အခန်း (846)

787 146 1
                                    

အခန်း (၈၄၆)  :  ကြောက်မက်ဖွယ် ပါရမီရှင်

“ သူမကို ခေါ်သွားလိုက်တော့ ” ကာဆာနိုက ကြောင်အမ်းနေသည်ကို တွေ့ပြီး ရှားမိသားစု လူက အေးစက်စွာ ရယ်မောလိုက်ပြီး နောက်တစ်ယောက်က ထန်ကျန်းမန်အား ခေါ်ဖို့ ရှေ့တိုးလာသည်။

“ ရွပ် …” အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် သွေးများ စီးကျလာသည်။ ထန်ကျန်းမန်ဆီ သွားနေသော ထိုလူမှာ မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ် လဲကျသွားလေ၏။ သူ့လည်ပင်းမှ သွေးများ စီးကျနေပြီး သုံးလက်မ ရှည်လျားသော ဓားက သူ့နောက် မြေပေါ်တွင် ရှိနေသည်။ ထိုဓားက သူ့လည်ပင်းအား လုံးဝ ထိုးစိုက်ထားမိခြင်း ဖြစ်၏။

လွှမ်းမိုးမှုရှိသည့် အရှိန်အဝါနှင့် အရပ်ရှည်ရှည် အမျိုးသားက လျှောက်လှမ်းလာကာ ကျန်လူအား ကြည့်ရင်း “ ရှားမိသားစုလည်း အာကာသညွှန်ကြားရေး အဖွဲ့ရဲ့ ပါရမီရှင်ကို ခေါ်သွားလို့ မရဘူး ”

“ ဆရာရှီလီ ….” ကာဆာနိုက ထိုလူကို မြင်လိုက်သည့်အခါ စိတ်ပေါ့ပါးစွာ ရေရွတ်လိုက်တော့သည်။

“ ရှီလီ …. မင်းက အာကာသညွှန်ကြားရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်နေရင်တောင် ရှားမိသားစုဝင်ကို မင်းစိတ်ကြိုက် သတ်လို့ မရဘူး ” ကျန်ရှိနေသည့် ရှားမိသားစု အမျိုးသားက ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။

သို့သော်လည်း ရှီလီက ထိုလူအား အာရုံစိုက်မနေဘဲ ထန်ကျန်းမန်ကိုသာ နွေးနွေးထွေးထွေး ကြည့်လိုက်သည်  “ မင်းက မဆိုးဘူးပဲ … မစိုးရိမ်နဲ့တော့။ ရှားမိသားစုက ဘယ်လောက် သတ္တိကောင်းကောင်း အာကာသညွှန်ကြားရေး အဖွဲ့က လူကို ခေါ်သွားလို့မရဘူး။ တာဝန်ခံချုပ် ကာဆာနို ….ထန်ကျန်းမန်အတွက် ကုသရေး အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါဦး။ ပြီးရင် ကျုပ်ကိုယ်တိုင် သူမကို ခေါ်သွားလိုက်မယ် ”

ချီရှုမြို့သို့ လာရာလမ်းတွင် ရှီလီက အားလုံးကို စုံစမ်းစစ်ဆေးခဲ့၏။ ထန်ကျန်းမန်သည် အမှတ်ပြည့်နှင့် အောင်မြင်ထားသောကြောင့် ရှားမိသားစုက သူမကို မျက်စိကျကာ ခေါ်သွားလိုခြင်း ဖြစ်သော်လည်း သူမက သူတို့ရှားမိသားစုဝင် လေးယောက်ကို သတ်ပစ်ခဲ့သည်။ ချီရှုမြို့သို့ ထွက်ပြေးလာစဉ် ရှားမိသားစု လူများ၏ တားဆီးခြင်းကို ထပ်မံ ခံလိုက်ရသည်။

လူသားသစ္စာ (701-900)Where stories live. Discover now