၁၅ ။

6.5K 908 47
                                    

မုန့်ယန်နဲ့ လော့ရှိုး လော့ရှန်းနဲ့ယွီကျွင်းချန်ဆီ လျှောက်လာတယ်။ မုန့်ယန် လော့ရှိုးနဲ့မိတ်ဆက်ပေးလိုက်တယ်။
"ယောကျ်ား၊ ဒါ လော့ရှိုးရဲ့ အခုရည်းစားလေ.. ယွီကျွင်းချန်တဲ့"

"ဟဲလို၊ ဦးလေးလော့... ကျွန်တော်က ယွီကျွင်းချန်ပါ" ယွီကျွင်းချန်က စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်တယ်။

လော့ရှိုး စကားမပြောဘဲ ခေါင်းသာညိတ်နေတယ်။

"လော့ရှန်း၊ မင်းအဖေနဲ့ ငါလက္ထပ္တာက မင်းအတွက်လက်ခံဖို့ ခဲယဉ်းလောက်တယ်ဆိုတာသိပါတယ်၊ မင်းအခု ငါ့ကို အဖေလို့မခေါ်နိုင်သေးတာလည်းသိတယ်" မုန့်ယန်က ပြုံးပြီး ဆက်ပြောတယ်။
"ဒါပေမဲ့ ငါမင်းစိတ်အခြေအနေကိုနားလည်ပါတယ်၊ ငါ မင်းအဖေကိုလက်ထပ်သလိုမျိုး မင်းလည်းအသင့်တော်ဆုံးလူနဲ့ လင်ထပ်နိုင်မယ်လို့ မျှော်လင့်မိတယ်၊ ဒီနေ့လက်ထပ်ပွဲလာတဲ့သူတွေထဲ မင်းအတွက်ပိုသင့်တော်သူရှိရင်ရှိသူမှာ၊ မင်းအဖေနဲ့ငါ သေချာကောင်းကောင်းလေး ကူရွေးပေးမယ်"

"မင်း..." လော့ရှန်း ဒေါသပေါက်ကွဲလုနီးပါးဖြစ်သွားပေမဲ့ လော့ရှိုးရဲ့အေးစက်တဲ့မျက်လုံးတွေရှေ့ ဆူပူလို့ကလည်းမရဘူး။ သူ ဒေါသတကြီး လက်သီးခပ်တင်းတင်းသာဆုပ်ထားလိုက်တော့တယ်။ မုန့်ယန်ကို ဒေါသတကြီးစိုက်ကြည့်ရင်း ယွီကျွင်းချန်ကိုသာဖက်ထားကာ လှည့်ထွက်လာခဲ့တယ်။

ယွီကျွင်းချန် ပြန်လှည့်ကြည့်လိုက်တော့ မုန့်ယန်နဲ့အကြည့်ချင်းဆုံသွားခဲ့တယ်။ မုန့်ယန်က သူ့ကိုကြည့်ရင်း မော်ကြွားစွာ တမင်သက်သက်ပြုံးနေလေတယ်။ ယွီကျွင်းချန် ပိုပြီးစိုးရိမ်မိသွားခဲ့တယ်။ မုန့်ယန်ကန့်ကွက်မှုတွေနဲ့သာဆို သူလော့ရှန်းနဲ့လက်တွဲဖို့က ပိုတောင်ခဲယဉ်းသွားပြီ။

တကယ်တော့ မုန့်ယန်မှာ သူတို့ကို ခွဲဖို့ ရည်ရွယ်ချက်မရှိဘူး။ သူက ကိစ္စတွေပြောင်းလဲပြီးရင် သူတို့နှစ်ယောက် အရင်ဘဝတုန်းကလိုမျိုး ချစ်နေဦးမလား မြင်ချင်မိတာ။

လုယွင်ကျင်း နဲ့ သူ့အဖေ၊ အဘိုးလည်းရောက်နေကြတယ်။ မုန့်ယန်က သူတို့ကိုနှုတ်ဆက်ဖို့သွားပြီး လော့ရှိုးကတော့ သူ့သူငယ်ချင်းတွေကိုစကားပြောဖို့ သွားတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now