယ် ဧကရာဇ် သုံးယောက်လုံးကို သတ်ရဲမည်လား။

ထို့အပြင် ယခုအချိန်မျိုး၌  မီဖေးကုန်သွယ်ရေးအဖွဲ့တွင် အဆင့်မြင့် ကျင့်ကြံသူများ ရှိမနေချေ။

ကျူချွမ်း၏ အစီအစဉ်အရ သူ့မဟာဧကရာဇ် အရှိန်အဝါကို ထုတ်ဖော်ပြပြီးနောက် မိုဝူကျိသည် တွန့်ဆုတ်မှုတချို့တော့ ရှိသွားပေလိမ့်မည်။ ထို့နောက် မိုဝူကျိက သူနှင့် ညှိနှိုင်းဆွေးနွေးလိုလာလိမ့်မည်။

သူက မိုဝူကျိ မဟုတ်သောကြောင့် မိုဝူကျိ တွေးနေသည့်အရာများကို မသိပေ။ မိုဝူကျိက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဝဲကတော့ စွမ်းအားစက်ကွင်းသာ ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းဆိုသလို  သူက လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် အကြီးအကျယ် ပျက်စီးစေနိုင်သည့် အလင်းတန်းမှာ ပဉ္စလက်ပြသလို ထွက်ပေါ်လာသည်။

“ မင်း …” ကျူချွမ်း စိတ်ထဲ၌ ဒေါသတရားနှင့် တုန်လှုပ်မှုတို ဖြစ်ပေါ်လာသည်။ သူက မိုဝူကျိသည် စည်းမျည်းများကို သွေဖယ်နေသည့်သူ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ ကျူချွမ်းက စကြဝဠာအစွန်း၏ စည်းမျည်းများကို တစ်ချိန်လုံး‌ ကျေနပ်အားရနေမိသည်။ စကြဝဠာအစွန်းမှာ အားကောင်းသူများ ကြီးစိုးသော နေရာတစ်ခု ဖြစ်ပြီး အားနည်းသူများက စည်းမျည်းများကို ချိုးဖောက်လိုက်သည်နှင့် တာဝန်ရှိသူများက ချက်ချင်း ပေါ်လာကြသည်။

လူသားသစ္စာ (701-900)Where stories live. Discover now