အခန်း (739) Book 53 End

867 139 2
                                    

အခန်း  (၇၃၉)  :  အင်မော်တယ်လောက၏ ထောက်တိုင်များ

မိုဝူကျိ၏ အံ့ဩမှုကို သတိပြုမိပြီး ဝမ်လန်က မြန်မြန် ရှင်းပြလိုက်သည်
“ ငါက မိုးမြေစည်းမျည်းထဲက တာအိုပြောင်းလဲမှုတွေမှာ တုံ့ပြန်လွယ်လို့ပါ။ ငါက ငါ့ထက် အားကောင်းတဲ့ တာအိုအရှိန်အဝါတွေကိုလည်း အာရုံခံနိုင်တယ်လေ။ အင်မော်တယ်လောကရဲ့ အဲဒီ ရေတံခွန်က ရှိနေတာ  နှစ်ပေါင်းများစွာ ကြာလှပြီ။ ဒါပေမဲ့ ရေတံခွန်ရဲ့ ဇာစ်မြစ်ကို အာရုံခံမိပြီးတော့ ငါ့အပိုင် ဖြစ်လာမဲ့ မဟာတာအိုကိုလည်း ရှာတွေ့ခဲ့တယ်။ ဒီနေ့ အဲဒီရေတံခွန်က ငါ့ရဲ့ မှော်ရတနာ ဖြစ်လာခဲ့ပြီးပြီ  …  ”
မိုဝူကျိက အင်မော်တယ် ဧကရီ ဝမ်လန်မှာ ရေတံခွန်မှ ဉာဏ်အလင်းပွင့်ခဲ့ကြောင်းသာ သိထားသော်လည်း အင်မော်တယ်လောကတွင် အမှန်တကယ် ရေတံခွန် ရှိနေမှန်း မသိပေ။ ထိုရေတံခွန်က အင်မော်တယ် ဧကရီ ဝမ်လန်၏ မှော်ရတနာ ဖြစ်လာကြောင်းကို ပိုလို့ပင် မသိပေ။  မည်သို့ပင် ဆိုစေကာမူ အင်မော်တယ် ဧကရီ ဝမ်လန်၏ အရည်အချင်းမှာ အမှန်တကယ် ထိတ်လန့်ဖို ကောင်းလှသည်။
အင်မော်တယ် ဧကရီ ဝမ်လန် စကားအဆုံးတွင် သူမက လက်ကို ဝှေ့လိုက်သည့်အခါ ငွေရောင်မြစ်တစ်စင်း စီးကျလာလေသည်။ ငွေရောင်မြစ်လေးမှာ တကယ့်အစစ်အမှန်၏ အသေးစားပုံစံလေးသာ ဖြစ်သော်လည်း မိုဝူကျိက ကျယ်ပြောခမ်းနားလှသော အရှိန်အဝါနှင့် အဆုံးမဲ့ သဘာဝစွမ်းအားများကို ခံစားမိနေသည်။ ဤမြစ်လေးမှာ ကောင်းကင်ဘုံမှ စီးကျလာဟန် ပေါ်ကာ ဗလာနတ္ထိအဖြစ် စီးဆင်းသွားသည်။
မိုဝူကျိက တစ်ခါတည်းကြည့်ရုံဖြင့် သူ့လေဟုန်ဆန်မြစ် တိုက်ကွက်အတွက် အတွေးသစ် တစ်ခု ပေါ်လာတော့သည်။ သူ့လေဟုန်ဆန်မြစ်တွင် မြစ်၏ သွင်ပြင်လက္ခဏာရှိသော်လည်း မြစ်၏ ဇာစ်မြစ် ပျောက်ဆုံးနေလေ၏။ တချိန်တည်းဆိုသလို  ကျယ်ပြောလှသော တာအို အငွေ့အသက်နှင့် စိတ်ဝိညာဉ်တို့ လစ်ဟာနေသည်။
ဤဉာဏ်အလင်းပွင့်လာမှုက မိုဝူကျိအား သူ့လေဟုန်ဆန်မြစ်တိုက်ကွက်ကို နောက်တဆင့်တိုး၍ နားလည်သွားစေသည်။ သူက ယခု လေဟုန်ဆန်မြစ်ကိုသာ ထုတ်သုံးလိုက်လျှင် သူ့မြစ်မှာ မည်မျှ အားကောင်းလာမလဲ သိချင်မိ၏။
