၃၉ ။

4.8K 593 11
                                    

မုန့်ယန် ပထမဆုံး စုတိအတွက် မှိုင်းတိုက်ခြင်း၊ ဆေးစပ်ထားတဲ့ ချိုးရေတွေနဲ့ အစးပ်စိုက်ကုထုံးတွေ ပြင်ပေးလိုက်တယ်။ ဒီနောက်တော့ ညတိုင်း သူ့အိပ်ရာဘေးမှာ ဆေးရနံ့အမွှေးတိုင်ကို ထွန်းပေးပြီး ရလဒ်ကိုကြည့်ဖို့ တစ်လတိတိစောင့်လိုက်တယ်။


သူ့ဆုရ ရေမွှေးရောင်းချမှုက သူကိုယ်တိုင်လုပ်ဖို့ မလိုပေမဲ့ သူ့ရေမွှေးနဲ့ တွဲဖက်လုပ်မဲ့ အမှတ်တံဆိပ်ကိုရွေးဖို့ကိစ္စမျိုးတွေကျ သူရှိနေဖို့လိုတယ်။ ဒါကြောင့် မုန့်ယန် တရုတ်မှာ ခဏသာနေရပြီး နိုင်ငံခြားဆီ သွားဖို့လို​​​ပြန်တယ်။ လော့ရှိုးက ပူးပေါင်းဖို့ ဆန္ဒရှိတဲ့ ကော်ပိုးရေးရှင်း​တွေကိုပြပြီး မုန့်ယန်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အကြံပေးလာခဲ့တယ်။

မုန့်ယန် ကိုယ်ပိုင်ကုမ္ပဏီက တရုတ်မှာဆို နာမည်သိပ်မရှိတာမို့ အရည်အသွေးကိုမြှင့်ချင်တဲ့အခါ နာမည်ကြီး တံဆိပ်နဲ့လက်တွဲပူး​ပေါင်းဖို့လိုအပ်တယ်။ သူတို့က လူငယ်ပြိုင်ပွဲရဲ့အနိုင်ရရေမွှေးပုလင်းပေါ်  နိုင်ငံတကာရေမွှေးအစည်းအရုံးက ဒီဇိုင်းဆွဲထားတဲ့ သရဖူအမှတ်တံဆိပ်တပ်ခွင့်ပေးထားတယ်။ အခု လူတော်တော်များများက ဒီ အနိုင်ရရေမွှေးပုလင်းတွေကို နှစ်တိုင်းစုဆောင်းရတာ သဘောကျလာကြတယ်။ ဒီလိုနည်းနဲ့ အနိုင်ရရေမွှေးက နှစ်တိုင်း ရောင်းကုန်နေတာပဲ။ နာမည်ကြီးရေမွှေးတံဆိပ်ကုမ္ပဏီတွေ​က သူတို့ ဘရန်းတွေပေါ် ဒီသရဖူအမှတ်အသား တပ်ခွင့်ရဖို့ သဘောကျကျကြတယ်။ သူတို့တွေက ဒီစိတ်အားထက်သန်မှုပေါ် အခြေခံပြီးစီးပွားရှာချင်ကြတာပဲ။

မုန့်ယန် စခရင်ပေါ်က ကုမ္ပဏီတွေကိုကြည့်နေရင်း ရုတ်တရက် ရပ်ပြီးမေးလိုက်တယ်။
"ဝမ်ချိုးတဲ့လား၊ ဒါ ဆယ်ဆီရဲ့ ကိုယ်ပိုင် ဘရန်းမလား"

"ဆယ်ဆီရော သူ့ကုမ္ပဏီရောက သူဌေးနဲ့ ပူးပေါင်းချင်ကြတာပါ၊ သူတို့ပေးတဲ့ အခြေအနေတွေကလည်း အတော်လေးရက်ရောတယ်၊ ဆယ်ဆီကလည်းပြောတယ်၊ သူဌေးသာ ဆန္ဒရှိရင် လူချင်းတွေ့ပြီး စကားပြောချင်ပါတယ်တဲ့"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now