၁၂ ။

6.7K 982 54
                                    

[Unicode]

ယွီကျွင်းချန် လော့ရှန်း သူ့ကိုပေးထားတဲ့ ဗီလာဆီ ပြန်လာခဲ့တယ်။ မုန့်ယန်နဲ့ လော့ရှိုးရဲ့ လက်ထပ်မှုအကြောင်း ပြောပြပလိုက်ချိန် တစ်မိသားစုလုံး မယုံကြည်နိုင်မှုနဲ့ ထိတ်လန့်ပုန်ကြတယ်။

"မုန့်ယန်က လော့ရှန်းအဖေနဲ့ လက်ထပ်သွားတယ်တဲ့လား!"
ကျောင်းကျွမ်းက ထိတ်လန့်တကြားပြောလိုက်တယ်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ ဘာလို့ လော့ရှန်းအဖေက မုန့်ယန်ကို လက်ထပ်ရမှာလဲ"

"ဟုတ်တယ်" မုန့်ယန်အဒေါ်ကလည်း မယုံကြည်နိုင်ဖြစ်နေတယ်။
"မုန့်ယန်အသက်နဲ့ လော့ရှန်းအဖေနဲ့က အကွာကြီးကို၊ မုန့်ယန် ဘာတွေဖြစ်နေတာလဲ၊ သူ့အဖေအရွယ်ဖြစ်နိုင်တဲ့သူကို လက်ထပ်တယ်ပေါ့"

ထိတ်လန့်တကြားဖြစ်ပြီးတဲ့နောက် မုန့်ယန်အဒေါ်က ကျိုးကြောင်းတွက်ကြည့်မိတယ်။
"လော့ရှန်းအဖေက... အသက်ကြီးတယ်ဆိုပေမဲ့ သူက လော့လုပ်ငန်းစုရဲ့ ခေါင်းဆောင်လေ၊ သူ့ရုပ်ရည်က ဘယ်လိုပဲဖြစ်ဖြစ် စည်းစိမ်အမွေတွေနဲ့ ခွန်အားကိုကြည့်ရင် သူ့ကိုလက်ထပ်ချင်တဲ့ ယောကျ်ားလေးမိန်းကလေးတွေ အများကြီးရှိမှာပဲ၊ ရုပ်ရည်နဲ့ အချစ်ဆိုတာ စားလို့မရဘူးလေ၊ လူတွေ အသက်ရှင်နေတုန်း စည်းစိမ်ခံစားရဖို့က အရေးကြီးဆုံးကိုး"

"အဲဒါဟုတ်တာပဲ" ယွီကျွင်းချန်အဒေါ်က ပြောလိုက်တယ်။
"ဒီမုန့်ယန် လော့ရှန်းအဖေလက်ထပ်လိုက်တာက အဆင့်တစ်ဆင့်မြင့်သွားတာပဲ၊ လော့လုပ်ငန်းစုရဲ့ ခေါင်းဆောင်ကိုး၊ လော့ရှန်း လော့မိသားစုလုပ်ငန်းစုကို ဆက်ခံဖို့အချိန်ဘယ်လောက်ကြာမလဲမသိဘူး၊ မုန့်ယန်သာ ကလေးတစ်ယောက်ရသွားရင် ဘယ်သူ လော့မိသားစုအမွေကိုဆက်ခံတော့မှာလဲ၊ ဒါမကောင်းဘူးနော်!"

"နင် ဘာတွေလျှောက်ပြောနေတာလဲ"
ကျောင်းကျွမ်းက အတော်လေး မရွှင်မပျဖြစ်သွားတယ်။
"မုန့်ယန် လော့ရှန်းအဖေနဲ့လက်ထပ်တာက ကျွင်းချန်နဲ့လော့ရှန်းစေ့စပ်မှုကို ထိခိုက်စေနိုင်တယ်မထင်ဘူးလား! ကျွင်းချန်ကို နည်းလမ်းကူမရှာပေးချင်ဘဲ မုန့်ယန် လော့ရှန်းအဖေကိုလက်ထပ်တာက ဘယ်လောက်ဉာဏ်ကောင်းသလဲလို့ ဆွေးနွေးနေကြတယ်!"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now