ယခင် သူ့လေဟုန်ဆန်မြစ်မှာ လိန်ဟုန်ကျီ၏ အလေးချိန် သုံးသောင်းရှိ တူကြီးအား မခုခံထားနိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူ့လေဟုန်ဆန်မြစ် ဉာဏ်အလင်းပွင့်မှုကြောင့် လိန်ဟုန်ကျီ၏ အလေးချိန် သုံးသောင်းရှိ တူကြီးနှင့် ယှဉ်နိုင်ပေလိမ့်မည်။
အင်မော်တယ် ဧကရီ ဝမ်လန်က သူမ ရေတံခွန်လေးကို သိမ်းကာ မိုဝူကျိအား ပြုံးကာ ကြည့်လိုက်သည်။
မိုဝူကျိလေးက မတ်တတ်ရပ်ကာ အင်မော်တယ် ဧကရီ ဝမ်လန်အား ဦးညွှတ်လိုက်ရင်း  “ စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူတင်ပါတယ်။ ဒီဂျူုနီယာလေး အများကြီးသင်ယူခဲ့ရပါတယ် ”
အင်မော်တယ်ဧကရီ ဝမ်လန်၏ ရေတံခွန်တွင် သဘာဝ ဖြစ်စဉ်၏ တာအိုသဘောတရားများ ပါဝင်နေလေ၏။ မိုဝူကျိ၏ အသိမြင်မှာ လေဟုန်ဆန်မြစ် တစ်ခုတည်းအပေါ် အခြေခံထားခြင်း မဟုတ်ပေ။ ထိုစဉ် မိုဝူကျိအနေနှင့် အင်မော်တယ် ဧကရီ ဝမ်လန်က သူ့အား လမ်းညွှန်ချက် ပေးနေသည်ကို မသိလျှင် အရူးသာ ဖြစ်သွားပေလိမ့်မည်။
ဝမ်လန်က ညင်ညင်သာသာ ပြောလိုက်သည် 
“ မင်းမှာလည်း မြစ်သဘာဝ လျို့ဝှက်ပညာရပ်ရှိတယ်ဆိုပြီး ကြားထားလို့ မင်းအတွက် ရေတံခွန်ကို ထုတ်ပြလိုက်တာ …. တကယ်တော့ ငါတို့က တာအိုမှာ တူညီတဲ့အချက်တွေ များတယ်။ ငါ့တာအိုက မိုးမြေအောက်က ဖြစ်ပေါ်လာတဲ့ သဘာဝတရားပေါ် အခြေခံထားပြီးတော့ မင်းရဲ့ တာအိုက ပိုပြီး သာမာန်ကျတယ်လို့ ထင်ရတယ်။
အားလုံးက မင်းရဲ့ တာအိုက သာမာန် ဖြစ်လွန်းကြောင်း သိလာလေလေ တကယ်ဖြစ်လာဖို့ နည်းပါးလေလေပဲ …. ”
“ဂျုနီယာလေးက ရှက်ရွံ့မိပါတယ်။ အရင် စူးခရာအင်မော်တယ် ဥယျာဉ်မှာတုန်းက စီနီယာ လေ့လာနေတာကို သတိမပြုမိလိုက်ဘူး ” မိုဝူကျိက တကယ်ကို ရှက်နေမိ၏။
ဝမ်လန်က ရယ်မောကာ  “ အဲဒါက ငါတို့တာအိုက တူလွန်းလို့လေ။ ပြီးတော့ မင်းရဲ့ အာရုံက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခေါင်းဆောင် ရှောင်လီရှီနဲ့ အနှောင်အဖွဲ့ကင်းနန်းတော်ရဲ့ လွန်ချိုက်ဆီ ရောက်နေတာလေ။ ငါ့ဆီမှာလည်း ရက်စက်တဲ့အကြံမျိုးမှ မရှိတာဆိုတော့ မင်း သတိမပြုမိတာ ဖြစ်သင့်ပါတယ် ”
