အခန်း (816)

735 146 4
                                    

အခန်း (၈၁၆)  :  ခွန်းဝူဓားကို သန့်စင်ခြင်း

“ ဂိုဏ်းချုပ်မိုက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီးတာနဲ့ တခြားအင်အားစုတွေက ရှေ့ထွက်မလာကြတော့ဘူး။ ပြီးတော့ စကြဝဠာအစွန်းရဲ့ တာအိုသခင် ဖုန်းဟွမ်က အရင်ဦးဆုံး စပြီးတော့ ဂိုဏ်းချုပ်မိုနဲ့ မိတ်ဆွေဖွဲ့ခဲ့တာ။ ဂိုဏ်းချုပ်မိုက တာအိုသခင်ဖုန်းဟွမ်းဆီ ကျတော်တို့ လူသားမျိုးနွယ်အတွက် နေရာချထားဖို့ အကအညီ တောင်းပေးထားတယ်။ စီနီယာယွမ်မိုက ဂိုဏ်းချုပ်မိုရဲ့ မိတ်ဆွေလေ။ ကျတော်တို့ကို ပြန်ခေါ်ဖို့ ထည့်ပေးလိုက်တာ။ အခု ဂိုဏ်းချုပ်မိုက တံခါးပိတ် ကျင့်ကြံနေလောက်ပြီ ”

ယန်ဝေက ထိုစကားများကို တစ်ခွန်းတည်းဖြင့် ဆက်တိုက် ပြောချလိုက်သည်။

“ ဂိုဏ်းချုပ်မိုက ဒဏ်ရာများ ရသွားလို့လား ” ကျဲယင်က စိုးရိမ်တကြီး မေးလိုက်သည်။ စကြဝဠာအစွန်း၌ လူသားမျိုးနွယ်၏ ဘေးကင်းမှုသည် မိုဝူကျိလို အားကောင်းသော အဆင့်မြင့် ကျင့်ကြံသူပေါ်တွင် များစွာ မူတည်နေပေသည်။ ထို့ကြောင့် ကျဲယင်က မိုဝူကျိ၏ အခြေအနေကို အာရုံစိုက်မိနေခြင်း ဖြစ်သည်။

အင်မော်တယ် ဧကရီ ဝမ်လန်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ရင်း

“ ကြည့်ရတာ ကျမ သူ့ကို လျော့တွက်မိတဲ့ပုံပဲ …. တာအိုသခင်ကျဲ ဘာမှစိုးရိမ်ဖို့ မလိုပါဘူး။ ဂျုနီယာမောင်လေးမိုက ဒဏ်ရာရတာ မဟုတ်လောက်ဘူး။ တကယ်လို့ ကျမသာ မမှားရင် ဒီတစ်ခေါက် တံခါးပိတ် ကျင့်ကြံတာက အထက်ဘုံ စကြဝဠာမြို့ကို ပြန်သိမ်းဖို့အတွက် ပြင်နေတာ နေမယ် ”

“ ဟားဟား ” အင်မော်တယ် ဧကရီ ဝမ်လန်၏ စကားကို ကြားလိုက်သောအခါ လုကျီတင်းက မရယ်မောဘဲ မနေနိုင်တော့ချေ။ သူက နတ်ဘုရားမျိုးနွယ်၏ ထိုအယုတ်တမာကောင်များကို သတ်ပစ်ချင်သည်မှာ ကြာမြင့်လှလေပြီ။ နောက်ဆုံးတော့ ဦးဆောင်မည့်သူ ပေါ်လာပြီ ဖြစ်၏။ သူက နတ်ဘုရားမျိုးနွယ်မှ အားလုံးအား သူ လုကျီတင်းသည် သွေးဆူလွယ်သော စစ်သည်တော်တစ်ယောက် ဖြစ်ရာ ထွက်ပြေးကာ ကြောက်ရွံ့နေမည့် လူကြောက် မဟုတ်ကြောင်း ပြောပြလိုသည်။ ထိုနှစ်များက  သူသည် အင်မော်တယ်လောကမှ ကျင့်ကြံသူများ အသတ်ခံရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ အကယ်၍ သူ လုကျီတင်းက လက်စားမချေရလျှင် သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာပေလိမ့်မည်။

လူသားသစ္စာ (701-900)Where stories live. Discover now