Synopsis

43K 1.7K 46
                                    

[Unicode]

Description -

မုန့်ယန်ဘဝတွင် ရူးမိုက်မှားယွင်းသည့် အလုပ်များ အများအပြားလုပ်ခဲ့မိသည်။သူ လူရွှင်တော်တစ်ယောက်ပမာ စိတ်ရှုပ်ဖွယ်ကောင်းပြီး မနှစ်မြို့စရာများ ပြုမူခဲ့မိသည်။ သူရဲ့ ဆိုးရွားလှသည့် သေဆုံးခြင်း ပြီးသွားမှသာ သူက  ဇာတ်လိုက် shouကို သရုပ်ကြွစေရန် စာအုပ်တစ်အုပ်ထဲတည်ရှိနေသည့် အရံဇာတ်ဆောင်တစ်ယောက်သာဖြစ်ကြောင်း သိခဲ့ရသည်။

သူမုန်းစရာကိစ္စတွေလုပ်ခဲ့သည်ဆိုပေမဲ့ ဇာတ်လိုက် gongနဲ့ shouကလည်း လုံးဝအပြစ်ကင်းစင်သည်တော့ မဟုတ်ပေ။ ဇာတ်လိုက် gongက သူ့ကို အရင်သစ္စာဖောက်ကာ မင်းသားshouကသူ့ကို ချောက်ချခဲ့သည်။ ဒါကြောင့် သူ ပြန်မွေးဖွားလာ ချိန် ဆုံးဖြတ်ခဲ့သည်...။

ဇာတ်လိုက်gong၏ ချမ်းသာသည့် အဖေကိုလက်ထပ်ပြီး အမွေတွေကို ခွဲယူရန်နှင့် ဇာတ်လိုက်ကို ညီငယ်များပေးရန်...။

သူက စောစောကလေးယူချင်ပေမဲ့ ဒီလူကြီးက တဖြည်းဖြည်းအသက်ကြီးလာပြီဆိုတော့ ခဲယဉ်းလောက်သည်။ ဒါပေမဲ့ သူ မထင်ထားခဲ့တာက ဒီလူကြီးက သန်မာရုံတင်မက ဇာတ်လိုက် gongထက်တောင် ချောမောနေသည်။ထိုရင့်ကျင်သည့်အမျိုးသား၏ တည်ငြိမ်လှသောဘခွန်အားနှင့်ညှို့ဓာတ်က အင်မတန် ဆွဲဆောင်မှုရှိလှ၍ လူတစ်ယောက်မှာ ခြေထောက်များပင် မစေ့နိုင်အောင်...အား သူ ရုတ်တရက်
အမှန်ကိုပြောလိုက်မိပြီ။ သူ ပါးစပ် မစေ့နိုင်ရုံလေးတင်ပါ။

လော့ရှုနှင့် သူ့ဇနီးဟောင်းက စီးပွားရေးအရလက်ထပ်ယူခဲ့ကာ ကွာရှင်းခဲ့တာ နှစ်ပေါင်းများစွာကြာလေပြီ။ သူ သူ့ထက် အင်မတန်ငယ်သည့် ကောင်လေးတစ်ယောက်ကို လက်ထပ်ဖြစ်မည်ဟု လုံးဝမတွေးခဲ့ဖူးပေ။သူက စောင့်ရှောက်ရန် သားနောက်ထပ်တစ်ယောက် ရလိုက်သလိုပင်။

သူ မထင်ခဲ့သည်က ဒီ နူးညံ့ပြီး ပျော့ပျောင်းသည့်ကောင်လေးက အင်မတန် ဆွဲဆောင်မှုရှိကာ  သူ့ကို အလိုလိုက်အောင် ပြုလုပ်နိုင်ပြီး တဖြည်းဖြည်း နှလုံးသားထဲထိ နေရာယူလာမည်ဟုပင်...။

[Zawgyi]

Description -







Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now