“ စီနီယာ …. ကျုပ်ကို ဒီခေါ်လိုက်တဲ့အကြောင်းအရင်းကို ပြောပြနိုင်မလား ” မိုဝူကျိ၏ သံသယများက ရှင်းလင်းသွားလေ၏။ သူက အင်မော်တယ် ဧကရီ ဝမ်လန်ထံမှ လမ်းညွှန်မှုပင် ရလိုက်သေး၏။ ထို့ကြောင့် သူက ကွေ့ပတ်မပြောနေတော့ဘဲ  ဤနေရာ ခေါ်သည့် အကြောင်းအရင်းကိုသာ တန်းမေးလိုက်တော့သည်။
အင်မော်တယ် ဧကရီ ဝမ်လန်က ရုတ်တရက် မေးလိုက်၏
“ ဆေးလုံးဧကရာဇ်မိုရော အထက်ဘုံက သူတို့ကန့်သတ်ချက်တွေ လျော့ချပြီးတော့ လူတိုးခေါ်လိုက်တဲ့အကြောင်းအရင်းကို သိလား။ အရင်တုန်းက အထက်ဘုံက အင်မော်တယ်လောကရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့မှ ကျိုးပျက်ကမ္ဘာရဲ့ အင်မော်တယ်ဆေးပင်တွေကို ရုတ်တရက်ကြီး ဘာလို့ လိုချင်နေရတာလဲ ”
“ ဂျုနီယာလေးက ညံ့ဖျင်းပါတယ်။ စီနီယာကပဲ ပြောပြပေးပါဗျာ … ပြီးတော့ စီနီယာက ကျုပ်ကို ဝူကျိလို့ ခေါ်လို့ ရပါတယ်။ ဆေးလုံးဧကရာဇ်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူးဗျာ ” အင်မော်တယ် ဧကရီ ဝမ်လန်က သူ့အား အကျိုးကျေးဇူးများစွာ ပြုထားသည့်အတွက် မိုဝူကျိက ဝမ်လန်အပေါ် လေးစားလေ၏။
“ ရပါတယ် …. တကယ်လို့ ဝူကျိလည်း စိတ်မရှိရင် ငါ့ကို စီနီယာအစ်မလို့ ခေါ်လို့ ရပါတယ်။ မင်းရဲ့ နောက်အနာဂတ် အောင်မြင်မှုတွေက ငါ့ထက်တောင် ကြီးကျယ်ဦးမှာဆိုတော့ စီနီယာလို့ မခေါ်လည်း ရပါတယ် ”
ဝမ်လန် စကားပြောဆိုပုံမှာ မိုဝူကျိအား စိတ်အေးသွားစေသည်။ သူမသည်လည်း တည့်တိုးပြောတတ်သူ ဖြစ်ပေသည်။ ပျူဌာ လေးနက်သည့် စကားလုံးများက မိုဝူကျိအား သက်တောင့်သက်သာ ဖြစ်စေ၏။ မဟုတ်လျှင် ဤစကားဝိုင်းက မိုဝူကျိ ထွက်မသွားခင်အထိ  စကားသုံးခွန်းထက် ပိုမည် မဟုတ်ပေ။
ထို့နောက် ဝမ်လန်က ဆက်ပြောလိုက်သည် 
“ အထက်ဘုံမှ ခန့်မှန်းလို့ မရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်။ ကျင်းယူရဲ့ စကားတွေက အနည်းငယ် ရိုင်းပေမဲ့ မမှန်တာတော့ မဟုတ်ဘူး။ အထက်ဘုံရဲ့ နယ်မြေတစ်ခုကို နယ်ခြားမျိုးနွယ်စုက သိမ်းထားလိုက်ပြီ။ အဲဒီ နယ်ခြားမျိုးနွယ်စုက ပိုင်နက်ကိုပါ သိမ်းချင်နေကြတာ။ လက်ရှိ အထက်ဘုံက အရေးသာနေတဲ့ပုံ ပေါက်နေတယ် ”
