၄၇ ။

4.2K 497 5
                                    

လော့ရှိုး ရေမိုးချိုးပြီးနောက် ကုမ္ပဏီသွားဖို့ ပြင်နေတယ်။ မုန့်ယန် အိပ်ရာပေါ် နှံးချည့်စွာနဲ့ ထိုင်နေတာမြင်တော့ အိပ်ရာဘေးထိုင်ချလိုက်တယ်။ သူ မုန့်ယန်မျက်နှာလေးကို ပွတ်သပ်ပေးကာ စိုးရိမ်တကြီးမေးလိုက်တယ်။
"မသက်မသာဖြစ်နေလို့လား၊ ဆေးစစ်ဖို့ ကိုယ် ကလေးကိုဆေးရုံဆီ ခေါ်သွားမယ်"

သူ့လက်ကိုကိုင်ကာ အပြုံးတစ်ခုနဲ့အတူ မုန့်ာန်ကခေါင်းခါလိုက်တယ်။
"ကျွန်တော် မသက်မသာ မခံစားရပါဘူး၊ နည်းနည်းလေး ပင်ပန်းနေရုံတင်ပါ၊ စာသင်ကာလ တစ်ခုပြီးတော့မှာလေ၊ ခုတေလာ အချိန်တော်တော်ကြာတဲ့အထိ စာကျက်နေမိတာ"

"ဒါဆို ဒီနေ့ကျောင်းမသွားဘဲ အိမ်မှာပဲ အနားယူတော့လေ၊ စာမေးပွဲပဲဖြစ်ဖြစ် အဆင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားကိစ္စတွေပဲဖြစ်ဖြစ် ကလေးခန္ဓာကိုယ်လောက် ဘာမှအရေးမကြီးဘူး၊ သိရဲ့လား"

"သိပါပြီ" မုန့်ယန်က ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော် ဒီနေ့ အိမ်မှာနားပြီး ဘာမှမလုပ်တော့ဘူး၊ မစိုးရိမ်ပါနဲ့၊ ဒီနေ့ မနက်စောစော အရေးကြီးတဲ့ အစည်းအဝေးရှိတယ်လို့ ပြောတယ် မဟုတ္လား၊ သွားတော့လေ'

လော့ရှိုးက မုန့်ယန်မျက်နှာလေးကို ကိုင်ကာ နဖူးလေးကို ခပ်ပြင်းပြင်း နမ်းပြီးမှ ထရပ္ကာ ထွက်သွားလေတယ်။

လော့ရှိုး ကုမ္ပဏီဆီသွားတဲ့နောက် မုန့်ယန် ပျင်းရိနေပြီး အားမရှိသလို ခံစားနေရတယ်။ ဒါပေမဲ့လှဲနေဖို့ကလည်း ပျင်းဖို့ကောင်းတာမို့ စာအုပ်တစ်အုပ်ကိုယူပြီး ပန်းခန်းထဲသွားကာ ဆိုဖာအိပ်ရာပေါ်လှဲရင်း စာအုပ်ဖတ်နေလိုက်တယ်။ တစ်အောင့်ဖတ်ပြီးတာတောင် အာရုံမစိုက်နိုင်တာမို့ ရီမုနဲ့ သီချင်းခပ်တိုးဖွင့်ကာ အနားယူဖို့ မျက်လုံးတွေပိတ်ထားလိုက်တယ်။

ရှောင်ခယ်က မုန့်ယန်ကိုဖုန်းဆက်လာပြီး ကိစ္စရှိလို့တွေ့ချင်တယ် ပြောလာတယ်။ မုန့်ယန် အပြင်မထွက်ချင်တာမို့ ရှောင်ခယ့်ကို ပင်မအိမ်ဆီသာ တန်းလာခိုင်းလိုက်တယ်။

အိမ်အကူရဲ့ လမ်းပြမှုအောက် ရှောင်ခယ် မုန့်ယန်ရဲ့ ပန်းအခန်းထဲ လျှောက်လာခဲ့တယ်။ သူ စိတ်တွေအရမ်းလွင့်ပျံ့နေပေမဲ့ စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်နဲ့တူတဲ့ ဒီလှပထူးခြားတဲ့ ပန်းအခန်းကိုတော့ သေချာကြည့်မိသေးတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now