၆၃ ။

3.3K 359 1
                                    

နေ့လယ်စာအတွက် စားပွဲဖွင့်ချိန်ရောက်တော့ မွန်းတည့်ဖြစ်လုနီးပါးဖြစ်နေပြီ။ မုန့်ယန် ကလေးကို နာနီလက်ထဲ ခြံထဲမှာပဲထားခဲ့ပြီး လော့ရှိုးနဲ့အတူသွားထိုင်လိုက်တယ်။

ပွဲအခမ်းအနားက ဟင်းပွဲတွေက ငါးကြီးတွေ၊ အသားတွေနဲ့ အဆီရွှဲရွှဲ ဟင်းတွေပါဝင်လေတယ်။ လူတွေအများကြီး စုဝေးတာမို့ ဟင်းပွဲတွေအများကြီး ပြင်ဆင်ထားကြတာ။ မုန့်ယန်ရဲ့ ခံစားသိရှိလွယ်တဲ့ နှာခေါင်းကို မသက်မသာဖြစ်စေပြီး စားချင်စိတ်ပျောက်ဆုံးသွားစေခဲ့တယ်။ မုန့်ယန် စားပွဲပေါ်မှာ ခင်းကျင်းထားတဲ့ အရသာကဲ ဟင်းလျာတွေကို သေချာပေါက်မစားနိုင်တာမို့ မီးဖိုချောင်က သူ့အတွက် အရသာသိပ်မပြင်းတဲ့ ဟင်းလျာတွေ အထူးတလည် ပြင်ပေးထားကြတယ်။

ပန်းကန်လုံးလေးထဲ ထမင်းနည်းနည်းထည့်ပြီး ဂေါ်ဖီထုတ်ဟင်းချိုကို ဇွန်းအပြည့် အကြိမ်ရေအနည်းငယ် ခပ်ထည့်ကာ ပန်းဂေါ်ဖီတစ်ချို့ကို ပန်းကန်လုံးထဲ ထပ်ထည့်ပေးပြီးမှ စားဖို့အတွက် မုန့်ယန်ရှေ့ချပေးလိုက်တယ်။

မုန့်ယန်က သူ့ဇွန်းနဲ့ နည်းနည်းချင်းစားနေတယ်။ လော့ရှိုးက သူ့အတွက် အချိန်တိုင်း ဟင်းသီးဟင်းရွက်တွေ ထည့်ပေးနေလေတယ်။ မုန့်ယန် ခေါင်းယမ်းပြီး ဗိုက်ဝပြီလို့မပြောမချင်းထိ လော့ရှိုးက သူ့အတွက် ဟင်းသီးဟင်းရွက်တွေ ဆက်ထည့်ပေးနေတော့တာပဲ။

လော့မိသားစုဆွေမျိုးသားချင်းတွေ ဒါကိုမြင်သွားကြတယ်။ ဒီသေးငယ်တဲ့အသေးစိတ်လေးတွေကနေ အခု လော့မိသားစုမှာ မုန့်ယန်ရဲ့အနေအထားက ဘာလဲဆိုတာ ရှင်းနေပြီ။

ဒီနေ့ ဆွေမျိုးအများကြီး ရောက်လာကြတယ်။ မုန့်ယန် ဘိုးဘေးတွေကို ကန်တော့ပြီးတဲ့နောက် အနားယူပြီးပြီမို့ ပုန်းလျှိုးဖို့ဆိုပြီး စားပြီးပြီးချင်း သူ့ခြံဝင်းဆီ ပြန်သွားလို့မရတော့ဘူး။ သူ အဲဒီဆွေမျိုးတွေကို စကားပြောဖို့ ဒါမှမဟုတ် သူတို့ပြောချင်တာကိုနားထောင်ဖို့က မလွဲမသွေဖြစ်နေပြီ။ ဒါက လော့မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်ဖြစ်တာမို့ မုန့်ယန် ရှိသင့်ရှိထိုက်တဲ့ လောကဝတ်နဲ့ ယဉ်ကျေးမှုပြုပြီး သူတို့ပြောချင်တာမှန်သမျှပြောခွင့်ပေးထားလိုက်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now