“ အဲဆို အထက်ဘုံက သူတို့ကန့်သတ်ချက်တွေကို လျော့ခေါ်ပြီးတော့ တပည့်တွေကို လက်ခံနေရတာလဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။
သူက စိုးရိမ်ရမည့် အကြောင်းအရင်း ရှိပေသည်။ ဝမ်ဟို့က  ဖင်းဖန်၏ လူ ဖြစ်ကာ ဝမ်လျန်ရှီးသည် အထက်ဘုံ၏ ရွေးချယ်မှုကို ခံထားရမှန်း သိထား၏။ အကယ်၍ အထက်ဘုံက ထိုတပည့်များအပေါ် အကြံဆိုးများ ရှိနေခဲ့လျှင် ဝမ်လျန်ရှီးအား ဖင်းဖန်ဆီ ရောက်အောင် ခေါ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။
ဝမ်လန်က မိုဝူကျိ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်၏  “ ဝူကျိ … အပြောင်းအလဲ တာအိုဆိုတာကို ကြားဖူးလား ”
“ ဟုတ် ကြားဖူးပါတယ်။ ပြီးတော့ ပိုင်ယဲ့ဆိုတဲ့လူကိုလည်း သိထားပါတယ်။ သူ့ရဲ့ အဲဒီစွမ်းရည်ကလည်း အရမ်းကောင်းတယ်။ သူလည်း အပြောင်းအလဲ တာအိုကို သင်ထားတာ ဖြစ်ရမယ် …. ” မိုဝူကျိက မြန်မြန် ဖြေလိုက်သည်။
“ ဟုတ်တယ် ပိုင်ယဲ့က အဲဒီ ရှေ့ဖြစ်ကိန်း ပညာရပ်မှာ အားကောင်းတာ အမှန်ပဲ။ ဒါပေမဲ့လည်း သူ့စွမ်းရည်က သူ့ရတနာဖြစ်တဲ့ ရှစ်မြောင့်ထောင့် အဝိုင်းလေးကြောင်းပဲ။ အဲဒါကြောင့် သူ့ကို ပညာရှင်အဖြစ်တော့ သတ်မှတ်လို့ မရဘူး။ အင်မော်တယ်လောကမှာ ရှေ့ဖြစ်ကိန်း အပြောင်းအလဲကို ကျွမ်းကျင်တဲ့ တကယ့်ပညာရှင်က မဟာဗောဓိ အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ပဲ ….
  အင်မော်တယ်ရောင်းရင်း စစ်ကျိုက်က အပြောင်းအလဲ တာအိုကို နောက်တဆင့် ရောက်နေပြီ … ”
မိုဝူကျိတို့က နားလည်သွားကြသည်။
ဖြစ်နေသည်က ဤလော့စစ်ကျိုက်မှာ အပြောင်းအလဲတာအို ပညာရှင်တစ်ယောက် ဖြစ်နေတာကိုး ….
အင်မော်တယ် ဧကရီ ဝမ်လန်က သက်ပြင်းချကာ
“ အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ရဲ့ ရှေ့ဖြစ်ကိန်းအရ အင်မော်တယ်လောကက နောက်တစ်ကြိမ် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အင်မော်တယ်နယ်မြေ ဆယ်ခုကနေ ခုနှစ်ခုနဲ့ မြေအောက်ကမ္ဘာ  ဖြစ်လာတဲ့အခေါက်ထက်တောင် ဆိုးလိမ့်မယ် … ”
