၃၆ ။

5.1K 652 20
                                    

ပြိုင်ပွဲချိန်စတင်တဲ့အခါ ပွဲစီစဥ်က ပြိုင်ပွဲကျင်းပရာနေရာဆီသွားဖို့ တံခါးဖွင့်ပေးလိုက်ပြီး ပထမဆုံးဆယ်ဆီ့ကို ဖိတ်ပြီးတော့မှ တခြားပြိုင်ပွဲဝင်တွေကို ဝင်ခွင့်ပြုလိုက်တယ်။

ပွဲစီစဥ်သူက ဆယ်ဆီနဲ့ပတ်သတ်ပြီး အင်မတန်ကျေနပ်နေတယ်။ နှစ် နှစ်ဆက်တိုက် အနိုင်ရခဲ့လို့တင် မဖြစ်နိုင်ဘူး။ နောက်အကြောင်းရင်းတစ်ချက်က ဆယ်​ဆီ ဖော်စပ်ခဲ့တဲ့ရေမွှေးက မနှစ်တုန်းက ရောင်းချမှုအမြင့်ဆုံးရရှိခဲ့တယ်။ ဆယ်ဆီ့ကုမ္ပဏီနဲ့ ပွဲစီစဥ်သူနဲ့က ဆက်ဆံရေးရှိတဲ့အတွက် သူတို့ကိုချမ်းသာအောင်လုပ်ပေးနိုင်တဲ့ ဒီလိုဥာဏ်ကြီးရှင်ကို အထူးတလည်ဆက်ဆံမှာက သဘာဝပဲ။

ပြိုင်ပွဲဧရိယာနဲ့ ပွဲလာရောက်သူ နေရာနဲ့က မှန်နဲ့ခြားထားတယ်။ ပြိုင်ပွဲဝင်တွေရဲ့ အနံ့ခံအာရုံက အင်မတန်စူးရှလွန်းတယ်။ သူတို့ကို သာ မခွဲခြားထားရင် လူတွေအများကြီးရှိနေခြင်းက ပြိုင်ပွဲဝင်တွေရဲ့ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်တယ်။ တကယ်တမ်းကျ ဒီလိုရေမွှေးပြိုင်ပွဲမျိုးက စိတ်ဝင်စားစရာမကောင်းလှဘူး။ ဒါပဲမဲ့ ကမ္ဘာအရပ်ရပ်က လာရောက်ကြည့်ရှုသူ အယောက်၁ထောင် လောက်ရှိပြီး အကုန်လုံးနီးပါးက ချမ်းသာတဲ့နောက်ခံတွေနဲ့ပဲ။ ပြိုင်ပွဲဝင်အများစုက သူတို့နိုင်ငံတွေမှာကျော်ကြားသူဖြစ်ပြီး ပရိသတ်တွေက သူတို့ကို အားပေးဖို့ လာရောက်တာဖြစ်ပစေ ဒီနှစ် ချန်ပီယံကိုတွေ့ချင်လို့ လာရောက်တဲ့ ရေမွှေးစွဲလမ်းသူတွေဖြစ်ပစေ  တူညီတာတစ်ခုကတော့ သူတို့အကုန်လုံးဟာ ဆယ်ဆီ့ ပရိသတ်တွေပဲ။

ပြိုင်ပွဲဝင်ဧရိယာနေရာမှာတော့ အနားမညီစတုဂံပုံ စင်မြင့်တွေ ဒါဇင်ကျော်စီရရီထားလေတယ်။ တစ်ခုချင်းစီမှာ ဘူးအညိုနဲ့ထားထားပြီး ရနံ့တစ်မျိုးစီပဲပါတဲ့ရေမွှေးပုလင်း ၂၀၊ ၃၀​ ကျော်ရှိနေတယ်။ ပြိုင်ပွဲဝင်တိုင်း အနံ့ဆယ်မျိုးကနေ ဆယ့်ငါးမျိုးအထိ ရွေးခွင့်ရှိတယ်။ ရွေးပြီးသွားရင် တစ်ဖက်ခြမ်းမှာ ရေမွှေးစပ်ရတယ်။ ပြီးရင် ပင်မဒိုင်လူကြီးတွေက အရင် အမှတ်ပေးပြီး ထိပ်ဆုံး ဆယ်ယောက်ကိုရွေးထုတ်တယ်။ ဒီနောက် ကမ္ဘာအနှံ့နှံ့က ပရိသတ်အယောက် ၁ရာက မဲပေးရွေးချယ်ကြတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now