၁၁ ။

7K 1K 91
                                    

T/N အောက်မှာရှိပါတယ်

လူတိုင်း မုန့်ယန်စကားကြောင့် စကားမပြောနိုင်ဆွံ့အသွားလေတယ်။ လော့စန်း လက်သီးတင်းတင်းဆုပ်ပြီး မုန့်ယန်ကို ဒေါသတကြီး ကြည့်လာတယ်။
"ကြည့်ရတာ မင်း သင်ခန်းစာမရသေးတဲ့ပုံပဲ၊ မင်းရဲ့ သောက်ရူးစကားတွေက ပြီးကိုမပြီးနိုင်တော့ဘူး!"

လော့ရှန်း လက်သီးမြှောက်မြှောက်ခြင်းမှာပဲ ဘေးမှာရပ်နေတဲ့ ကိုယ်ရံတော်က အလျင်အမြန်လှုပ်ရှားလာတယ်။ လော့ရှန်းရဲ့ လက်သီးဆုပ်ကိုဆွဲဖမ်းပြီး မြေကြီးပေါ်ဖိချလိုက်တယ်။

"မင်းကများ ငါ့ကိုတိုက်ခိုက်ရဲတယ်လား!" လော့ရှန်းရင်ထဲ ပိုပြီးဒေါသပေါက်ကွဲသွားပေမဲ့ ဒီကိုယ်ရံတော်က သူ့အဖေနောက်လိုက်တဲ့သူတွေထဲကတစ်ယောက်လို့ မှတ်မိသွားတယ်။ လူအများကြီးရှေ့ မြေကြီးပေါ်ဖိချခံထားရတာက တကယ်ကို အရှက်ရစရာမို့ သူက ရုန်းကန်ရင်း အော်လိုက်တယ်။
"ငါ့ကိုလွှတ်ပေး၊ ငါ့ကိုလွှတ်ပေးလို့ပြောနေတယ်နော်၊ မင်းကြားလား!"

"သခင်လေး" ဦးလေးယွမ်က ရှေ့ဆီလှမ်းလာပြီး ပြောလာတယ်။
"သခင်လေးမုန့်ယန်က သခင်ကြီးနဲ့ လက်ထပ်မှတ်ပုံတင်ပြီးသွားတာ အမှန်ပါ၊ သူတို့ နောက်ကျရင် လက်ထပ်ပွဲ ကျင်းပပါလိ့မ်မယ်၊ သခင်ကြီးက သခင်လေးမုန့်ယန်က အခုလုံလင်းတောင်ရဲ့ပိုင်ရှင်တွေထဲက တစ်ယောက်ဆိုပြီး အမိန့်ပေးပြီးပါပြီ"

"ကြားလား" မုန့်ယန်က လော့ရှန်းကိုကြည့်ပြီး ပြောလိုက်တယ်။
"ငါကအခု ဒီမှာ သခင်တစ်ယောက်ဖြစ်နေပြီပဲ၊ မင်း အနာဂတ်မှာဖြစ်မဖြစ်ကတော့ ဘယ်သူသိမှာလဲ"

"မဖြစ်နိုင်တာ!" လော့ရှန်းမျက်နှာက ရှုံ့တွနေတယ်။
"ငါ့အဖေကဘယ်လိုလုပ် သူ့ကို ရုတ်တရက်လက်ထပ်မှာလဲ! ဒါ လုံးဝကို မဖြစ်နိုင်တာကြီး!!"

"ဖြစ်နိုင် မဖြစ်နိုင်ကတော့ မင်းအဖေကို မင်းသွားမေးလေ" မုန့်ယန်က လှည့်ပြီးပြောလိုက်တယ်။
"ဦးလေးယွမ်၊ ကျွန်တော့်ကို ပင်မအိပ်ခန်းဆီလိုက်ပို့ပေးပါ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now