မိုဝူကျိက လော့စစ်ကျိုက်အား တအံ့တဩ ကြည့်လိုက်သည်။ ဤလူက မဟာဗောဓိ အင်မော်တယ်နယ်မြေအရေးကိုပင် စိတ်မဝင်စားဘဲ ကျင့်ကြံရေး၌သာ စိတ်နှစ်မြှပ်ထားသည်က အင်မော်တယ်လောက နောက်တစ်ကြိမ် ပြိုလဲပျက်စီးလာမည့်အတွက်ကြောင့်လား။
“ ဒီတစ်ကြိမ် အင်မော်တယ်လောကရဲ့ ကပ်ဘေးက အထက်ဘုံကြောင့် ဖြစ်လိမ့်မယ်။ အထက်ဘုံက  ရန်စလို့ မဖြစ်တဲ့ တည်ရှိမှုမျိုး ရန်စမိထားတယ်။ အထက်ဘုံ ကျရှုံးသွားတာနဲ့ အင်မော်တယ်လောကလည်း နောက်က ပါသွားလိမ့်မယ်။ အထက်ဘုံက အဲတည်ရှိမှုကို သွားရန်မစရင်တောင် အဲဒီတည်ရှိမှုက ငါတို့ဆီ ရောက်လာဦးမှာပဲ ….. ဒီတစ်ကြိမ် အထက်ဘုံက တပည့်တွေ အများကြီးလက်ခံတာက သူတို့အားလုံးကို နတ်ဘုရားအကြွင်းအကျန် နယ်မြေဆီ လေ့ကျင့်ရေး ပို့လွှတ်မလို့ပဲ … ”
မိုဝူကျိပင် နှလုံးခုန် မြန်လာကာ မြန်မြန် မေးလိုက်၏  “ နတ်ဘုရား အကြွင်းအကျန် နယ်မြေမှာ လေ့ကျင့်ဖို့ဆိုတာက ဘာကြီးလဲ ”
အင်မော်တယ် ဧကရီ ဝမ်လန်က အနည်းငယ် ခံစားနေရဟန်ဖြင့်  
“ နတ်ဘုရားအကြွင်းအကျန် နယ်မြေဆိုတာက နတ်ဘုရားကမ္ဘာရဲ့ တိုက်ပွဲကွင်းပြင် အကြွင်းအကျန်ပဲ။ အဲဒီမှာ အန္တရာယ်အမျိုးမျိုးနဲ့ ပြည့်နှက်နေတယ်ဆိုပေမဲ့ တာအိုအသိဉာဏ်အမျိုးမျိုးလည်း ရှိနေတယ်။ ပုံမှန်ဆိုရင် ဝင်သွားတဲ့သူတိုင်း သေနိုင်ခြေက ၆၀ ရာခိုင်နှုန်းနဲ့အထက်မှာ ရှိတယ်။ အထက်ဘုံက သူတို့တပည့်တွေကို အဲဒီနေရာဆီ ပို့ပြီးတော့ တစ်နှစ်ကနေ သုံးနှစ်ကြား လေ့ကျင့်ခိုင်းကြတာ …
ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ အထက်ဘုံက အဲဒီနယ်မြေကို ဆယ်နှစ်ကြာ ပိတ်လှောင်ထားပြီးတော့ ဆယ်နှစ်ကြာ အသက်ရှင်တဲ့သူကိုပဲ ထွက်ခွင့်ပေးဖို့ လုပ်ထားကြတယ် ….
အသက်ရှင်တဲ့သူတွေကတော့  အထက်ဘုံရဲ့ ကျင့်ကြံနယ်မြေ ဆယ်ခုမှာ ကျင့်ကြံခွင့် ရကြလိမ့်မယ်။ ဒါပေမဲ့ နတ်ဘုရား အကြွင်းအကျန်နယ်မြေက တကယ်ကို ကြောက်ဖို့ ကောင်းတယ်။ ဆယ်နှစ်ပြီးသွားရင် တပည့် ဆယ်ယောက်မှာ တစ်ယောက်တောင် ရှင်ပါ့မလား မသေချာဘူး။ ဒီတစ်ကြိမ် အထက်ဘုံက အင်မော်တယ်လောကရဲ့ တကယ့် ပါရမီရှင်တွေချည်း ရွေးချယ်သွားတာ ….
