၇၈ ။

2.4K 266 1
                                    

မုန့်ယန် မြင်းစီးရင်း ပြန်ရောက်လာတယ်။ လော့ရှိုးက မတ်တပ်ထရပ်ပြီး လျှောက်လာကာ မုန့်ယန်ကို မြင်းပေါ်ကဆင်းပေးဖို့ ကူညီလိုက်တယ်။ သူ ရေစိမ်တဘက်ကိုယူပြီး နဖူးပေါ်ကချွေးကို သုတ်ပေးလိုက်တယ်။
"ဗိုက်ဆာနေပြီလား"

"နည်းနည်းပါ"
မုန့်ယန်က မျက်လုံးကို မှိတ်ကာ လော့ရှိုးကို မျက်နှာသုတ်ခွင့်ပေးလိုက်တယ်။ နေမင်းက ဒီနေ့ အရမ်းကို တောက်လောင်နေပြီး တကယ်ကိုပူနေတာ။

"အရင် ထမင်းသွားစားပြီး ခဏအနားယူပြီးရင် ကိုယ်တို့ အိမ်ပြန်ကြတာပေါ့"
လော့ရှိုးက ခေါင်းညိတ်ပြီး မုန့်ယန်ရဲ့ ရှက်‌သွေးဖြာတဲ့ မျက်နှာလေးကို နမ်းလိုက်တယ်။

လီယန်တို့ကမြင်းပြိုင်ကွင်းရဲ့ ကလပ်က သီးသန့်အခန်းကို ကြိုတင်ဘိုကင်တင်ထားတယ်။ ခု‌က နေ့လယ်စာစားချိန်ဖြစ်နေပြီ။ သူတို့ ညီအစ်ကိုတွေ သီးသန့် ‌နေ့လယ်စာစားတော့မှာပေမဲ့ ကျောက်တျဲ့ဟောက်တို့က ထွက်သွားဖို့ ရည်ရွယ်ချက်မရှိပုံပဲ။ ဝမ်ရွှမ်းမျက်နှာမပျက်စေဖို့အတွက် လီယန်က သူတို့ကိုဖိတ်လိုက်တော့ ကျောက်တျဲ့ဟောက်တို့က ချက်ချင်းကို သဘောတူတော့တာပေါ့။

  
ကလပ်ဆီရောက်ပြီးတဲ့နောက် မုန့်ယန်က ကိုယ်လက်သန့်စင်ဖို့နဲ့ အဝတ်အစားလဲဖို့ ရေချိုးခန်းဆီ အရင်သွားလိုက်တယ်။ ပြီးတာနဲ့ သီးသန့်အခန်းဆီ လန်းဆန်းစွာနဲ့ အထဲဝင်လာခဲ့တယ်။ ပြီးတော့ ထမင်းစားဖို့ လော့ရှိုးဘေး ထိုင်ချလိုက်တယ်။

ဟင်းပွဲတွေက အဆင်သင့်မဖြစ်သေးတာမို့ ဘယ်သူမှ တူကို မကိုင်ရသေးဘူး။ ဝိတ်တာလေးက လက်ဖဝါးအရွယ် ကျောက်စိမ်းဖြူ ပန်းကန်လုံးလေးတစ်လုံးကို လင်ဗန်းတစ်ချပ်ပေါ်တင်ကာ အထဲဝင်လာပြီး မုန့်ယန်ရှေ့ ချပေးလိုက်တယ်။
 

လီယန်က လော့ရှိုးကို ပြောလိုက်တယ်။
"ဒါက ငါ့ရှောင်ဆောင့်ဇီလေးအတွက် တသီးတသန့်အထူးတလည်ပြင်ပေးထားတာနော်၊ ငါက ဒါစားရတာ သဘောကျတာလေ၊ ကံမကောင်းတာက ဒီနှစ်မိုးနည်းသွားတာပဲ၊ ဒီအရာက စမ်းချောင်းတွေဘေးမှာပဲ ရတာမျိုး၊ ဒါကြောင့် လူတွေကို တောင်အနှံ့ရှာခိုင်းထားတာတောင် ဒီပန်းကန်လုံးစာလေးတစ်လုံးကလွဲ မရခဲ့ဘူး၊ ဒီနေ့ ငါ့အဖိုးတန်လေးကို လက်လွှတ်ပြီး ရှောင်ဆောင့်ဇီကို အရသာမြည်းစမ်းခိုင်းထားတာ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now