၁၀ ။

6.9K 1.1K 84
                                    

[Unicode]

မုန့်ယန်နဲ့လုယွင်ကျင်းတို့ရဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးသူတွေက ခုတော့ ယွီကျွင်းချန်သူငယ်ချင်းတွေအဖြစ် လော့မိသားစုအိမ်ရဲ့ အိမ်တွင်းရေကန်ပတ်လည်မှာ စကားစမြည်ပြောနေကြတယ်။

"လော့ရှန်းက မုန့်ယန်နဲ့ တွဲခဲ့တာ၁ နှစ်ကျော်ဆိုပေမဲ့ တစ်ခါမှ ငါတို့ကို ပင်မအိမ်ဆီ မဖိတ်ခဲ့ဖူးဘူး၊ ဒါပေမဲ့ အခု မင်းကိုတွဲကာစပဲရှိသေးတယ်၊ ငါတို့ကို ပျော်ပါးဖို့ ဖိတ်တယ်၊ ကွာခြားချက်က တကယ်ကိုကြီးလွန်းတယ်"

"လော့ရှန်းနဲ့မုန့်ယန်က အချင်းချင်းကစားနေရုံပဲ၊ သူနဲ့ယွီကျွင်းချန်ကမှ လက်ထပ်ဖို့ထိရည်ရွယ်ပြီးတွဲနေတာ၊ မကြာခင်ပဲ စေ့စပ်တော့မှာကို၊ ဟုတ်တာပေါ့ ကွာခြားချက်က ကြီးမားမှာပဲ"

"မုန့်ယန်က ဘယ်ဟာကောင်းလဲ ဘယ်ဟာဆိုးလဲမှမသိတာ၊ ခံစားချက်တွေဆိုတာ နှစ်ဖက်စလုံးအတွက် အရေးကြီးတဲ့အရာပဲ၊ မချစ်ဘူးဆိုရင် မချစ်ဘူးပေါ့၊ ဘာလို့အရှက်ခွဲပြီး ကိစ္စတွေကိုအကျည်းတန်အောင် လုပ်ဖို့လိုလဲ၊ အပြစ်မတင်ဘဲနဲ့ ချောချောမွတ်မွတ် ချည်နှောင်ခဲ့တဲ့ သံယောဇဉ်တွေကို မဖြတ်ဘဲ  လမ်းခွဲတာ ပိုမကောင်းဘူးလား"

"အင်း၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် မာရေကြောရနဲ့လမ်းမခွဲခဲ့ရင် သူငယ်ချင်းတွေဖြစ်နိုင်သေးတာပဲ၊ လော့ရှန်းကို ဒေါသထွက်အောင် လုပ်တာက တကယ်တုံးအရာကျတယ်"

"ငါက သူ့ကို မနာကျင်စေချင်လို့ သူ့ကိုလျှိထားမိပြီး ပြောပြဖို့အခွင့်ကောင်းရှာနေခဲ့တာ၊ ဒါပေမဲ့ သူ့ကိုနာကျင်မိသွားစေသေးတုန်းပဲ" ယွီကျွင်းချန်က ကူကယ်ရာမဲ့စွာပြုံးလိုက်တယ်။
"နောက်ကျ တောင်းပန်လိုက်ဦးမယ်၊ ဒါဆို သူ... သူ စိတ်မဆိုးလောက်တော့ပါဘူး"

အခြားသူတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကျပြီး ဒါကပြောရအတော်ခက်တယ်လို့  တွေးမိကုန်ကြတယ်။ တကယ်လို့ မင်းသူ့ကိုမနာကျင်စေချင်ဘူးရင် အစတည်းက ဒီလိုကိစ္စမျိုး မလုပ်ခဲ့သင့်ဘူး။ ဒါပေမဲ့ ဒီလူတွေက အမှန်တရားကို မျက်ကွယ်ပြုပြီး ယွီကျွင်းချန်ဘက်ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြတဲ့အတွက် သူတို့အတွေးတွေကို စကားလုံးအဖြစ် ထုတ်ပြောလို့မရဘူးပေါ့။ သူတို့က ချက်ချင်း တခြားကိစ္စတွေကိုပြောဖို့ စကားလမ်းကြောင်း ပြောလိုက်ကြတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now