သူတို့အားလုံးသာ သေဆုံးသွားရင် အင်မော်တယ်လောကရဲ့ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲ။ အခုကနေစပြီး နောင်နှစ်တွေကြာလာရင် အထက်ဘုံက ဖျက်စီးခံရလိမ့်မယ်။ နယ်ခြားမျိုးနွယ်တွေ ငါတို့အင်မော်တယ်လောကဆီ ကျူးကျော်လာရင် ခုခံမဲ့သူ တစ်ယောက်တောင် ရှိတော့မှာ မဟုတ်ဘူး … ”
“ အဲဆို ဆယ်ရာခိုင်နှုန်းလောက် အသက်ရှင်နေတဲ့ တပည့်တွေကရော … သူတို့တွေသာ အသက်ရှင်ကျန်ရစ်နေတယ်ဆိုရင် တကယ်ကို အံ့ဖွယ်ပဲ မဟုတ်ဘူးလား ” ဝေကျီတောက်က ဝင်ပြောလိုက်သည်။
အင်မော်တယ် ဧကရီ ဝမ်လန်က ဖြည်းညှင်းစွာ ခေါင်းခါပြကာ
“ အင်မော်တယ်ရောင်းရင်း ကျီတောက်က ကိစ္စရဲ့ တစ်ဖက်ကိုပဲ သိတာလေ။ အဲဒီ အသက်ရှင်ကျန်ရစ်နေတဲ့ ဆယ်ပုံတစ်ပုံကို ကျင့်ကြံနယ်မြေတွေမှာ လေ့ကျင့်ပေးပြီးတော့ တိုက်ပွဲဆီ စေလွှတ်မှာလေ။ အထက်ဘုံအတွက် သွေးနဲ့ ဆေးကြောထားတဲ့သူကပဲ စစ်မှန်တဲ့ ပညာရှင်တွေ ဖြစ်လာနိုင်တာ။ တိုက်ပွဲဆီ အပို့ခံလိုက်ရတဲ့ သူတွေထဲ ဆယ်ပုံတစ်ပုံလုံးက အသက်ရှင်နေမှာ မဟုတ်ဘူးလေ … ”
မိုဝူကျိလည်း တိတ်ဆိတ်သွားလေ၏။ အချိန်ခဏကြာပြီးနောက် ပြောလိုက်သည် 
“ စီနီယာအစ်မ ပြောတာက မှန်မှန်း သိပေမဲ့ ကျုပ် စွမ်းဆောင်ရည်က ကန့်သတ်ချက်နဲ့လေ။ အဲလိုအရာမျိုးကို တားဆီးနိုင်မှာ မဟုတ်ဘူး ”
အင်မော်တယ် ဧကရီ ဝမ်လန်က ရှင်းပြလိုက်သည် 
“ ဝူကျိကို တားဆီးပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ အထက်ဘုံက အခုတိုက်ပွဲမှာ အရေးသာနေတယ်ဆိုပေမဲ့ အဓိကလူတွေ ရှေ့မတက်ရင် အထက်ဘုံနဲ့ အင်မော်တယ်လောက နှစ်ခုလုံး ကျရှုံးသွားမယ်ဆိုတာကို သိကြတယ်။ အထက်ဘုံမှာလည်း သူတို့ရဲ့ အပြောင်းအလဲတာအို ကျွမ်းကျင်တဲ့သူတွေ ရှိကြတယ်လေ။
သူတို့က အင်မော်တယ်လောကနဲ့ အထက်ဘုံရဲ့ နောင်အနာဂတ်အတွက် အလွန်အရေးပါတဲ့ လူနှစ်ယောက် ရှိတယ်ဆိုပြီး တွက်ချက်ခဲ့ကြတယ် …. ”
ထိုစဉ် ဝေကျီတောက်က လေးလေးနက်နက် အမူအယာရှိနေလေ၏။ သူက အင်မော်တယ် ဧကရီ ဝမ်လန်သည် အကြောင်းအရင်းမရှိဘဲ ပြောနေလိမ့်မည်ဟု မထင်ပေ “ မိန်းကလေး ဝမ်လန် ပြောချင်တာက အထက်ဘုံက အင်မော်တယ်လောကနဲ့ အထက်ဘုံကို ကာကွယ်ပေးနိုင်မဲ့ လူရှိတယ်ဆိုပြီး ကောက်ချက်ချထားတာလား ”
ထိုစကားများမှာ အယူသီးခြင်းနှင့် လိမ်ညာခြင်းတို့နှင့် မဆိုင်ပေ။ ကောင်းကင်တာအိုတွင် ထူးခြားဆန်းကြယ်မှုများ ပြည့်နှက်နေလေ၏။
အင်မော်တယ် ဧကရီ ဝမ်လန်က လေးလေးနက်နက် အမူအယာဖြင့် 
“ ဟုတ်တယ် … အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တဲ့ …. အင်မော်တယ်လောကရဲ့ အနာဂတ်က သူတိုပေါ် မူတည်နေပြီ။ အမျိုးသားက လိန်ဟုန်ကျီတဲ့၊  အမျိုးသမီးကတော့ ကျီယွဲ့တဲ့လေ …. ကျီယွဲ့ရဲ့ ပါရမီက တော်တော်နိမ့်နေတာက အံ့ဩစရာပဲ ”
ဝမ်လန်က ပြောရင်း မျက်မှောင်ကျုတ်လိုက်သည်။
“ စီနီယာအစ်မ ဝမ်လန် .... တကယ် မဟုတ်ဘူးမလား ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။ သူက လိန်ဟုန်ကျီနှင့် ကျီယွဲ့တို့၏ လုပ်နိုင်စွမ်းကို မယုံကြည်၍ မဟုတ်ဘဲ သူတို့က မည်သို့လူစားမျိုး ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။
လိန်ဟုန်ကျီပင် ဖြစ်စေ၊ ကျီယွဲ့ပင် ဖြစ်စေ သူတို့နှစ်ယောက်လုံးမှာ အရမ်းကို တစ်ကိုယ်ကောင်းဆန်ကြသည်။ ထိုသို့ တစ်ကိုယ်ကောင်းဆန်သည့်သူများက အင်မော်တယ်လောက၏ အထောက်အပံ့ ထောက်တိုင် ဖြစ်လာလိမ့်မည်ဟု မယုံပေ။ အကယ်၍ အင်မော်တယ်လောကသာ ဖျက်စီးခံလိုက်ရပြီး လိန်ဟုန်ကျီနှင့် ကျီယွဲ့တို့အား ပိုကောင်းသည့် ကမ္ဘာသစ်ဆီ သွားနိုင်မည့် အခွင့်အရေးကို ပေးမည်ဆိုလျှင် ထိုနှစ်ယောက်လုံးက တုံ့ဆိုင်းခြင်းမရှိ သွားကြလိမ့်မည်။
ဝမ်လန်က မျက်နှာတည်တည်ဖြင့် ဖြေလိုက်သည် 
“ ဟုတ်တယ် …. အဲဒါက အင်မော်တယ်ရောင်းရင်း စစ်ကျိုက် ကြည့်ပေးထားတာလေ။ အင်မော်တယ်လောကက သူတို့ပခုံးပေါ် ရောက်သွားလိမ့်မယ်။ ဒီနေ့ မင်းကို ခေါ်လိုက်တာက အကြောင်းအရင်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက မင်းကို လိန်ဟုန်ကျီအကြောင်း မေးချင်လို့  …. မင်းကို ကြည့်ရတာ လိန်ဟုန်ကျီနဲ့ သိတဲ့ပုံပဲ …. ”
“ စီနီယာအစ်မက  ကျုပ် လိန်ဟုန်ကျီနဲ့ သိနေတာကို  ဘယ်လိုသိတာလဲ ” မိုဝူကျိက သိချင်စွာ မေးလိုက်၏။
ဝမ်လန်က ပြုံးကာ
“ မင်းနဲ့ လိန်ဟုန်ကျီတို့ တိုက်ပွဲ ဖြစ်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် မူချင်လည်း အဲမှာ ရှိနေတယ်လေ။ သူမက တိုက်ပွဲတစ်ခုလုံးကို မှတ်တမ်းတင်ထားတာ ။ နည်းနည်း ဝေဝါးနေပေမဲ့ မူချင်က မင်းကို မှတ်မိနေတယ်လေ ”
မိုဝူကျိက သက်ပြင်းသာ ချလိုက်တော့သည်။ အင်မော်တယ် ဧကရီ ဝမ်လန်က သူ့တွင် လေဟုန်ဆန်မြစ် တိုက်ကွက် ရှိကြောင်း သိနေသည်မှာ အံ့ဩစရာ  မဟုတ်တော့ချေ။ ထိုအရာကြောင့်သာ ဖြစ်၏။

လူသားသစ္စာ (701-900)Where stories live. Discover now